Showing posts with label ဗလီ. Show all posts
Showing posts with label ဗလီ. Show all posts

Thursday, August 5, 2021

ရွာသားများကို ဗလီ၌ ပိတ်လောင်ထားသည် ဆိုခြင်းမှာ မမှန်ဟု AA ပြော

ဧရာဝတီ
4 August 2021

AA တပ်ဖွဲ့ ဝင်တဦး / ဧရာဝတီ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လက်မရွာဗလီတွင် ရွာသားများကို အစာမကျွေးဘဲ ပိတ်လှောင်ထားသည် ဆိုသော ပြောဆို မှုမှာ မမှန်ကြောင်း ရက္ခိုင်စစ်တပ် (AA) က ပြောသည်။

AA တပ်ဖွဲ့ဝင်များမှာဒေသခံများ၏ တိုင်ကြားချက်ကြောင့် လက်မရွာရှိ လုယက်မှုများ ကျူးလွန်နေသည့် ရာဇ ဝတ်ဂိုဏ်းနှင့် ဆက်စပ်သူများကို ပြီးခဲ့သည့် ဇူလိုင် တတိယအပတ် အတွင်းက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ဧရာဝတီသို့ပြောသည်။

Thursday, May 16, 2019

အစိုးရခွင့်ပြုချက်ရ ဗလီကို ပိတ်ပေးဖို့ အမျိုးသားရေး လူတစု တောင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-15
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်က ပိတ်ထားတဲ့ အစ္စလာမ်ဝတ်ပြုဆောင်အတွင်းက ခြေလက်ဆေးတဲ့နေရာကို ၂၀၁၉ မေ ၁၆ ရက်နေ့က ဖျက်ပေးနေစဉ်


အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝတ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်က ဝတ်ပြု အဆောက်အအုံတစ်ခုကို မေလ ၁၄ ရက်နေ့ညက လူ ရာဂ ဏန်းလောက်က ပိတ်ပင်ဖို့ ဝိုင်းဝန်းခဲ့ကြပါတယ်။

နောက်ဆုံးအခြေအနေတွေကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားပါတယ်။

 
--
လင့်၊https://www.rfa.org/burmese/program_2/muslim-mosque-05152019170541.html

Friday, March 23, 2018

( 23-03-2018 ) ဘူးသီး တောင် ငါးရန်ချောင်း ကျေးရွာ အုပ်စု ၊ ယင်းမရွာ ရှိ ဗလီ ကျောင်း များကို ဖြိုဖျက် ဆီး

ဘူးသီး တောင် ငါးရန်ချောင်း ကျေးရွာ အုပ်စု ၊ ယင်းမရွာ ရှိ ဗလီ ကျောင်း များကို ဖြိုဖျက် ဆီး၍ ဗလီကျောင်း က သစ်ကောင်း သစ်များကို ခိုးယူ သယ်ဆောင် သွားသည်။