" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အိန္ဒိယ. Show all posts
Showing posts with label အိန္ဒိယ. Show all posts

Friday, July 12, 2019

ရခိုင်ပြည်နယ်အတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၂၅ သန်းထောက်ပံ့

DMG
ဝံသ(မောင်တော) | DMG


မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့အကြား ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ အိန္ဒိယက ရခိုင်ပြည်နယ် မှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်တာ ကာလ အတွင်းမှာ အမေရိကန် ဒေါ်လာ ၂၅ သန်းထောက်ပံ့ပေးမယ်လို့ သိရပါတယ်။


Monday, March 4, 2019

နာဂ NSCN-K ဌာနချုပ် မြန်မာ့တပ်မတော် သိမ်းပိုက်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-03
နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အိန္ဒိယနဲ့ နယ်စပ်အနီးက အိန္ဒိယ သူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ဌာနချုပ်ကို မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့သတင်းပတ်အတွင်း ၀က်ရောက်သိမ်းပိုက်လိုက်ကြောင်း အိန္ဒိယ အခြေစိုက် Deccan Chronicle သတင်းက ဖော်ပြပါတယ်။

Saturday, February 23, 2019

မြန်မာဘက်ခြမ်း တိုက်ပွဲတွေကြောင့် အိန္ဒိယနယ်စပ် တွင်အင်အားတိုးဖြည့်

VOA
ဗွီအိုအေ (မြန်မာပိုင်း)၊22 ဖေဖော်ဝါရီ၊ 2019


အိန္ဒိယ မြန်မာနယ်စပ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေ တယ်ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယဘက်ခြမ်းက မီဇိုရမ် ကျေးရွာတွေမှာ အိန္ဒိယတပ်တွေကို စေလွှတ် ချထားလိုက်ကြောင်း ကြာသပတေးနေ့က အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Tuesday, February 19, 2019

မြန်မာနယ်စပ် မှာ အိန္ဒိယလုံခြုံရေးတိုးမြှင့်

VOA
ဗွီအိုအေ (မြန်မာဌာန)

မြန်မာ-အိန္ဒိယ နယ်စပ်

မြန်မာစစ်တပ်နဲ့ ရခိုင်တပ်ဖွဲ့တွေ အကြားတိုက်ခိုက်မှုတွေဖြစ်ပွားနေတာကြောင့် အိန္ဒိယ နဲ့မြန်မာနိုင်ငံ နယ်စပ်ကို အိန္ဒိယ တပ်ဖွဲ့ ၂ခု ထပ်ပြီးစေလွှတ်ထားကြောင်း ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ထုတ် Assam Tribune သတင်းစာမှာဖော် ပြထားပါ တယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Lawngtlai ခရိုင်ကိုစေလွှတ် ထားတာပါ။

Monday, February 11, 2019

ရိုဟင်ဂျာ ဘေးကင်းရေး စောင့်ကြည့်ပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် ပန်ကြား

အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာများ 

ရိုဟင်ဂျာအသိုင်းအဝိုင်း လုံခြုံစိတ်ချစွာနေနိုင်အောင် အကာအကွယ်ပေးသွားမယ်ဆိုတဲ့ မြန်မာအစိုး ရရဲ့ ကတိ တည်ရဲ့လားဆိုတာကို စောင့်ကြည့်ပေးကြဖို့ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကို ဘင်္ဂ လားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာက ရေးသားပါတယ်။

Saturday, February 9, 2019

ရိုဟင်ဂျာများအတွက်လုံခြုံသည့်နယ်မြေတစ်ခုတည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ နိုင်ငံ စောင့် ကြည့်ရန်လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန် ကြီးပြော

Rohingya Today 
ရှား၊ ၀၉-၀၂-၂၀၁၉


အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇) ရက်နေ့က တွေ့ဆုံစဉ်
(ဓါတ်ပုံ - PIB, India)

မြန်မာနိုင်ငံမှ အတင်းအဓမ္မ ဖယ်ရှားခံရသည့် ရခိုင်ပြည်နယ်မှ မြန်မာနိုင်ငံသားများအတွက် ဘေးကင်း လုံ ခြုံ သည့်နယ်မြေတစ်ခုကို ဘင်္ဂလားဒေ့ရှ်က လိုလားပြီး၊ ၄င်းတို့ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးနှင့် ယင်းနယ် မြေ ကို အိန္ဒိယ၊ တရုတ်နှင့် အခြားသော အာဆီယံနိုင်ငံများက စောင့်ကြည့်ရမည်ဟု ဆိုသည်။

Friday, February 8, 2019

ရိုဟင်ဂျာအရေး ဘင်္ဂလားဝန်ကြီး အိန္ဒိယနဲ့ သွား ရောက်ဆွေးနွေး


ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် မြန်မာအစိုးရကို အိန္ဒိယက ကြားဝင်ပြောကြားပေးဖို့ အိန္ဒိယကို ၃ ရက်ခရီးသွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abulkalam Abdul Momen က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကို ကြာသပတေးနေ့မှာ ပန်ကြားလိုက် ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အိန္ဒိယ ကူညီမှု လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော


အိန္ဒိယ၀န်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က တွေ့ဆုံစဉ် 

ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ မူလနေရပ်ကို အဆောတလျင် ပြန်နိုင်ကြ ဖို့ အတွက် အိန္ဒိယရဲ့ ကူညီထောက်ပံ့မှု လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူ မိုမင် က ပြောပါတယ်။

Wednesday, January 23, 2019

AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် အိန္ဒိယ အာဏာ ပိုင်တွေ စိုးရိမ်

                                                          ကင်းစောင့်နေတဲ့ အိန္ဒိယစစ်သားတစ်ဦးကို တွေ့ရစဉ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေအကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အိန္ဒိယနယ်ခြားဒေသနဲ့ နီးကပ်လာနေတဲ့အတွက် အိန္ဒိယအာဏာ ပိုင်တွေက စိုးရိမ်နေတယ်လို့ မနေ့က သတင်းရပါတယ်။

ရိုဟင်ဂျာပြန်ပို့ရေး အောင်မြင်စွာ ဆောင်ရွက်နိုင် မယ် လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး မျှော်လင့်

                                           ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကလေးငယ်တချို့ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဟာစီနာရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen အေ ကေ အဘ်ဒူလ် မိုမင်း က သူတို့နိုင်ငံရောက် ရိုဟင်ဂျာတွေ မြန်မာပြည်ပြန် ပို့ရေးအတွက် တရုတ်ပြည်နဲ့ တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ ဆောင် ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ သူက ရိုဟင်ဂျာ တွေကို ပြန်ခေါ်ရေးအတွက် မြန်မာအစိုးရနဲ့ အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က နှေးကွေးစွာ ဆောင်ရွက်နေတဲ့အတွက် အခက်တွေ့နေတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာ ၃၁ ဦးကို အိန္ဒိယရဲ ဖမ်းဆီး

                                                           နယ်စပ်မှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို အိန္ဒိယရဲ စစ်ဆေးမေးမြန်းနေစဉ်

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဇုံမှာ ရောက်ရှိနေတဲ ရိုဟင်ဂျာမွတ်စလင် ၃၁ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာတွေကို တရားမဝင်ခိုးဝင်လာသူတွေအဖြစ် ဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးလာကြတဲ့ အဲဒီသူတွေကို လက်ခံဖို့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် အာဏာပိုင်တွေအကြား ၂ ကြိမ် တိုင်တိုင် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရပဲ ရှိနေစဉ်မှာ အိန္ဒိယရဲတပ်ဖွဲ့က သက်သေခံအထောက်အထားမဲ့ ခိုးဝင်လာမှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

Sunday, January 20, 2019

အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရိုဟင်ဂျာ ဒုက္ခသည် ၃၁ ဦး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ခွင့်ရရန် စောင့်နေ

ရှား Jan 20, 2019 Rohingya Today


အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဘင်္ဂလားဒ့ရှ်သို့ ဝင်ခွင့်ရရန် စောင့်နေကြသည့် ရိုဟင်ဂျာများ (ဓါတ်ပုံ - Dhaka Tribune)

လွန်ခဲ့သည့် သောကြာနေ့ (ဇန်နဝါရီလ ၁၈) ရက်နေ့မှစ၍ အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘရာဟမ် ဘရီးယားခရိုင် ခယ်စ်ဘာမြို့ရှိ No Man's Land သို့ ကလေး၊ အမျိုးသမီးများ ပါဝင်သည့် ရိုဟင်ဂျာ ၃၁ ဦး ရောက်ရှိလာပြီး၊ ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ခွင့်ရရန် အမိုးအကာမရှိသည့် လယ်ကွင်းပြင် စောင့် ဆိုင်းနေကြသည်။

Friday, January 18, 2019

အိန္ဒိယရောက် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ဆက်လက်ထွက်ပြေး

                                                                အိန္ဒိယကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသည့် ရိုဟင်ဂျာများ

အိန္ဒိယနိုင်ငံထဲရှိနေတဲ့ ရိုဟင်ဂျာထဲက အမျိုးသား ၇ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဖမ်းဆီးပြီး မြန် မာနိုင်ငံဘက် ပြန်ပို့ခဲ့တဲ့ဖြစ်ရပ် နောက်ပိုင်း ၊ ရာပေါင်းများစွာသော အိန္ဒိယက ရိုဟင်ဂျာတွေဟာ မိသား စုတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး သွားကြတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောပါ တယ်။ ဖမ်းဆီးပြန်ပို့ ခံရမှာစိုးတဲ့အတွက် အလားတူ နောက်ထပ်ထွက်ပြေးဖို့ ပြင်ဆင်နေ သူတွေ လည်း ရှိတယ်လို့ ဆိုပါတယ်။ ဟိန္ဒူအမျိုးသားရေးလွှမ်းမိုးတဲ့ လက်ရှိ အိန္ဒိယအစိုးရဟာ ရိုဟင်ဂျာတွေကို တရားမ ဝင် ခိုးဝင်နေထိုင်သူတွေအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့ သူတို့ကို နေထိုင်ခွင့် မပေးပဲ ပြန်ပို့မယ်လို့ ကြေညာထားပါတယ်။

Wednesday, January 16, 2019

အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့ခိုလှုံသည့် ရိုဟင်ဂျာဒုက္ခသည် ၁၃၀ဝ ထိရှိနေ

                                   အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များ၎င်းတို့၏ တဲများရှေ့ ထိုင်နေစဉ် (ဓါတ်ပုံ - Reuters)

ယခုနှစ်စပိုင်းမှစ၍ အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ ခိုလှုံလာသည့် ရိုဟင်ဂျာဒုက္ခသည် အရေ အတွက် ၁၃၀ဝ ရှိနေပြီဟု ဘင်္ဂလားဒ့ရှ်နိုင်ငံရှိ အန်ဂျီအိုအဖွဲ့အစည်းများ၏ တာဝန်ရှိသူတစ်ဦးက ယနေ့ ဇန်န ဝါရီလ (၁၆) ရက်နေ့တွင် တည်ပြုပြောကြားလိုက်သည်။ အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာ နိုင်ငံသို့ လွှဲပြောင်းပေးနေသည်ကို ကြောက်ရွံ့၍ ဘင်္ဂလားဒ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ ခိုလှုံနေကြခြင်း ဖြစ်သည်။

Sunday, January 13, 2019

အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၃၇ ဦး ဘင်္ဂ လားဒေ့ရှ်သို့ ထပ်မံရောက်ရှိ

                                                              အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်များ နေထိုင်သည့် တဲအချို့

အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို မြန် မာနိုင်ငံသို့ ပြန်ပို့နေခြင်းကြောင့် ပြန်ပို့ခံရမည်ကို ကြောက်ရွံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အစုလိုက်အပြုံ လိုက် ဝင်ရောက်ခိုလှုံလျက်ရှိရာ လွန်ခဲ့သည့် ကြာသပတေးနေ့ နှင့် သောကြာနေ့များတွင် ဘင်္ဂလားဒ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ကုသုပါလောင် ဒုက္ခသည်စခန်းသို့ ၃၇ ဦး ထပ်မံရောက်ရှိလာခဲ့သည်။ရောက်ရှိ လာသူ များအား ကုသုပါလောင်ဒုက္ခသည်စခန်းတာဝန်ခံ မိုဟာမတ်ရေ ဇာရုလ်ကရီးမ် က ဂုသုမ်ရှိ ကုလသမဂ္ဂ ဒုက္ခ သည်များ အေဂျင်စီ၏ ယာယီစခန်းသို့ ပို့ဆောင်ခဲ့သည်။ ယင်း ယာယီစခန်းသို့ လွန်ခဲ့သည့် (၈) ရက်အတွင်း အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာ ၁၁၁ ဦး ရောက်ရှိခဲ့သည်ဟု ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ New Age BD သတင်းဌာနက ရေးသားဖော်ပြထားသည်။

Sunday, January 6, 2019

အိန္ဒိယက ရိုဟင်ဂျာတွေ မြန်မာကိုပြန်ပို့တာကို ဖြေရှင်းဖို့ UNHCR တောင်းဆို


 အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းပေးလိုက်တဲ့ ရိုဟင်ဂျာ မိသားစုကို တွေ့ရစဉ်

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နေတာတွေကို ကုလသ မဂ္ဂ ဒုက္ခသည်များအေဂျင်စီ (UNHCR) က ဝမ်းနည်းကြောင်းနဲ့ ရှင်းလင်းချက်ပေးဖို့ ဆက်လက်တောင်း ဆိုကြောင်း UNHCR က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */