" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂမ်ဘီယာတရားရေးဝန်ကြီး. Show all posts
Showing posts with label ဂမ်ဘီယာတရားရေးဝန်ကြီး. Show all posts

Monday, May 25, 2020

ICJ မြန်မာအစီရင်ခံစာအပေါ် ဂမ်ဘီယာတရားရေးဝန်ကြီး အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
25 မေ၊ 2020
မစုမြတ်မွန်
ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou
 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ် သက်လို့ မြန်မာအစိုးရက ပထမဆုံးအကြိမ် အစီရင်ခံစာတစောင် ICJ နိုင်ငံတကာတရားရုံးကို တင် သွင်း လိုက်ပါတယ်။ တရားလိုအဖြစ် ICJ မှာ တိုင်ကြားထားတဲ့ ဂမ်ဘီယာ နိုင်ငံကတော့ မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်းလိုက်တဲ့အပေါ် ကြိုဆိုခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ်လည်းဖြစ်၊တရားဝန်ကြီး လည်းဖြစ်တဲ့ Abubacarr Tambadou ကို VOA သတင်းထောက် Carol Guensburg က Skype ကနေ မေးမြန်း ထားတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုမြတ်မွန်က တင်ပြပါမယ်။

Monday, March 9, 2020

ဂမ်ဘီယာ ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ VOA တွေ့ဆုံ မေးမြန်းခန်း

VOA

ဗွီအိုအေ (မြန်မာဌာန)
ဗွီဒီယို
မသိင်္ဂီထိုက်
09 မတ်၊ 2020
ရခိုင်ပြည်နယ်တွင်း အင်တာနက်ဖြတ်တောက်ထားတာက ICJ မှာ ကြားဖြတ် အရေးပေါ်စီမံချက်တွေ အ တိုင်း ဆောင်ရွက်မှု အခြေအနေကို ပထမဆုံးအစီရင်ခံစာ တင်ရတော့မယ့် မြန်မာအတွက် ကောင်းတဲ့ အ ချက်မဟုတ်ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambadou က သတိပေးလိုက် ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် ပြောပြပါမယ်။

Link : Here

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံကြိုဆို

23 ဇန္နဝါရီ၊ 2020

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက်ချက်တွေ ICJ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အပေါ် တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ချအပြီး ဂမ်ဘီယာတရားရေးဝန်ကြီး Aboubacarr Tambadou ကခုလို တုံ့ပြန်ပြောကြားခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */