VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြား ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် တောင်ပြိုလက်ဝဲရွာနားက ပိုင်ရှင်မဲ့မြေပေါ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာများ။ (ဇွန် ၂၉၊ ၂၀၁၈)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရအကြီးအကဲ Muhammad Yunus (မိုဟာမတ် ယူနုတ်စ်) နဲ့ မနေ့က ဒက္ကာမြို့မှာတွေ့ဆုံပြီး ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းသစ်တွေနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ထောက်ပံ့မှုရရေး ဆွေးနွေးခဲ့ကြပါတယ်။

