Showing posts with label ကြေညာ. Show all posts
Showing posts with label ကြေညာ. Show all posts

Saturday, September 19, 2020

ဖိနှိပ်ခံ ရခိုင်လူမျိုးတွေနဲ့ အတူရှိကြောင်း ရိုဟင်ဂျာ ၂၉ ဖွဲ့ ကြေညာ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-09-17

ကမ္ဘာအနှံ့မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခုက စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်ရက်စက်မှုကို ခံစား နေရတဲ့ ရခိုင်လူမျိုးတွေနဲ့ သူတို့ အတူတကွရှိကြောင်း ကြေညာချက်တစောင်ကို စက်တင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်၊ သြစတေးလျ၊ ဂျပန်၊ နော်ဝေ၊နယ်သာလန်၊ အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ကနေဒါ၊ အမေရိကန်၊ မလေးရှားစတဲ့ ကမ္ဘာအနှံ့အပြားရှိ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခုက စုပေါင်းထုတ်ပြန်တဲ့ကြေညာချက်ကို မြန်မာစစ်တပ်၏ ရာဇဝတ်မှုကျူးလွန်ခြင်းကို ခံနေကြရသည့် ရခိုင်လူမျိုးများနှင့်အတူ ရိုဟင်ဂျာလူမျိုးများ စည်းလုံးညီညွတ်စွာ အတူတကွရပ်တည်လျက်ရှိခြင်း လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာ့တပ်မတော်ရဲ့ ရက် စက် ကြမ်းကြုတ်မှုကို သူတို့ ရိုဟင်ဂျာလူမျိုးတွေလည်း နှစ်များစွာ ခံစားနေရတဲ့အတွက် ရခိုင်လူမျိုးတွေကို စာနာကြောင်း၊ မြန်မာ့တပ်မတော်နဲ့ AA အကြားတိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်နေကြောင်း၊ တပ်မတော်က ထွက်ပြေးလာတဲ့ စစ်သား နှစ်ဦးကို ICC မှာ အခုထိန်းသိမ်းထားပြီး အဲဒီသူတွေကို လွှဲ ပြောင်းပေးရန် ကူညီဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

Saturday, November 23, 2019

စုံစမ်းစစ်ဆေးမှုတွေ စတင်ပြီလို့ ICC ရှေ့နေချုပ် ကြေညာ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ခက်မာ
2019-11-22
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စွဲချက်တင်ရှေ့နေချုပ် Fatou Bensouda ကို တွေ့ရစဉ်
Photo: PETER DEJONG / POOL / AFP
                                      

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စတင်စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ခွင့်ပြုလိုက်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်တော့ မှာဖြစ်ကြောင်း ICC ရှေ့နေ ဖာတူး ဘင်ဆိုဒါ (Fatou Bensouda) က ပြောလိုက်ပါတယ်။

အမှန်တရားကို ဖော်ထုတ်ဖို့ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေဖြစ်အောင် ကြိုးပမ်း သွာ မယ် လို့လည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးအောင် လုပ်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုကို စုံစမ်းခွင့်ပြုဖို့ ရှေ့နေ Bensouda က ဇူလိုင်လ ၄ ရက်နေ့မှာ လျှောက်ထားခဲ့ တာကို ICC က ဒီတစ်ပတ်ထဲမှာပဲ ခွင့်ပြုလိုက်ပြီးနောက် စုံစမ်းမှုတွေစတင်ဖို့ ကြေညာလိုက်တာလည်း ဖြစ် ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */