Naw Theresa
31 August 2021ဩဂုတ်လ ၁၆ ရက် ကဘူးလ်လေဆိပ်တွင် တွေ့ရသည့် အာဖဂန်မိသားစုတစု / Getty Image
အမေရိကန်ကျောထောက်နောက်ခံပြု အာဖဂန်နစ္စတန် တာလီဘန်တို့လက်သို့ ကျရောက်သွားခြင်းသည် ကမ္ဘာ တဝှမ်းတွင် ရိုက်ခတ်မှုများဖြစ်စေခဲ့သည်။ အာဖဂန်အမျိုးသားတပ်မတော် (ANA) အလျှင်အမြန်ပြို လဲ သွားခြင်း ၊ သမ္မတအက်ရှ်ရက်ဖ်ဂါနီ ထွက်ပြေးရခြင်းနှင့် နောက်ဆက်တွဲ ဖရိုဖရဲအခြေအနေများသည် ခန့်မှန်း မရတော့ သည့် ဒေသတွင်းလုံခြုံရေးအခြေအနေတွင် အမေရိကန်အပေါ် ယုံကြည်အားထားနိုင်မှုအပေါ် အရိပ် မည်းထိုး ကျေ စသည်။