" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ့ဂုဏ်. Show all posts
Showing posts with label မြန်မာ့ဂုဏ်. Show all posts

Monday, January 6, 2020

၂၀၂၀ မှာ မြန်မာ့ဂုဏ်သိက္ခာ ပြန်လည် မြှင့်တင်နိုင်မည် လား

MoeMaKa 
ဇင်လင်း -
(မိုးမခ) ဇန္နဝါရီ ၆၊ ၂၀၂၀
 ၂၀၁၉ ခုကုန်ဆုံး၍ ၂၀၂၀ ပြည်နှစ်၏ စာမျက်နှာအသစ် ဖွင့်လှစ်ခဲ့ပြီ။ မြန်မာ့ လွတ်လပ်ရေး ၇၂ နှစ်တိုင်ခဲ့ပြီ။ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသက်တမ်း လေးနှစ်ပြည့်တော့မည်။ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပ ရန် ဆယ့်တစ်လခန့်သာ လိုတော့သည်။ ၂၀၁၉ ခုနှစ်သည် မြန်မာ နိုင်ငံအား ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက် များဖြင့် အကျည်းတန်စွာ ချန်ထားရစ်သည်။ ၂၀၁၉ ခု တစ်နှစ်ပတ်လုံး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်တပ် မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ စစ်ပွဲများကြောင့် မြေစာပင် ရခိုင်ပြည်သူများ အတိ ဒုက္ခကြီးစွာရောက်ကြ ရ သည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက တည်းက စတင်ခဲ့သော စစ် ရေး ပဋိပက္ခ သည် တနှစ်ကျော်လာခဲ့ပြီဖြစ်ရာ အချိန်နှင့်အမျှ စစ်ပွဲဧရိယာကျယ် ပြန့်လာနေပြီး၊ ငြိမ်းချမ်းရေးအ လားအလာလည်း မှုန်ဝါး သွားခဲ့ပြီဟု ဆိုနိုင်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */