" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပလက်ဝ. Show all posts
Showing posts with label ပလက်ဝ. Show all posts

Sunday, November 26, 2023

မောင်တောတွင် တိုက်ပွဲဖြစ်၊ ပလက်၀နှင့်ပေါက်တောတို့ တွင်လည်း တိုက်ပွဲပြင်းထန်၊ ပေါက်တောမြို့ မီးလောင်

ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
November 26, 2023


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် ရက္ခိုင့်တပ်တော် (AA) က ရက္ခိုင်ပြည်၊ မောင်တော မြို့နယ်၊ ကိုင်းကြီးစခန်းအနီး စစ်ကောင်စီ၏ နခခ ၄ လက်အောက်ခံတပ်ဖွဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ် ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း သိရှိရသည်။

Tuesday, November 21, 2023

ပုဏ္ဏားကျွန်းနှင့် ပလက်ဝတွင် စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုကြောင့် ‌ဒေသခံ အချို့ ထိခိုက်ဒဏ်ရာရ

Western News|
နိုဝင်ဘာ ၂၁-၂၀၂၃

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းမှ ပစ်ခတ်မှုတို့ ပြုလုပ်ခဲ့သည့် အတွက် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

Saturday, November 18, 2023

ရခိုင်နဲ့ ပလက်ဝမှာ ဒုက္ခသည် နှစ်သောင်းခွဲကျော် တိုးလာ ကြောင်း ကုလထုတ်ပြန်

RFA
RFA Burmese
2023.11.18

ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Narinjara

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ အကြား ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Tuesday, April 30, 2019

AA က ခူမီးချင်းလူမျိုး ၅၂ ဦးကို ခေါ်ဆောင်သွားမှု အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၉

ရခိုင်တပ်မတော် AA က ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတ လင်း (Kangtlang) ကျေးရွာ မှ ခူမီးချင်းတိုင်းရင်းသား (၅၄) ဦး အေအေလက်နက်ကိုင်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ၎င်းတို့စခန်းချရာနေရာ သို့ ကာယကံရှင်တို့၏ဆန္ဒသဘောထားမပါဘဲ ခေါ်ဆောင်သွားခဲ့ပြီး ၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ကာ ၅၂ ဦးကို ပြန်မလွှတ်သေး၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများ ရေး ရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဧပြီလ (၂၈)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်တောင်း ဆို လိုက်သည်။

-----------
 

Thursday, April 11, 2019

မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ချင်းလက်ဝရွာသား ၃ ဦးကို ထောင်ဒဏ်(၃)နှစ်စီချ မှတ်

နိရဉ္စရာ
နောင်ခိုင်အောင်
နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၁၉

ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာမှ မတရားအသင်းဆက်သွယ်မုှုပုဒ်မ ၁၇(၁)(၂)ဖြင့် ဖမ်း ဆီးစစ်ဆေးခံနေရသည့် ဒေသခံ သုံးဦးအား ယနေ့ ဧပြီးလ ၁၀ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ထောင် ၃ နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

Wednesday, April 3, 2019

ကုလားတန်စီမံကိန်းအကြောင်းပြပြီး AA အဖွဲ့ကို ထောက်လှမ်းကြောင်းပြောကြားချက် တပ်မတော် ငြင်းဆို

RFA
 လွတ်လပ်တဲ့ အာရှအသံ
2019-04-03
 မဝေမာထွန်း
  AA က ဆုထူးစံကုမ္ပဏီဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ပြမြေပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားစဉ်


 မြန်မာ့တပ်မတော်ဟာ စစ်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အဆက်အစပ်ရှိတဲ့ အဖွဲ့အစည်း မဟုတ်တာကြောင့် ကုလားတန်စီမံကိန်းကိုအကြောင်းပြုပြီး AA ကို တပ်မတော်က ထောက်လှမ်းတယ်ဆိုတဲ့ ပြောကြားချက် တွေဟာ မဟုတ်မှန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း ကပြော ပါတယ်။

Wednesday, February 27, 2019

ဖမ်းခံရသူ ရဲစခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး AA ပြန်လွှတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန် ၊27 ဖေဖော်ဝါရီ၊ 2019 
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

ရခိုင့်တပ်မတော်ကနေဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာ ရဲစခန်းမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေး မှူးတို့နှစ်ဦး ဒီကနေ့ ညနေပိုင်းမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်ပါတယ်။ ဘာ သာရေးခေါင်း ဆောင် တွေကနေလာရောက်ရွေးယူဖို့ AAဘက်ကကမ်းလှမ်းလာပြီးနောက် အခုလိုပြန် လည်လွတ်မြောက်လာတာပါ။ အဖမ်း ခံရသူနှစ်ဦးအနေနဲ့ ညှင်းပန်းမှုမခံရပေမဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တော့ရှိနေတယ်လို့ သွားရောက်ကြည့်ရှုခဲ့တဲ့ ရပ်မိရပ်ဖတဦးကပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

Saturday, February 23, 2019

သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ဖမ်းဆီးခေါ်ဆောင်သွား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-23
                                         ရက္ခိုင့်တပ်မတော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
----------------------

ရက္ခိုင့်တပ်မတော် AA က အခုလ ၂၂ ရက်နေ့ မနက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပလက်ဝမြို့နယ် သံ တောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို မိသားစုဝင်တွေနဲ့ ရပ်မိ ရပ်ဖတွေက ဒီနေ့နီးစပ်ရာ ရွာတွေနဲ့ တောတွေထဲမှာ သွားရောက် ရှာဖွေခဲ့ပေမယ့် မတွေ့ရဘူးလို့ ပြောပါ တယ်။
AA က ဖမ်းဆီးသွားသူ နှစ်ဦးစလုံးဟာ ချင်းလူမျိုးတွေဖြစ်တာကြောင့် သူတို့တစ်စုံတစ်ရာ ထိခိုက်မှုတွေ ရှိခဲ့ရင် ရခိုင် နဲ့ ချင်းတိုင်းရင်းသားတွေကြား လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် ဒေသတည်ငြိမ် ရေး စိုးရိမ်မှုတွေရှိနေတယ်လို့လည်း အမည်မဖော်လိုတဲ့ သံတောင် ကျေးရွာခံတစ်ဦးက ပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ချင်းလူမျိုးတွေဖြစ်တာကြောင့် ဖမ်းဆီးတာမ ဟုတ် ဘဲ AA ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးလို့သာ အရေးယူ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လထဲက AA က သံတောင်ကျေးရွာ ရဲစခန်းကို တိုက်ခိုက်မယ်ဆိုပြီး စာပေးပို့တာ ရှိခဲ့တယ်လို့ ချင်း ပြည် နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်း လေးမြို့ချောင်း တစ်လျှောက်မှာ သံတောင်ကျေးရွာဟာ သီး ခြားတည်ရှိနေပြီး တပ်မတော်ဘက်ကလည်း လုံခြုံရေးချထားပေးမှု အားနည်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က မနက်အစောပိုင်း ၄ နာရီလောက်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာကို ရက္ခိုင့် တပ်မတော် AA က ဝင်ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဦးစွာဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော် ကနေတဆင့် စခန်းမှူး၊ ဒုရဲအုပ် ဆလိုင်းဘီးဖာကို ခေါ်ခိုင်းခဲ့ပါတယ်။

စခန်းမှူးက တပ်ကြပ်တစ်ဦးနဲ့ ရောက်လာခဲ့ချိန်မှာ စခန်းမှူးကို ဖမ်းထားလိုက်ပြီး တပ်ကြပ်ကို စခန်းကို ပြန် လွှတ်ပြီး လက်နက်ချဖို့ AA ဘက်က ခိုင်းစေခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည် ပင်သာယာဝန်ကြီး ဦးစိုးထက် က RFA ကို အတည်ပြု ပြောပါတယ်။

"အုပ်ချုပ်ရေးမှူးကို AA ကဖမ်းပြီးတော့ စခန်းမှူးကို ခေါ်ခိုင်းတယ်။ စခန်းကို လက်နက်ချခိုင်းဖို့အတွက်ကို တပ်ကြပ်ကြီးတစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ တပ်ကြပ်ကြီးကလည်း စခန်းရောက်တော့ လက်နက် မချနိုင်ဘူးဆိုတော့ ပစ်ခတ်မှုနည်းနည်းဖြစ်ပြီးတော့ စခန်းမှူးနဲ့ အုပ်ချုပ်ရေးမှူးကို ခေါ်သွားတာမှန်ပါတယ်။ တပ်မတော်ပိုင်းဆိုင်ရာကော၊ အထက်ကော တင်ပြပြီး နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေပါတယ်ခင်ဗျ"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့မနက် သတင်းထုတ်ပြန်ရာမှာ စခန်းမှူး အဖမ်းခံရမှု သတင်း အပြင် သံတောင်ရဲစခန်းကို AA အဖွဲ့က မနေ့က မနက် ၄ နာရီ မိနစ် ၄၀ မှာ လက်နက်ကြီးနဲ့တစ်ကြိမ်၊ ၈ နာရီကျော်မှာ လက်နက်ငယ်နဲ့ တစ်ကြိမ် ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောထားပါတယ်။

ဒီနေ့ မနက်မှာတော့ AAရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးတို့ကို ပြန်လွှတ်ပေး ရေး တောင်းဆိုဖို့အတွက် မိသားစုဝင်တွေနဲ့ ရွာခံရပ်မိရပ်ဖတွေက AA တပ်တွေထွက်သွားတဲ့ လမ်းကြောင်း အတိုင်း တောတွေထဲကို လိုက်သွားခဲ့ပေမယ့် ဘာမှမတွေ့ခဲ့တာကြောင့် နေလည်ပိုင်းမှာ ရွာကို ပြန်လာ ခဲ့ကြ ပါတယ်။

အမည်မဖော်လိုတဲ့ သံတောင်ကျေးရွာက ဒေသခံတစ်ဦးက လက်ရှိ ကျေးရွာဒေသခံတွေရဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။

"သူတို့နဲ့ တွေ့ရင်တောင်းပန်မှာပေါ့။ ဒါမဲ့ ဘာမှမတွေ့ခဲ့ဘူး။ လူမျိုးရေးလိုလိုဖြစ်နေတာပေါ့။ ခုလည်း ရဲအုပ် ဆလိုင်းဘီးဖာကော၊ ဦးချားဟော်ကောက ချင်းတွေ၊ လက်နက်ကိုင်တွေက ရခိုင်တွေဖြစ်တော့ လူမျိုးရေးကို ထိခိုက်စေတယ်။ အဲလိုဆက်လုပ်ရင် လူမျိုးရေးပဋိက္ခတွေ ဆက်ဖြစ်လာမယ်။ ဦးချားဟော်တို့ တစ်ခုခုဖြစ် သွားရင် လူမျိုးရေး ပဋိပက္ခတွေ ပိုကြီးထွားလာနိုင်တယ်"

သံတောင်ကျေးရွာတစ်ဝိုက်ကို တပ်မတော်ဘက်က လုံခြုံရေးချထားပေးတယ်လို့ ကြားနေရပေမယ့် အ ကောင် အထည်မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေများနေတဲ့အပေါ် အစိုးရတပ်မတော်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် ဒေသခံတွေရဲ့ စိုးရိမ်မှုကို မဖြေလျော့နိုင်သေးဘူးလို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကလည်း ပြောပါတယ်။

သံတောင်ကျေးရွာဟာ နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်းက လေးမြို့ချောင်းတစ်လျှောက် မှာ သီးခြားကွဲထွက်နေတဲ့ ရွာဖြစ်တာကြောင့် AA ဘက်က ဒီရွာကို ထိန်းချုပ်ထားလိုတဲ့ သဘောရှိနေတယ် လို့ ပြည်နယ်အစိုးရဘက်က သုံးသပ်ချက်တွေလည်းရှိပါတယ်။

ဒေသခံတွေကလည်း ရက္ခိုင့်တပ်မတော်က ရွာထဲကို ဝင်လာရင် အစိုးရဘက်ကို အကြောင်းကြားတာ တွေရှိ တယ်လို့ ထုတ်ဖော်ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သံတောင်ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ရဲ့ အောက်ခြေတပ်မှူးတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို နှောက် ယှက် တာ ကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"ဒါက ကျွန်တော်တို့ လူမျိုးရေးကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်ယှက် ပေးလို့ အရေးယူဆောင်ရွက်တာ၊ ချင်းကြောင့်မိုလို့ ဆောင်ရွက်တာမရှိဘူး။ အစိုးရစစ်တပ်တွေကို သတင်း ပေးတာတွေ လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရှိတယ်။ ULA ရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တွေကို အနှောက်အယှက် ပေးသူတွေကို ပြတ်ပြတ်သားသားအရေးယူမှာ။ ကျွန်တော်တို့မှာ လူမျိုးအစွဲမရှိဘူး"

ဒီနေ့မှာလည်း သံတောင်ကျေးရွာနဲ့ ၅ မိုင်ခန့်သာဝေးတဲ့ ကိုဖေရှေရွာကို AA တပ်တွေဝင်ရောက်လာ ခဲ့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဒေသခံတွေက AA ဟာ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေပြီး ပလက် ဝမြို့နယ်အ တွင်းက ရွာတွေမှာ အခုလိုဆောင်ရွက်တာဟာ ရခိုင်နဲ့ ချင်းကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

AA ဘက်ကတော့ ဒါဟာ လူမျိုးရေးပြဿနာမဟုတ်ဘဲ သူတို့ရဲ့ လုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးပြီး အစိုးရကို သတင်းပေးသူတွေကို အရေးယူဆောင်ရွက်မှုတွေလုပ်တာလို့ ပြောပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

ပလက်ဝ သံတောင်ရဲစခန်းကို AA ဝင်ရောက်တိုက် ခိုက်ပြီး စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်း ဆီးခေါ်ဆောင်သွား

The Myanmar Times
ပန်လှအောင်(မြစ်မခ)  မြန်မာတိုင်းမ်နေ့စဉ်
23 Feb 2019 |

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ သံတောင်ရဲစခန်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၃ နာရီခန့်က AA မှ ဝင်ရောက်တိုက်ခိုက်ကာ စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Friday, February 22, 2019

ချင်းပြည်နယ် ပလက်ဝက ရဲစခန်းတစ်ခုမှာ AA က လက်နက်တောင်းခံ

ဘီဘီစီ မြန်မာပိုင်း
22 ဖေဖေါ်ဝါရီ 2019
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ရက္ခိုင့်တပ်မတော် (အေအေ) အင်အား ၁၀ဝ နီးပါးဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ သံတောင်ရွာကို ဝင်ရောက်ခဲ့ကာ ရဲစခန်းက စခန်းမှူး ကို ခေါ်ယူ လက်နက်တောင်းခဲ့ပြီး စခန်းမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

Friday, February 8, 2019

ပလက်ဝ စစ်ရှောင်များကို ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံရန် ပို့ဆောင်ပေးဟု AA ပြော

ဧရာဝတီ
By နန်းလွင်နှင်းပွင့်
8 February 2019
ပြီးခဲ့သည့် သီတင်းတပတ်အတွင်း ပလက်ဝမှ ထွက်ပြေးကြရသော စစ်ပြေးဒုက္ခသည် တစု / Ko Ko Marma / Facebook

ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှ စစ်ဘေးရှောင် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံနိုင်စေရန် ရက္ခိုင့် တပ်မတော် (AA) က ကူညီ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်ဟု AA ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီကို ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */