" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘာသာရေးကော်မရှင်. Show all posts
Showing posts with label ဘာသာရေးကော်မရှင်. Show all posts

Tuesday, March 14, 2023

ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအထောက်အပံ့ ကန်ဘာသာရေး ကော်မရှင်ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန
၁၄ မတ်၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောဇ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၁)

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ အမေရိကန် ဒေါ်လာ ၂၄ သန်းနီးနီး အမေရိကန်အစိုးရက ထပ်မံချထားပေးလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မတ်လ ၁၃ ရက်နေ့ မှာ ကြိုဆိုလိုက်ပါတယ်။

မတ်လ ၈ ရက်နေ့စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၂၆ သန်းချထားလိုက်ပြီး ၂၄ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအ တွက် အစီအစဉ်တွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ ဒုက္ခသည် ၉၈၀,၀၀၀ နီးနီးနဲ့ အိမ်ရှင်အဖြစ်လက်ခံထားတဲ့ ဘင်္ဂလာဒေ့ရ်ှဒေသခံ လူ ၅၄၀,၀၀၀ ကိုပံ့ပိုးမှာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */