Saturday, December 20, 2025
Sunday, September 7, 2025
မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး
လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စို
2021-01-25
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇန်နဝါရီ ၁၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေ သုံးသပ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မနေ့က ဆွေး နွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတ ကာက တောင်းဆိုခဲ့ကြတဲ့ ဒီအစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦး ထွန်းထွန်းဦးက မြန်မာပြည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတွေကို ဆောင်ရွက်လာနိုင်တာနဲ့အမျှ လူ့အခွင့် အရေးနဲ့ အခြေခံလွတ်လပ်ခွင့် တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အ စိုးရက စုံစမ်းစစ်ဆေးနေတယ်၊ နိုင်ငံတကာ ကတိကဝတ်တွေကို တာဝန်သိသိ အကောင်အထည်ဖော်ဖို့ အချိန် လိုပါတယ်။ အမုန်းစကား ဖြန့်ချိမှု နဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမှုတွေကိုလည်း အထူးအလေးထား တားဆီးပိတ်ပင်နေပါတယ် စသဖြင့် ပြောကြားခဲ့ပါတယ်။
Thursday, November 21, 2024
မြန်မာ့အရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍကပါဝင်ဖို့ ကုလကို အီးယူ တောင်းဆို
RFA
RFA Burmese
2024.11.20
၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ဥရောပသမဂ္ဂဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့က မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပူးတွဲ ကြေညာချက်ထုတ်ပြန်နေစဉ်။ European Union
ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီရဲ့ ၇၉ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ တခြားလူမျိုးစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မချမှတ်ခင် အဆိုပြု ဆုံး ဖြတ်ချက် တင်သွင်းရာမှာ အီးယူက အခုလို တောင်းဆိုလိုက်တာပါ။
Sunday, November 17, 2024
မြန်မာ့အရေးကို အာရုံစိုက်ဖို့ နိုင်ငံတကာကို သံအမတ်ကြီး တိုက်တွန်း
RFA
RFA Burmese
2024.11.15
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် "အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။Permanent Mission of Myanmar to the United Nations
Friday, April 5, 2024
မြန်မာ့အရေး လုံခြုံရေးကောင်စီ ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေး
RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.04.04
[Update: 1:10 AM, April 05, 2024]
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအကြောင်း တံခါးပိတ်ဆွေးနွေးခဲ့ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့ကတော့ ပထမဆုံးအကြိမ် တံခါးဖွင့် အစည်းအဝေး ကျင်းပခဲ့ပါတယ်။
မြန်မာ့အရေးလုံခြုံရေးကောင်စီဆွေးနွေးပွဲအပေါ် အမြင်သုံးသပ်ချက်
VOA
ငြိမ်းချမ်းအေး
၀၅ ဧပြီ၊ ၂၀၂၄
လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေး မြန်းထားပါတယ်။
Link : Here
Wednesday, January 10, 2024
မြန်မာ့အရေးကို ဆက်ပြီးအာရုံစိုက်မယ်လို့ အင်ဒိုနီးရှားပြော
BBC
ဇန္နဝါရီလ ၁၀ ရက် ၂၀၂၄
ဇန်နဝါရီလ ၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွက် နှစ်စဥ်သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ကြေညာချက်မှာ အခုလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။
Friday, December 22, 2023
မြန်မာ့အရေး ပိုမိုဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် အစိုးရကိုတိုက်တွန်း
VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ ဒီဇင်ဘာ၊ ၂၀၂၃
Tuesday, December 5, 2023
Sunday, November 19, 2023
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအလား အလာ
VOA
တင်မောင်သန်း
၁၈ နိုဝင်ဘာ၊ ၂၀၂၃
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump သာ ပြန်အနိုင်ရခဲ့မယ်ဆိုရင်၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် ဘယ်လို သက်ရောက်နိုင်ပါသလဲ
Tuesday, October 3, 2023
မြန်မာ့အရေး ကုလ ကြိုးပမ်းမှုတွေ အောင်မြင်မှုမရှိကြောင်း SAC-M ပြော
Tuesday, September 26, 2023
မြန်မာ့အရေး ICC ကိုင်တွယ်ဖို့ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး တိုက်တွန်း
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၆ စက်တင်ဘာ၊ ၂၀၂၃
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာနေတာနဲ့ ပြစ်မှု ကျူးလွန်သူ တွေကို အရေးယူခြင်း မရှိတာတွေကြောင့် ဒီကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ် ဖြေရှင်းနိုင် ရေး လုံခြုံရေးကောင်စီက အဆိုပြုပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk က ဒီကနေ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။
Saturday, September 23, 2023
မြန်မာ့အရေးမှာ ရိုဟင်ဂျာပြဿနာပါ ထည့်သွင်းဖြေရှင်းဖို့ အင်ဒို တောင်းဆို
VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ စက်တင်ဘာ၊ ၂၀၂၃
Saturday, July 15, 2023
မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ် အတည်ပြု
RFA
RFA Burmese
2023.07.14
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့အပါအဝင် ဆုံး ဖြတ်ချက် ငါးချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အ ရေး ကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ချမှတ်အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု တွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။
Saturday, March 25, 2023
Thursday, January 12, 2023
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ အခန်းကဏ္ဍ
VOA
ဗွီအိုအေမြန်မာပိုင်း
ခင်မျိုးသက်
၁၂ ဇန္နဝါရီ၊ ၂၀၂၃
၂၀၂၃ မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ကြောင်းနဲ့ ဒီအဖွဲ့ကို သူကိုယ်တိုင်ဦးဆောင်မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဂျကာတာက Fathiyah Wardah သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရဲ့ ဂျကာတာမှာ ဗုဒ္ဓဟူးနေ့က ပြောကြားတဲ့ နှစ်ပတ်လည်မိန့် ခွန်းမှာ မြန်မာ့အရေးကို အထူးပြုပြောကြားသွားပါတယ်။
Tuesday, December 20, 2022
မြန်မာ့အရေးကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းမဲခွဲဖွယ်ရှိ
ဗွီအိုအေမြန်မာပိုင်း
၂၀ ဒီဇင်ဘာ၊ ၂၀၂၂
Saturday, October 15, 2022
မြန်မာ့အရေးက ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာတော့မှာလား
၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ စစ်ပွဲဇုန်တွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ပဋိပက္ခ အကျပ်အတည်းတွေအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါတယ်။ အရပ်သား ပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေ၊ အထူးသဖြင့် စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်း မြို့နယ်မှာ ကျောင်းတစ်ကျောင်းကို ပစ်ခတ်လို့ ကလေးတွေ သေဆုံးခဲ့တဲ့ ကိစ္စတွေဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။ တိုက်ခိုက်မှုကနေ အ သက်ရှင် လွတ်မြောက်လာသူတွေကိုလည်း စစ်တပ်က ဖမ်းဆီးပြီး စာသင်ကျောင်းဟာ တော်လှန်ရေး အင်အား စုတွေရဲ့ ခြေကုပ်စခန်းတစ်ခု ဖြစ်ပါတယ် ဆိုတာမျိုး ဖိအားပေး ထွက်ဆိုစေတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်အရွယ်ပေါင်းစုံ၊ အမျိုးသား၊ အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကအစ အ လွှာပေါင်းစုံက ပြည်သူ ၂၀၀၀ လောက်ဟာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်ပါတယ်လို့ စွပ်စွဲ သတ်ဖြတ်တာ ခံခဲ့ရပြီးပါပြီ။ လူနေအိမ်တွေ၊ ဘာသာရေးနဲ့ ပညာရေး အဆောက် အ အုံတွေ အပါအဝင် ပြည်သူလူထု ပိုင်ဆိုင်မှုပေါင်း ၂၀၀၀၀ ကျော်လည်း ဖြိုချဖျက်ဆီး ခံခဲ့ရပါတယ်။
Friday, April 8, 2022
မြန်မာ့အရေး ဒေါ်လာ သန်း ၄၇ဝ ပေးဖို့ အမေရိကန်အောက် လွှတ်တော် သဘောတူ
လွတ်လပ်တဲ့အာရှအသံ
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.04.07
၂ဝ၂၂ မြန်မာ အက်ဥပဒေ ‘‘Burma Unified through Rigorous Military Accountability Act of 2022’’ or the ‘‘BURMA Act of 2022’’ ကို ဧပြီလ ၆ ရက်နေ့မှာ အမေရိကန်အောက် လွှတ် တော်က အတည်ပြုလိုက်တဲ့ အတွက် အထက်လွှတ်တော်ကလည်း ထပ်မံအတည်ပြုမယ်ဆိုရင် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီးတာ နဲ့ အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။
Sunday, October 24, 2021
မြန်မာ့အရေး အမေရိကန်က အထူးအလေးထား ဆောင် ရွက် နေကြောင်း ဦးကျော်မိုးထွန်းပြော
လွတ်လပ်တဲ့အာရှအသံ
2021-10-24
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အစိုးရအနေနဲ့ ဒီရက်ပိုင်းအတွင်း မြန်မာ့အရေးအတွက် အထူးအလေးထား ဆောင်ရွက်နေတာတွေကို အထင်အရှားတွေ့နေရတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။




.png)
.png)


.png)
.png)

.png)
.png)
.png)
.png)