" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တိုက်ပွဲပြင်းထန်.သတင်း. Show all posts
Showing posts with label တိုက်ပွဲပြင်းထန်.သတင်း. Show all posts

Wednesday, March 6, 2024

ရခိုင်ပြည် မြို့နယ်အတော်များများမှာ တိုက်ပွဲပြင်းထန်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၆ မတ်၊ ၂၀၂၄ 

ရမ်းဗြဲမြို့အနီးတိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကို ရခိုင့်တပ်တော် AA ကထုတ်ပြန် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄) 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AAကြား တိုက်ပွဲကာလ ၃လကျော်အတွင်း မြို့နယ် ၇ ခုနဲ့ စစ်ကောင်စီတပ်စခန်း ၂ဝဝကျော်ကို သိမ်းပိုက်ထားတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ ဒီကနေ့မှာလည်း ရခိုင် ပြည်နယ်က တောင်ကုတ်၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တပ်စခန်းတွေ၊ မြို့နယ်တွေ တခုပြီးတခု ဆုံးရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ မြို့ပေါ်ဒေ သခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */