" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမိန့္ခ်. Show all posts
Showing posts with label အမိန့္ခ်. Show all posts

Friday, January 24, 2020

ရိုဟင်ဂျာများအား မြန်မာနိုင်ငံက အကာအကွယ်ပေးရန် ICJ အမိန့်ချ

မဇ္ဈိမ
By Reuters
23 January 2020
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်းရှိ မွတ်စလင်ရိုဟင်ဂျာများအား ဖိစီးနှိပ်စက်မှုများ၊ ရက်စက်ကြမ်းကြုတ် မှု များမှ အကာအကွယ်ပေးရန်နှင့် ၎င်းတို့အပေါ် ကျုးလွန်သော စွပ်စွဲထားသည့် ရာဇဝတ်မှု သက်သေများကို မပျက်မစီးအောင် ကာကွယ်ရန် အားချင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဇန်နဝါရီ ၂၃ ရက်၌ အမိန့်ချမှတ်လိုက်သည်။

Thursday, January 23, 2020

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအ ကွယ်ပေးဖို့ မြန်မာနိုင်ငံကို ICJ အမိန့်ချ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.01.23


■ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ဒီနေ့ ICJ တရားရုံးက အမိန့်ချမှတ်ရာမှာ... မြန်မာနိုင်ငံဘက်က တင်ပြထားတဲ့ အချက်တွေကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပါတယ်။

အဲဒီလေးချက်ကတော့...

၁။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင်လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အား လုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */