" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အတွင်းဝန်အဆင့်. Show all posts
Showing posts with label အတွင်းဝန်အဆင့်. Show all posts

Wednesday, June 15, 2022

ရိုဟင်ဂျာတွေ နေရပ်ပို့ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အဆင့် အွန်လိုင်းက ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၅ ဇွန်၊ ၂၀၂၂
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပ ဉ္စမအကြိမ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပစဉ်။ (၁၄-၆-၂၀၂၂ ရက်၊ နေပြည်တော်)

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအစည်းအဝေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာန အကြီးတန်းအရာရှိတွေ အင်္ဂါနေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။ အတွင်းဝန်တွေဖြစ်ကြတဲ့ ဦး ချမ်းအေးနဲ့ မစ္စတာ မာစွတ် ဘင် မိုမမ် (Mr. Masud Bin Momen) တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */