" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပြန်လွှတ်. Show all posts
Showing posts with label ပြန်လွှတ်. Show all posts

Wednesday, January 13, 2021

နေရာအနှံ့တွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာအများအပြား ထဲမှ ၁၀၅ ဦးကို အကျဉ်းထောင်များမှ ပြန်လွှတ်ပြီး နေရပ် များသို့ ပြန်ပို့

rt
Rohingya Today
မျိုးသူရ
Jan 12, 2021


မောင်တော ။ ။ လူကုန်ကူးသူများ၏ စည်းရုံးလှုံ့ဆော်မှုကြောင့် ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ တရားမဝင် ထွက်ခွာသွားသည့် ရိုဟင်ဂျာများကို ဒေသဆိုင်ရာ အာဏာပိုင်များက နေရာအနှံ့တွင် ဖမ်းဆီးပြီး အကျဉ်း ထောင် များတွင် ထိန်းသိမ်းထားခဲ့သည်။ ထိုကဲ့သို့ ဖမ်းဆီးခံရသူများထဲမှ ရိုဟင်ဂျာ ၁၀၅ ဦးကို စစ်တွေမြို့မှ တဆင့် နေ ရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ဇန်နဝါရီလ (၁၂) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာသို့ ၄၉ ဦး ပြန်လည် ရောက်ရှိလာခဲ့သည်ဟု မြို့ခံများက Rohingya Today သို့ပြောသည်။ ၄၉ ဦးတွင် မောင်တောမြို့နယ် မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၂၃) ဦး၊ ဘူးသီးတောင်မြို့နယ်မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၁၀) ဦး တို့ ဖြစ်ကြ သည်။ ဘူးသီးတောင်မြို့နယ် ၁၈ ဦးကို ရပ်မိရပ်ဖ ဦးရော်ဖိခ်ထံ အပ်နှံခဲ့ပြီး၊ မောင်တောမြို့နယ်မှ (၃၁) ဦးကို ကြယ်လတည်းခိုရိပ်သာနှင့် စိန်ကမ္ဘာ တည်းခိုရိပ်သာတို့တွင် ထားရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူ ရော်မန်ထံ အပ်နှံခဲ့သည်။

Wednesday, October 9, 2019

ခရီးသွားရင်းဖမ်းခံရသူ ရိုဟင်ဂျာ ၃၀ ပြန်လွှတ်ဖို့ HRW တောင်းဆို

09 အောက်တိုဘာ၊ 2019  
ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ခရီးသွားရင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၃၀ ကို ချက် ခြင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံပြီး လွတ်လပ်စွာ သွားလာခွင့်တွေကို ကန့်သတ်ထားတာတွေကို အစိုးရ က ဖယ်ရှားဖို့လည်း ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

Saturday, July 6, 2019

ဆတ်ရိုးကျမှ ဖမ်းဆီးခံသမ္ဗာန်လုပ်သား ၉ ဦး အာမခံ ဖြင့် ပြန်လွတ်လာ

နိရဉ္စရာ
နောင်ခိုင်အောင်
စစ်တွေ၊ ဇူလိုင် ၆/ ၂ဝ၁၉ 


ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဆိပ်ကမ်းမှ သဗ္ဗာန် လှေလုပ်သား ၉ ဦးကို ဇူလိုင် ၅ ရက်နေ့က ဖမ်းဆီးပြီး အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၉ ဦးမှာ ဦးဆန်းဝင်း (၄၁) နှစ်၊ ဦးအောင်ကျော်ထွန်း (၃၂) နှစ်၊ ဦးဘသိန်းချေ (၄၃) နှစ်၊ ဦးရွှေလှ (၄၄) နှစ်၊ ဦးမောင်သိန်းနု (၅၇) နှစ်၊ ဦးစောရွှေသိန်း (၅၃) နှစ်၊ ဦးသိန်းမောင် (၅၂) နှစ်၊ ဦးအငြိမ်းချေ (၅၂) နှစ်နှင့် ဦးကျော်ထွန်းစိန် (၃၁) နှစ်တို့ဖြစ်ကြသည်။

Sunday, June 2, 2019

ပုဏ္ဏားကျွန်းမှာ တပ်မတော်ကခေါ်သွားတဲ့ ရာအိမ်မှူး နှစ်စ်ယောက် ပြန်လွတ်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-02
                                    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ဆိုင်းဘုတ် Photo: RFA


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာသား ရာအိမ်မှူး နှစ်ယောက်ကို မနေ့က တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

Tuesday, May 14, 2019

ဖမ်းဆီးခံ ကျောက်​တန်း​ရွာသားများ အားလုံးကို တပ်မတော် ပြန်​လွှတ်ပေး

DVB
By ဒီဗွီဘီ
13 May 2019

ရခိုင်​ပြည်​နယ်​၊ ရ​သေ့​တောင်​မြို့နယ်​၊​ ကျောက်​တန်း​ကျေးရွာ စာသင်ကျောင်းမှာ တပ်မတော်က ဖမ်းဆီး စစ်​​ဆေး​နေသူတွေထဲက လက်ကျန်ရွာသား ၂၂ ဦးစလုံးကို ​မေလ ၁၃ ရက် ​နေလည်​ပိုင်းမှာ ပြန်လွှတ်​​ပေး လိုက်​ပြီလို့ တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေး ဗိုလ်​မှူးချုပ် ဇော်​မင်းထွန်းက ပြောပါတယ်​။

Monday, May 13, 2019

ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးထား တဲ့ထဲက ကျန်ရှိသူအားလုံးကို လွှတ်ပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-13

AA ပတ်သက်ဆက်နွှယ်မှုမရှိသူ ကျောက်တန်းကျေးရွာသား ၂၁ ဦး ၂ဝ၁၉ ခုနှစ် မေလ ၁၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့စဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ရခိုင်ပြည် နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက နောက်ဆုံးကျန်နေတဲ့ ၂၂ ယောက်လုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။

Saturday, May 11, 2019

ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ် ဆေးနေသူတွေ ထဲက ၂၁ ဦးကို ထပ်လွှတ်ပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-11
ရသေ့တောင်မြို့နယ် အနီးတဝိုက် မြေပုံ
Photo: cincds.gov.mm

ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေရတဲ့ ရခိုင် ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ၂၁ ဦးကို ဒီနေ့ညနေမှာ ပြန်လွှတ် ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */