" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကိုဝလုံး. Show all posts
Showing posts with label ကိုဝလုံး. Show all posts

Tuesday, May 7, 2019

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်

RFA
2019-05-07
သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ၂၀၁၉ မေလ ၇ ရက်နေ့ကတွေ့ရစဉ်
 
 
နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၅၀၀ ကျော် ဒီနေ့ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ရာမှာ AAPP စာ ရင်းဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပါဝင်လာပြီး အဲဒီထဲမှာ အင်းစိန်အကျဉ်းထောင်ကနေ ရိုက်တာသတင်း ထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာပါတယ်။    

Friday, April 12, 2019

ကုလသမဂ္ဂ သတင်းလွတ်လပ်ခွင့်ဆုကို ရိုက်တာသ တင်းထောက်နှစ်ဦး ရရှိ

Frontier
MYANMAR
ရဲမွန်
Thursday, April 11, 2019
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံထားရသည်မှာ တစ်နှစ်ခွဲကျော်ရှိနေပြီဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ 

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရမှုများနှင့်အတူ ထောင်ချခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂ဝ၁၉ ခုနှစ်အတွက် Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်ရန် ရွေးချယ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ဧပြီ ၁ဝ ရက်တွင် ကြေညာသည်။

Monday, February 4, 2019

မြန်မာ့အရေးဆုံးဖြတ်ချက် အမေရိကန် အထက် လွှတ်တော် တင်သွင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၀၄ ဖေဖော်ဝါရီ၊ ၂၀၁၉

ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာနေရပ်ပြန်ရေးကို တိုက်တွန်းတောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တင်သွင်းခဲ့ပါတယ်။

Friday, February 1, 2019

ရိုက်တာသတင်းထောက်အမှု ပြင်ဆင်ချက်အယူခံ တရားလွှတ်တော်ချုပ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၁ ဖေဖော်ဝါရီ၊ ၂၀၁၉
ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နယူးရောက် မြို့လည်ကောင် Times Square မှာ ဓါတ်ပုံနဲ့ ဂုဏ်ပြုနေကြတဲ့ ရိုက်တာသတင်းဌာနဝန်ထမ်းများ

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျို့ဝှက်ချက် အက် ဥပဒေ ဖောက်ဖျက် မှုနဲ့ ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချထားတဲ့အပေါ် တရားလွှတ်တော် ချုပ်မှာ ဒီကနေ့ပဲ အယူခံတင် သွင်းလိုက်ပါတယ်။ စီရင်ချက်အပေါ် အယူခံကို ရန်ကုန် တိုင်း တရားလွှတ်တော်က ဒီလဆန်းမှာပဲ ပယ်ချလိုက် တဲ့အတွက် အခုနောက် ဆုံး နေပြည်တော်ကပြည်ထောင်စု တရားရုံးချုပ်မှာ အကျိုးဆောင် ရှေ့နေတွေက အယူခံထပ်မံတင်သွင်းခဲ့တာပါ။

ရိုက်တာသတင်းထောက်တွေကို အကွက်ဆင် ဖမ်းခဲ့တာလို့ ထွက်ဆိုသူ ဒုရဲမှူးဟောင်းမိုးရန်နိုင် အကျဉ်းကလွတ်ပြီ

VOA  
 ဗွီအိုအေ (မြန်မာဌာန)
ထက်အောင်ခန့် ၊
01 ဖေဖော်ဝါရီ၊ 2019
ရိုက်တာသတင်းထောက်နှစ်ယောက်ကို အမှုဆင်ဖမ်းကြောင်း သက်သေထွက်ခဲ့၍ ထောင်ကျခဲ့တဲ့ ရဲအရာရှိ မိုးရန်နိုင် နှစ်စေ့ပြီး ပြန်လွတ်လာစဉ်။ (ထက်အောင်ခန့်/ ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ကျခံရမယ့် ထောင်ကျရက် ပြည့်သွားတာကြောင့် ဒီကနေ့မှာပဲ အင်းစိန်ထောင်က ပြန်လွတ်လာပါပြီ။ သူဟာ ရဲစည်းကမ်း ကိုဖောက်ဖျက်တာမျိုး မရှိဖူးဘူးလို့ထောင် ကထွက်ထွက်ချင်းမှာပဲ သတင်းထောက်တွေ ကို ဦးမိုးရန်နိုင်ကပြောပါတယ်။ ဒါ့အပြင် အဲဒီ ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေကို ပြင်ဆင်သင့်တယ်လို့ လည်း ပြောပါတယ်။ ဒီအကြောင်း အင်းစိန်ထောင်ရှေ့မှာ ကိုယ် တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */