ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ တ တိယအကြိမ် ကော်မတီ အစည်းအဝေးကနေ ဒီဆုံးဖြတ်ချက်မူကြမ်းကို မဲမခွဲဘဲ သဘောတူ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
Showing posts with label အတည်ပြု. Show all posts

Saturday, November 19, 2022
ရိုဟင်ဂျာအရေးဆုံးဖြတ်ချက် ကုလမှာ မဲမခွဲဘဲအတည်ပြု
ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ တ တိယအကြိမ် ကော်မတီ အစည်းအဝေးကနေ ဒီဆုံးဖြတ်ချက်မူကြမ်းကို မဲမခွဲဘဲ သဘောတူ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
Friday, November 19, 2021
ရိုဟင်ဂျာနဲ့ လူနည်းစုအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ကုလသမဂ္ဂအတည်ပြု
VOA
ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2021
နိုင်ငံတကာလူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မီတီ က “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူ ကြမ်း”ကို မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
အစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုလိုက်တဲ့ ဒီ ဆုံးဖြတ် ချက်မှာ မြန်မာလူထုက လိုလားတောင့်တတဲ့ ဒီမိုကရေစီအရေးကို အလေးထားပြီး ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးကို ဖော်ဆောင်ဖို့၊ တရားဥပဒေကို လေးစားလိုက်နာဖို့၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည် အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းဖို့ စတဲ့အချက်တွေကို အထွေထွေညီလာခံ ကနေ တောင်းဆိုဖို့ ပါရှိပါတယ်။
ဒီ အဆိုပြုချက်မူကြမ်းကိုတော့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ EUဥရောပ သမဂ္ဂ တို့က ပူးတွဲ တင်သွင်းခဲ့ကြတာပါ။
မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသား ထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ တာနဲ့ ပတ်သက်ပြီး အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ အီးယူကိုယ်စား လှယ်အဖွဲ့ ရုံးက ဆုံးဖြတ်ချက်ချပြီး မကြာခင်မှာ ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခု အဆိုပြုချက်ထဲမှာ ပါဝင်တဲ့ ရာဇဝတ် မှု တွေကို ၂၀၁၆ အောက်တိုဘာလနောက်ပိုင်းမှာ ကျူးလွန်ခဲ့တာလို့ အီးယူရဲ့ ကြေညာချက် မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာအရေးကိစ ္စဟာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ကိစ္စတွေထဲက တခုကြောင်း၊ ဒီကိစ္စကို အားလုံးပါဝင်ပြီး ဘက်စုံထောင့်စုံ ကချဉ်းကပ် အဖြေရှာရမှာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်း ပြီးနောက်အတင်း အကြပ် ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ် မှုတွေနဲ့ ပတ်သက်လို့ မှတ်တမ်း တင်ထားတာတွေ ရှိနေကြောင်းနဲ့ အဲဒီ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန် ခံမှုနဲ့ အရေးယူမှုတွေ လုပ်နိုင် ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းပါကြောင်း မနေ့က တ တိယကော်မတီအစည်းအဝေးအ တွင်း ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူ ကြမ်း” ကို ကုလသမဂ္ဂက မဲခွဲအတည်ပြုတာ ဒီတကြိမ်ထဲတော့ မဟုတ်ပါဘူး။ အီးယူနဲ့ OIC တို့က တင်သွင်း တဲ့ အလားတူ မူကြမ်းကို (၇၅) ကြိမ်မြောက် အထွေထွေညီလာခံက ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၉ မဲ၊ကြား နေမဲ ၂၆ မဲနဲ့ မနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တကြိမ် ဆုံးဖြတ် အတည်ပြုထားပြီး ဖြစ်ပါတယ်။ Link : Here

Thursday, September 26, 2019
မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ မဲခွဲအတည်ပြု
VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 စက်တင်ဘာ၊ 2019
ဒီကနေ့ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာတော့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အဆိုပြု ဆုံး ဖြတ်ချက်ကို မဲခွဲ အတည်ပြုခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ဖက်ကတော့ ဒီ အဆိုပြုချက်ကို ကန့် ကွက်ခဲ့သလို၊ ဆုံးဖြတ်ချက်တွေဟာ တဖက်သပ်ဖြစ်တဲ့သတင်းအချက်အလက်တွေအပေါ် အခြေခံထား တယ်လို့ ချေပခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦး ပြောပြမှာပါ။သားညွန့်ဦး
26 စက်တင်ဘာ၊ 2019
Wednesday, September 25, 2019
မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း ၂ရပ် ကန် အောက်လွှတ် တော်အတည်ပြု
BURMA Act ၂၀၁၉ ဥပဒေမူကြမ်းပြင်ဆင်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၆၃မဲ၊ ကန့်ကွက်မဲ ၁၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ (စက်တင်ဘာလ ၂၄၊ ၂၀၁၉)
ဒီဥပဒေကြမ်းမှာ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေ အပေါ် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဆို့အရေး ယူမှာဖြစ်ပါတယ်။
Subscribe to:
Comments (Atom)
.png)