Showing posts with label ၁၀၂၇ စစ်ဆင်ရေး. Show all posts
Showing posts with label ၁၀၂၇ စစ်ဆင်ရေး. Show all posts

Sunday, January 4, 2026

၁၀၂၇ စစ်ဆင်ရေး တစ်လပြည့် ရက်စွဲမှတ်တမ်း - ဘယ်နေ့မှာ ဘာတွေဖြစ်ခဲ့လဲ

BBC
၁၃ နိုဝင်ဘာ ၂၀၂၃
အသစ်တင်ချိန် ၂၈ နိုဝင်ဘာ ၂၀၂၃

သိန္နီမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတပ်စခန်းအချို့ကို တိုက်ခိုက်ချိန် သိမ်းဆည်းမိတဲ့လက်နက်ကြီးတွေဆိုပြီး ကိုးကန့်တပ်(MNDAA)က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။


မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြုလုပ်တာ ၁ လပြည့်ပြီဖြစ်ပါတယ်။

ညီနောင်မဟာမိတ်တပ်တွေရဲ့တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ စစ်ကောင်စီက ကာကွယ်ရေးနဲ့လုံခြုံရေး အရေးပေါ်အစည်း အဝေးခေါ်ယူခဲ့ရသလို တိုက်ပွဲဖြစ်တဲ့ မြို့နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုမှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပါတယ်။

ဒီစစ်ဆင်ရေး ၁ လတာ ကာလအတွင်းမှာ ကိုးကန့်တပ်က မြောက်ပိုင်းမှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်က ကုန်သွယ်စခန်းအချို့ကို သိမ်းပိုက်ခဲ့သလို ညီနောင်မဟာမိတ်အဖွဲ့ဝင် အေအေ ကလည်း ရခိုင်မှာ စစ်ကောင်စီရဲစခန်းတွေကို သိမ်းပိုက်တာတွေပြုလုပ်ထားပါတယ်။

၁ လအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ ရဲစခန်းတွေအပါအဝင် စခန်းကြီးငယ် ၂၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်တာတွေလုပ်နိုင်ခဲ့တယ်လို့ ဘီဘီစီကို ပြောထားပါတယ်။

 


ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး

မြေပုံကိုနှိပ်ပြီး နောက်ထပ်မြို့များကိုကြည့်ရန် လှည့်ပတ်ပါ။


ဘယ်နေ့မှာ ဘာတွေဖြစ်ခဲ့ပါသလဲ


စစ်ဆင်ရေး စတင်တဲ့ပြီးခဲ့တဲ့ ၁ လအတွင်း ဘာတွေဖြစ်ပျက်ခဲ့ပါသလဲ။ အဓိကကျတဲ့နေ့ရက်တွေနဲ့ ဖြစ်စဥ်တွေကို အောက်မှာ စုစည်းဖော်ပြထားလို့ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ 


 






 


Monday, December 11, 2023

တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

ဧရာဝတီ
by အောင်ဇော်
11 December 2023

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ဘေဂျင်းတွင် ဒီဇင်ဘာလ ၆ ရက်က တွေ့ဆုံစဉ် / MOFA

စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အခြားဒေသများမှ စစ်မြေပြင်များတွင် အ ကြီးအကျယ် ရှုံးနိမ့်နေသောကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လွန်ခဲ့သောလ သို့မဟုတ် ထိုမတိုင်မီကပင် လွန်စွာ သိက္ခာကျနေသည်။ မြောက်ပိုင်းနှင့် အခြားဒေသများမှ တော် လှန်ရေး အင်အားစုများက ဖြစ်ပေါ်စေသည့် ထိုရှုံးနိမ့်မှုများသည် စစ်ကောင်စီအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်း ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အကြီးမားဆုံး စိန် ခေါ်မှုကို ဖြစ်စေသည်။

Monday, November 27, 2023

ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တွင် ရေတပ်က ဆက် တိုက်ပစ်ခတ်နေ

Myanmar Now
November 27, 2023


ပုဏ္ဏားကျွန်းမြို့မစျေး မီးလောင်သွားပြီးနောက် နိုဝင်ဘာ ၂၅ နှင့်၂၆ တွင် စစ်သင်္ဘောက ဒေသတွင်း လှည့်လည် ပစ်ခတ်သလို ဒရုန်းဖြင့်လည်း ဗုံးကြဲ၍ ဒေသခံ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပုဏ္ဏားကျွန်းနှင့်ပေါက်တောမြို့နယ်တို့ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူ ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရသလို အဆောက်အအုံတချို့ မီးလောင်ပျက်စီးကြောင်း သိရသည်။

Monday, November 20, 2023

ကျူးကျော်စစ်ဟု တံဆိပ်ကပ်ကာ စစ်ကောင်စီကတရုတ် ဆန့်ကျင်ရေး မီးစမွှေး

Myanmar Now
ကိုချို
November 20, 2023


ပြီးခဲ့သည့်လက တရုတ်အစိုးရ၏ အာရုံစိုက်သဘောကျစေရေးအတွက် တ ရုတ်နှင့် မဟာပြိုင်ဘက် အမေရိကန်အစိုးရကို အမည်တပ်ကာလူ သိရှင် ကြား ဝေဖန်ခဲ့သည့် စစ်ကောင်စီသည်ယခုလတွင်တော့တရုတ်မုန်းတီးရေး လှုပ် ရှားမှုကို ထပ်မံအသက်သွင်းပြန်သည်။

သီတင်းပတ်အနည်းငယ်အတွင်း ရာနှင့်ချီသော စစ်စခန်းများဆုံးရှုံးခဲ့ပြီးနောက် မြောက်ပိုင်း မဟာ မိတ် သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကို ပြည်ပမှ စွက်ဖက်နေသည်ဟု ဝါဒဖြန့်ချိနေသည့် အာဏာ သိမ်းစစ်တပ်က “ကျူးကျော်စစ်” ဟု စတင်တံဆိပ်ကပ်လိုက်သည်။

Monday, November 13, 2023

"ရခိုင်မှာ အေအေ တိုက်ပွဲ‌ဖော်" ၊ စစ်တပ်နယ်ခြားစောင့် စခန်း တချို့ကို အေအေ ဝင်တိုက်ခိုက်

BBC
၁၃ နိုဝင်ဘာ ၂၀၂၃, 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ ချိန်ခါလီ ကျေးရွာတွေမှာ စစ်ကောင်စီ နယ်ခြား စောင့်စခန်းနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဒီကနေ့မနက်အစောပိုင်း ၄ နာရီခန့်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ‌ရသေ့တောင်ဒေသခံအချို့ကအတည်ပြုပါတယ်။

Sunday, November 12, 2023

၁၂ ရက်အကြာတွင် ကွမ်းလုံကို အပြီးသိမ်းနိုင်ဟု MNDAA ထုတ်ပြန်

 ဧရာဝတီ
MNDAA သိမ်းပိုက်ထားသည့် ကွမ်းလုံမြို့နှင့် စစ်တပ်စခန်းတခု/MNDAA

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရေးအရ ဗျူဟာကျသော ကွမ်းလုံမြို့ကို ၁၂ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီး နောက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် အပြီးသိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် ( MNDAA )က ထုတ်ပြန်သည်။

လောက်ကိုင်ကို တရုတ်အထူးတပ်ဖွဲ့ဝင်ရောက်

BBC
၁၂ နိုဝင်ဘာ ၂၀၂၃,

မြန်မာဘက်ကနေ တရုတ်ကိုလွှဲတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ(ပုံဟောင်း)

လောက်ကိုင်မြို့မှာ ခိုအောင်းနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကို နှိမ်နင်းဖို့ တရုတ်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေကို မြန်မာနိုင်ငံထဲ ပထမဆုံးခြေချခွင့်ပြုလိုက်ပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

နှစ်နိုင်ငံကြားမှာ အရင်တုန်းက နယ်နိမိတ် တိုင်းတာရေး၊ နယ်ခြားစောင့်တပ်များအစည်းအဝေး နဲ့ ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်တွေ ရှိခဲ့ပေမဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ကြုံရနိုင်တဲ့ ဒီလို နှစ်နိုင်ငံအထူးစစ်ဆင်ရေးမျိုး အရင်ကမရှိခဲ့ပါဘူး။

Monday, November 6, 2023

လူတကာပါးစပ်ဖျားရောက် ရှမ်းမြောက်စစ်ပွဲ အကြောင်းရင်း ခံနှင့် အလားအလာ

Myanmar Now
November 4, 2023
 


စစ်ရေးနှင့် နိုင်ငံရေးအရ အလှည့်အပြောင်းတစ်ခုကို ဦးတည်စေနိုင်သည့် ရှမ်းမြောက်စစ်ပွဲများနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းရင်းများ ရှိနေသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ လတ်တလောလွှမ်းမိုးနေသော အကြောင်းအရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ် ပွဲများပင်။​ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ ရုတ်တရက်စစ်ဆင်ရေးကြောင့် အာဏာ သိမ်း စစ်တပ် အရေးမလှဖြစ်နေကာ စစ်စခန်းများစွာလည်း လက်လွတ်ဆုံးရှုံးထားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */