Showing posts with label အမေရိကန်အစိုးရ. Show all posts
Showing posts with label အမေရိကန်အစိုးရ. Show all posts

Tuesday, March 22, 2022

ရိုဟင်ဂျာတွေကိုကျူးလွန်မှု လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရသတ်မှတ် ကြေညာ

VOA
ဗွီအိုအေ (မြန်မာဌာန)
21 မတ်၊ 2022 


[[Unicode]]


ရိုဟင်ဂျာတွေကိုကျူးလွန်မှု လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရသတ်မှတ်ကြေညာ

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ် မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။ ဝါရှင်တန် ဒီစီမှာ ဖွင့်လှစ် ထားတဲ့ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု အောက်မေ့ဘွယ်ပြတိုက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ပြတိုက်မှာ ပြထားတဲ့ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုသို့ သွားရာလမ်း ပြပွဲကိုလည်း ကြည့်ရှုခဲ့ပြီးတဲ့နောက် ပြော ခဲ့တာပါ။

Monday, March 21, 2022

မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်အစိုးရ ကြေညာမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.20

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေသော ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။


မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူသား ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်ထားတာတွေကို အမေရိကန်အစိုးရက အကြမ်းဖက်မှုအနေနဲ့သာ သတ်မှတ်ပြောဆိုခဲ့ပေမယ့် အဲဒီလုပ်ရပ်ဟာ Genocide ဆိုတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု မြောက်တယ်လို့ သတ်မှတ်ကြေညာတော့ မယ့် အကြောင်း သတင်းရရှိပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုပြတိုက်မှာ မတ်လ ၂၁ ရက်နေ့ ဒီနေ့ ပြုလုပ်မယ့်ရှင်း လင်း ပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာလိမ့်မယ်လို့ အစိုးရအရာရှိတွေက ရိုက် တာ သတင်းဌာနကို ပြောပါတယ်။

Wednesday, April 29, 2020

ကန် အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ နိုင်ငံစာရင်းမှာ မြန်မာ ပါနေဆဲ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
30 ဧပြီ၊ 2020  
 ၂၀၂၀ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) အစီရင်ခံစာ

မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ် ပြန် တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဆက်လက် ထည့်သွင်းထားဖို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) က တိုက်တွန်း အကြံပြု လိုက် ပါတယ်။

Saturday, August 24, 2019

ပိတ်ဆို့မှုတွေတိုးလုပ်ဖို့ ကန်အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-24

ရိုဟင္ဂ်ာအမ်ိဳးသမီး ဒုကၡသည္မ်ား။
Photo: AFP
■ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက်နေ့ က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ မြန်မာ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တ ခြားသူတွအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက် ကျူး လွန်နေတာဟာ တပ်မ တော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မနေ့က ကြေညာချက် ထုတ် ပြန် ပြောကြားလိုက်ပါတယ်။

Friday, May 3, 2019

အမေရိကန် နိုင်ငံရေးရာဌာနအတွင်းဝန် စစ်တွေသို့ လာရောက်

မဇ္ဈိမ သတင်းဌာန
By မဇ္ဈိမ
03 May 2019
မေ ၃ ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနအတွင်းဝန် ဟေးလ်သည် မြန်မာနိုင်ငံခရီး စဉ်အဖြစ် လာရောက်စဉ်အတောအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၂ ရက်နေ့က သွားရောက်ခဲ့ သည်။

“ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် မလုံခြုံမှုနှင့် ခွဲခြားဆက်ဆံမှုများ ကို ဖြစ်ပေါ်စေခဲ့သည့် အခြေခံအကြောင်းအရင်းပြဿနာများကိုကိုင်တွယ်ဖြေရှင်းရာ၌အမေရိကန်ပြည်ထောင်စုမှ အကူ အညီပေးနိုင်မည့် နည်လမ်းများကို မေးမြန်းဆွေးနွေးခဲ့သည်” ဟု အမေရိကန်သံရုံးမှ ထုတ် ပြန်ထားသည်။ထိုသို့ သွားရောက်ရာတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အပြင် အောင်မင်္ဂလာရပ်ကွက် နေထိုင်သူများနှင့်ပါ တွေ့ဆုံခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ နိုင်ငံရေးရာ အတွင်းဝန် ဒေးဗစ်ဟေလ်သည် မေလ ၁ ရက်နေ့ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး လာရောက်စဉ် အစိုးရ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်း ဆောင်များနှင့် တွေ့ဆုံသွားမည်ဟု အမေရိကန်သံရုံးက ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံရေးရာအတွင်းဝန်၏ ခရီးစဉ်သည် ဧပြီ ၂၉ ရက်နေ့မှ မေ ၆ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ကို လာရောက်သည့် ခရီးစဉ် ဖြစ်သည်။

ယင်းအပြင် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ ဒေသဆိုင်ရာအရေးနှင့် အာဆီယံမှ ဦးစားပေးဆောင်ရွက်နေမှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အတွင်းဝန်သည် မေ ၆ ရက်တွင် ဂျပန်နိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေး၊ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စ ရပ်များကို ဆွေး နွေးသွားမည်ဖြစ်သည်။

Link : Here

Saturday, April 27, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ KOA က အမေရိကန်အစိုးရကို တောင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-26



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေးယိုဆီ ပေးပို့တဲ့ အမေရိကန်ရောက် ကရင်တိုင်းရင်းသားများအဖွဲ့ KOA ရဲ့ ပေးစာ။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကန်အစိုးရအနေနဲ့ အရေး ယူပိတ် ဆို့ဖို့ KOA ခေါ် အမေရိကန်ရောက် ကရင်တိုင်းရင်းသားများအဖွဲ့က မနေ့က တောင်းဆိုလိုက် ပါတယ်။

Thursday, April 25, 2019

သတင်းထောက် ၂ ဦးအယူခံ ပယ်ချမှု ကန်ရှုတ်ချ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
25 ဧပြီ၊ 2019  
ဖမ်းဆီးခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ရဲ့ အယူခံမှုကို ငြင်းပယ်ခဲ့တဲ့ မြန်မာနိုင်ငံ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြင်တင် ရှုုတ်ချခဲ့ပါတယ်။

Friday, April 12, 2019

ICC ကို ကန်ပြည်ဝင်ခွင့် ငြင်းပယ်ဖွယ်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
နိုင်ငံတကာ
12 ဧပြီ၊ 2019
ICC နိုင်ငံတကာ ပြစ်မူဆိုင်ရာခုံရုံး တရားသူကြီး Fatou Bensouda အနေနဲ့ တာဝန်စယူခဲ့တဲ့ ၂၀၁၂ ကနေ စပြီး ဆိုးဝါးမူတွေကြုံခဲ့တဲ့ မာလီ၊ ကိုလမ်ဘီယာနဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတွေကို အချိန်ပေးသွားရောက် ခဲ့ရပေမယ့်၊ မရောက်ဖို့များတဲ့ နိုင်ငံကတော့ အမေရိကန်ပါ။

Wednesday, April 3, 2019

တိုက်ပွဲဖြစ်ဒေသ ပြည်သူတွေအတွက် အမေရိကန် စိုးရိမ်

RFA
လြတ္လပ္တဲ့ အာရွအသံ
2019-04-03
  မြောက်ဦးမြို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို တွေ့ရစဉ်
 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိခိုက်နေတဲ့ ဒေသခံ များ အတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။

Thursday, March 14, 2019

ကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာ ဘာတွေထောက်ပြလဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုရန်နိုင်၊
14 မတ်၊ 2019
 ကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာ
 
၂၀၁၇ ခုနှစ်အတွင်းက ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သီးခြား လွတ် လပ်တဲ့စုံစမ်းမှုတွေအရ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေ ကို ပစ်မှတ်ထားပြီး လူမျိုးစုလိုက်ရှင်း လင်းဖယ်ရှားမှုတွေ လုပ်ခဲ့တဲ့ အထောက်အထားတွေ ထပ် ရရှိထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီနှစ် နှစ်ပတ်လည်လူ့အခွင့်အရေးအစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အစီရင်ခံစာဟာ မြန်မာအရပ် သားအစိုးရနဲ့ ကျူးလွန်သူလုံခြုံရေးအာဏာပိုင်တွေကို သီးခြားခွဲထုတ် ထားတဲ့သဘောတွေ့ရပြီး၊ Genocide ဆိုတဲ့ မျိုးတုံးသတ်ဖြတ်မှုစကားလုံးကိုတောင် သတိထား ရှောင်သုံးထားတာတွေ့ရတယ်လို့ မြန်မာ့လူ့အခွင့် အရေး ဦးဆောင်လှုပ်ရှားသူတဦးက ရှုမြင်ပါတယ်။ Equality Myanmar ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ညွန် ကြားရေးမှုး ဦးအောင်မျိုးမင်းကို ဗွီအိုအေ အဖွဲ့သား ကိုရန်နိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

Wednesday, March 13, 2019

ရိုဟင်ဂျာအထိမ်းအမှတ်နေ့ လှုပ်ရှားသူတွေကန်လွှတ် တော်တွင်း စုဝေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ဦးသိန်းထိုက်ဦး၊
13 မတ်၊ 201
 Rohingya advocacy day
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းမှုတွေကို "Genocide" လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အမေရိကန်အထက်လွှတ်တော်အနေနဲ့ မဲခွဲဆုံးဖြတ်ပေးဖို့နဲ့၊ မြန်မာနိုင်ငံ အ ပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေနဲ့ တိုင်းရင်းသား အခွင့်အရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေပါတယ်။

Friday, March 8, 2019

အမေရိကန်မှာ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-08
“နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ရ နော်ကညောဖောကို အမေရိကန်သမ္မတကတော် Melania Trump (ယာ) နှင့် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဝဲ)တို့ ဆုချီးမြင့်စဉ် 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၉ ခုနှစ်အတွက် “နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ချီးမြင့်ရာမှာ မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော်ကညောဖောလည်း ရရှိသွားပါတယ်။

Wednesday, March 6, 2019

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်က အမေရိကန်ထံ အကူအညီတောင်း

ဧရာဝတီ
By Muktadir Rashid 
6 March 2019
 ဘင်္ဂလားးဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အားလ် မိုင်လာနှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန် တို့ မတ်လ ၃ ရက်နေ့က တွေ့ကြသည် / U.S. Embassy in Dhaka
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားတွင် ခိုလှုံနေသော မြန်မာနိုင်ငံမှ ဒုက္ခသည် တသန်းကျော်ကို ပြန်လည် ပို့ ဆောင်ရေးအတွက် နည်းလမ်း ကူညီရှာဖွေပေးရန် အမေရိကန် ပြည်ထောင်စုအား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန်က မတ်လ ၃ ရက်နေ့က ပြောသည်။

Saturday, February 16, 2019

ရိုဟင်ဂျာအရေး အမေရိကန် ဒေါ်လာသန်း ၆၀ ကူမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
16 ဖေဖော်ဝါရီ၊ 2019 
Cox's Bazar ဒေသ၊ Unchiprang ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာမူဆလင်တွေ ရေသယ်ယူနေစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၁၈)
 
 အမေရိကန်ဟာ ၂၀၁၉ ခုနှစ် Bangladesh ဆိုင်ရာ ကုလသမဂ္ဂ တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ် အရ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ ကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုမှာကူညီမယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က Switzerland နိုင်ငံ Geneva မြို့ကနေ ကြေညာခဲ့ပါတယ်။ ဒီ ငွေကြေး ထောက်ပံ့မှု ဟာ မြန်မာနိုင်ငံကနေ အစုလိုက် အပြုံလိုက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူဆလင် အမျိုးသမီး တွေနဲ့ ကလေးအများစု အပါ အဝင် Bangladeshမှာ ရှိတဲ့ ဒုက္ခသည်ပေါင်း ၉၀၀,၀၀၀ ကျော် ရဲ့ အရေးပေါ် လိုအပ် ချက်တွေ နဲ့ အိမ်ရှင် Bangladesh အဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာလိုအပ်ချက်တွေမှာ ကူညီသွား မှာ ဖြစ်ပါတယ်။

Friday, February 15, 2019

ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာသန်း ၆၀ ထပ်မံကူညီမည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-15
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့ကူညီပေးမယ်လို့ မနေ့က ကြေညာပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */