" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ- ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label မြန်မာ- ဘင်္ဂလားဒေ့ရှ်. Show all posts

Thursday, September 7, 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှောင်ခိုလုပ်ငန်း

The Tanintharyi Times
September 7, 2023

အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဘဏ် ၂ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ ကို မလုပ်ကိုင် ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကနေ ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ ဘင်္ဂလား ဒေ့ရှ် အခြေစိုက် Daily Sun သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ ဘဏ်တွေဆီ ညွှန်ကြားချက်စာကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေးပို့ခဲ့တာလို့ ဗဟိုဘဏ် တာဝန် ရှိသူတစ် ဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှောင်ခိုလုပ်ငန်း များ ကြီးထွားလာနိုင်

ဧရာဝတီ
3 September 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်
 
ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်လိုက်သဖြင့် နှစ် နိုင်ငံကုန် သည်များ အကြား ငွေပေးချေမှု ခက်ခဲသွားရာ တရားဝင်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်၍ မှောင်ခိုလုပ်ငန်းများ ကြီးထွားလာမည့် အခြေအနေ ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် ( MICB ) တို့၏ ဘဏ်အကောင့်များကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ အရေးယူထားကြောင်းထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */