Showing posts with label ကျေးရွာအုပ်ချုပ်ရေးမှူး. Show all posts
Showing posts with label ကျေးရွာအုပ်ချုပ်ရေးမှူး. Show all posts

Wednesday, October 4, 2023

မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ကောင်စီ က အဖမ်းပြပြီး ပြန်လွတ်ပေး

Western News
အောက်တိုဘာ ၃ .၂၀၂၃

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်‌နေ့က စစ်ကောင်စီ နယ်ခြားစောင့်စခန်းမှ မတရားဖမ်းဆီးသွားသည့် မောင် တောမြို့နယ် ကြက်ရိုးပြင် အုပ်ချုပ်ရေးမှူးမှာ ပြန်လွတ်မြောက်လာပြီဖြစ်သည်ဟု ကြက်ရိုးပြင်ဒေသခံများက ပြောသည်။

ကြက်ရိုးပြင် အုပ်ချုပ်ရေးမှူး ဦးအာနုရ်ဝါမှာ အောက်တိုဘာ ၁ ရက်နေ့တွင် ငန်းချောင်းနယ်ခြားစောင့် ရဲစခန်း မှ ခေါ်ယူခြင်းကို ခံခဲ့ရပြီးနောက် ၁ ရက်အကြာ စစ်ဆေးခံခဲ့ရကာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် ပြန် လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဦးအာနုရ်ဝါနှင့် နီးစပ်သူတစ်ဦးကပြောသည်။ "ဖမ်းသွားတာရယ်လို့ တော့မဟုတ်ဘူး။ စစ်ဆေးဖို့ခေါ်တာလို့သူကပြောတယ်။ အဲ့မှာ စစ်ဆေးပြီး မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင် လောက်မှာ ပြန်လွတ်လာတာ အခုအိမ်မှာပဲ" ဟုပြောသည်။

Tuesday, June 4, 2019

ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ နုတ်ထွက်စာတင်

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၄/ ၂၀၁၉

 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့အား ဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးသည် တာဝန်မှ နုတ်ထွက်စာတင်လိုက်ကြကြောင်း သိရသည်။

Wednesday, March 27, 2019

နုတ်ထွက်စာတင်ထားသော မြောက်ဦးမှ ကျေးရွာအုပ် ချုပ်ရေးမှူး ၆၀ ခန့် တာဝန်ပြန်လည်ထမ်းဆောင်မည်

နုတ်ထွက်စာတင်ခဲ့ သည့် မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ခန့်အနက် ၆၀ ခန့်သည် တာ ဝန်ပြန်လည် ထမ်းဆောင်မည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦး ဖမ်းဆီးခံရပြီးနောက် ကျန်ရှိနေ သေးသည့် ကျေး ရွာအုပ်ချုပ်ရေး မှူးများက နုတ်ထွက်စာတင်ခဲ့ သည်။ ထိုသို့ ဖမ်းဆီးခံရသူ အုပ်ချုပ်ရေးမှူးလေးဦးကို ပြန် လွှတ်ပေးပြီးနောက် အုပ်ချုပ်ရေးမှူး ၆၀ ခန့်က တာဝန် ပြန်လည်ထမ်းဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ကျောက်ကပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ကျော်က ပြောသည်။

Wednesday, March 6, 2019

မြောက်ဦးက ဖမ်းဆီးခံထားရတဲ့ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေ လွှတ်ပေးဖို့တောင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန ၊
2019-03-06
 နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စစ်တွေမြို့မှာ ၂၀၁၉၊ မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Photo: Min Thein Aung/ RFA

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံနေကြရတဲ့ ကျေးရွာအုပ်ချုပ် aရးမှူး ၄ ဦးကို ပြန်လွှတ်ပေးဖို့ နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီနေ့တောင်းဆို လိုက်ပါတယ်

ကျောက်တော်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ် ဦး အသတ်ခံရ

ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၆ ရက်
 ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေကြားတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ကတည်းက ရပ်ရွာ တည်ငြိမ်မှု အားနည်းနေ
 
မတ်လ ၅ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက အုပ်ချုပ်ရေး မှူးဟောင်းတစ်ဦးကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါ တယ်။

Monday, March 4, 2019

မြောက်ဦး ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါး နုတ်ထွက်

VOA 
ဗွီအိုအေ (မြန်မာဌာန) 
နိုင်ကွန်းအိန်၊ 
04 မတ်၊ 2019
 
အုပ်ချုပ်ရေးမှူးများ အဖမ်းခံရတဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့များ။

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး(၁၁)ဦး ဒီကနေ့ နုတ်ထွက်စာ တင်လိုက်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အကြား စစ်ရေး ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ရပ်-ကျေး အုပ် ချုပ်ရေးမှူး တချို့ကို မတရား အသင်း ဆက်သွယ်မှု ပုဒ်မနဲ့ ဖမ်းဆီး တရားစွဲဆိုတာတွေ လုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မြောက်ဦးမြို့က ရပ်-ကျေး အုပ်ချုပ်ရေးမှူး ၉၀ နီးပါး တာဝန်က နုတ်ထွက်ခဲ့သေးတာပါ။ လက်နက်ကိုင် တိုက်ပွဲတွေကြားမှာ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေ အပါအဝင် အရပ်သားပြည်သူတွေ ဖမ်းဆီး တရားစွဲဆို ခံရမယ့်အရေး စိုးရိမ်နေရပြီး လုပ်ကိုင်သွား လာ ရေး အခက်တွေ့ နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေး ပို့ထားပါတယ်။

Sunday, March 3, 2019

ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)နဲ့ အမှုဖွင့်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-02
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးကို ၂၀၁၉၊ မတ်လ ၂ ရက်နေ့က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် ၊Photo: Min Thein Aung/ RFA

ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) (၂) တို့နဲ့ တပ်မတော်က အမှုဖွင့်ထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးက ဒီနေ့ ပြောလိုက်ပါတယ်။

မြောက်ဦးအုပ်ချုပ်ရေးမှူးများ အစုလိုက်နုတ်ထွက်မှု ဂယက်

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန် ၊ 
03 မတ်၊ 2019 
 အုပ်ချုပ်ရေးမှူးများ အဖမ်းခံရတဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့များ။                  
 
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲ အုပ်ချုပ်ရေးမှူးတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးနေတာကြောင့် အုပ်ချုပ်ရေးမှူး ၉၀နီးပါး တပြိုင်နက်တည်း နုတ်ထွက်ရတဲ့အဖြစ်ဟာ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပျက်ယွင်း ရပ်ဆိုင်းသွားနိုင်တဲ့ စိုးရိမ်စရာ အနေအထားဖြစ်ပြီး အခြေအနေဟာ ပိုဆိုးရွားသွားစေနိုင်တယ်လို့ ရခိုင် လွှတ် တော်ကိုယ်စားလှယ်တဦးက သတိပေးပြောဆိုလိုက်ပါတယ်။ ဒေသတွင်း ဥပဒေစိုးမိုးမှုမဲ့နေပြီး ရပ် ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အတွက်တောင် ဘေးကင်းလုံခြုံမှုမပေးနိုင်တဲ့အခြေ အနေဖြစ်နေ တာ ကြောင့် ဒေသခံပြည်သူတွေ အတော်လေးစိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါ တယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Friday, March 1, 2019

မြောက်ဦးမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး လေးဦးကို ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲထား

မဇ္ဈိမ
By ဇေယျာမော်၊
 01 March 2019
 
ရန်ကုန် ၊ မတ် ၁ ။ ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးလေးဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည်ဟု ကြားသိရကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း သာစိန်က ဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */