" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Six Day War. Show all posts
Showing posts with label Six Day War. Show all posts

Monday, October 16, 2023

အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ။ ( Six Day War )

 အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ။ 

( ပထမပိုင်း )
( Six Day War )
( ၁၉၆၇ ခုနှစ် ၊ ဇွန်လ )

ခေတ်သစ်စစ်သမိုင်းတွင် အချိန်အတိုးဆုံးစစ်ပွဲဖြစ်ပြီး အစ္စရေးနိုင်ငံစစ်စွမ်းရည်ကို ကမ္ဘာကတုန်လှုပ်ခဲ့ရသည့် စစ်ပွဲဖြစ်သည်။
အာရပ်_အစ္စရေး_နောက်ခံသမိုင်း 

ကမ္ဘာဦးကျမ်းလာအဆိုများ

 လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်ကဖြစ်သည်။ အေဘရာဟင်၏ သားများဖြစ်ကြသော အစ်ရှ်မေယယ်နှင့် အစ် ဇာယယ် နှစ်ဦးမှတဆင့် အာရပ်နှင့် ဂျူးလူမျိုးများ ဆင်းသက်ပေါက်ဖွားလာကြသည်။ အစ်ရှ်မေယယ်၏ မိခင်မှာ အီဂျစ်ကျွန်အမျိုးသမီးဖြစ်၍ ဖခင်နယ်မြေမှ နှင်ထုတ်ခံရသည်။ အစ်ရှ်မေယယ်သည်တောထဲတွင်နေထိုင်သွား ရ သည်။ ၎င်းမှတဆင့် ဆင်းသက် ပေါက်ဖွားလာသူများကို ဘီဒင်လူမျိုးစုဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယနေ့ အာရပ်လူ မျိုးများ၏ ဆင်းသက်ရာဟု ဆိုသည်။ အစ်ဇာယယ်မှ ပေါက်ဖွားလာသော လူမျိုးစုမှာ ဂျူ းလူမျိုးစု ၁၂ စု ပင်ဖြစ် သည်။ ၎င်းတို့အနက် ၂ စု မှာပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေသော လူမျိုးစု ၂ စု အနက် တစ်စုမှာအင်္ဂလိပ် လူမျိုးများ ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်။ တစ်စုကို တရုတ်ပြည်တွင် တွေ့ရသည်ဟုဆို၏။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */