" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label အကူအညီ. Show all posts
Showing posts with label အကူအညီ. Show all posts

Monday, June 7, 2021

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်ရဲ့ အကူအညီ (SW/TKK) Editorial

VOA
အမေရိကန်အစိုးရမူဝါဒ
June 04, 2021
Cox's Bazar ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာတဦးရေချိုးနေစဉ် (ဓာတ်ပုံ-Courtesy)

အကူအညီတွေ အပူတပြင်းလိုအပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားတဲ့ အသိုင်းအဝိုင်းနဲ့ ဆက်လက်ဖြစ်ပွားနေဆဲ၊ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်က ပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက လူမှုရေးစာနာမှု အေ ထာက်အပံ့အတွက် နောက်ထပ် ဒေါ်လာ ၁၅၅ သန်းပံ့ပိုးမှာဖြစ်ပါတယ်။

Tuesday, May 18, 2021

ရိုဟင္ဂ်ာဒုက္ခသည်တွေအတွက် ဒေါ်လာသန်း ၃၄၀ အကူ အညီကတိကဝတ် ရရှိ

VOA
ဗြီအိုအေ (ျမန္မာပိုင်း)
18 မေ၊ 2021
ဘဂင်္လားဒေ့ရ်ွနိုင်ငံ Cox's Bazar ဒေသရွိ ရိုဟင္ဂ်ာဒုက္ခသည္စခန်းက ရိုဟင္ဂ်ာဒုက္ခသည္မ်ား။ (ဧပြီ ၆၊ ၂၀၂၁)

ရခိုင်ျပည္နယ္ကေန ဘဂင်္လားဒေ့ရ်ွနိုင်ငံဘက် ထြက်ျေပးခိုလှုံနေကြတဲ့ ရိုဟင္ဂ်ာ ဒုက္ခသည်တြေကို နိုင်ငံတကာက အကူအညီတြေ ပေးကြဖို့ ဒုက္ခသည္မ်ားဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က တနင်္လာနေ့မွာ ပန်ကြားလိုက္ပါတယ်။ လတ္တေလာအာျးဖင့် ၂၀၂၁ ခုနွစ်အစီအစဉ်တြေအတြက် ဒေါ်လာသန်း ၃၄၀ အကူအညီ ကတိက၀တ်ရရွိထားပြီျးဖစ္တယ္လို့လည်းျေပာပါတယ်။

Sunday, May 16, 2021

ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာ အကူအညီပေးဖို့ ကုလတိုက်တွန်

VOA
ဗွီံအိုအေမြန်မာပိုင်း
ကိုဉာဏ်ဝင်းအောင်
15 မေ၊ 2021
ယာယီအမိုးအကာများနဲ့ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာမိသားစုတခု (ဓာတ်ပုံ- Reuters)

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအိမ်ရှင်အဖြစ် လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေကို ကူညီထောက်ပံ့နိုနိုင်ဖို့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောကြားလိုက်ပါတယ်။ ရှေ့တပတ်ထဲကျင်းပမယ့် ရိုဟင်ဂျာတွေဒုက္ခသည်တွေ အကူအညီပေးရေး အလှူရှင်နိုင်ငံများ အစည်းအဝေး မတိုင်ခင် အဲဒီလို ပြောဆိုလိုက်တာပါ။ ဂျနီဗာမြိုကနေ Lisa Schlein ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။

Sunday, January 19, 2020

ရခိုင်အရေး အကူအညီဆက်ပေးမယ်လို့ တရုတ်ကတိပြု

VOA
ဗွီအိုအေ (မြန်မာဌာန)

နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)


ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးအတွက် တတ် နိုင် သလောက် ဆက်လက် ကူညီသွားမယ်လို့ တရုတ်ဘက်က ကတိပြုလိုက်သလို ဘင်္ဂလားဒေရှ့်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံက လူတွေကို ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က ထပ်ပြီး ကတိပြုလိုက်ပါ တယ်။

Friday, September 6, 2019

အကူအညီပေးရေးနှစ်ဖွဲ့ကို ရိုဟင်ဂျာစခန်း လုပ်ခွင့်ပိတ်

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး လက်မခံကြဖို့ တိုက်တွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကူအညီပေးရေး အဖွဲ့ ၂ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပိတ်လိုက်ပါတယ်။

မကြာသေးခင်က စီစဉ်ခဲ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ် မအောင်မမြင် ဖြစ်အောင် သွေးထိုးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် အခြေစိုက် Adventist ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးအေဂျင်စီ (ADRA) နဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Al Markazul Islami အဖွဲ့တို့ကို လုပ်ငန်းလုပ်ခွင့် ပိတ်လိုက်တာဖြစ်ကြောင်း ဒုက္ခသည်စခန်းတွေရှိရာ Cox's Bazar ဒေသ အုပ်ချုပ်ရေးမှူး Kamal Hossain ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Thursday, September 5, 2019

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘင်္ဂလားဒေရှ့် ဂျပန် အကူ အညီတောင်းခံ

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ဂျပန်အစိုးရက အကူအညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Shahriar Alam က ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Toshiko Abe ကို ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောက်ပေးထားတဲ့ နေအိမ်တွေရှိရာ ဘာဆန်ချား ကျွန်းကို Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ တသိန်းပြောင်းရွှေ့ရေးမှာပါ အကူညီပေးဖို ပန်ကြားလိုက်တာပါ။

Monday, June 10, 2019

ရိုဟင်ဂျာတွေအတွက် UAE ကူညီ/ ODI အကြံပြု

RFA 
လွတ်လပ်တဲ့ အာရှအသံ  
2019-06-10


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP
နိုင်ငံတကာပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ODI ခေါ် ပင်လယ်ရပ်ခြားနိုင်ငံများဖွံ့ဖြိုးရေးအင်စတီကျုက ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာအရေးအစီရင်ခံစာနဲ့ UAE နိုင်ငံရဲ့အကူအညီအကြောင်းကို RFAဝိုင်းတော် သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~
ရိုဟင်ဂျာတွေအတွက် UAE ကူညီ/ ODI အကြံပြု
(နေရိန်ကျော်)

Sunday, May 26, 2019

ရခိုင်စစ်ဘေးဒုက္ခသည်အရေး UNHCR ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန) 
26 မေ၊ 2019
မသိင်္ဂီထိုက်
ရခိုင်ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist))
ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်နေကြရသူတွေ၊ နောက် မူဆလင် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ဆက်လက် ထောက်ပံ့ ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မ ဟာမင်းကြီးက မြန်မာခရီးစဉ် အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။ စစ်ရှောင်နေကြရသူတွေ၊ ဒုက္ခ သည် တွေ နေရပ်ရင်းတွေကို ပြန်နိုင်ခွင့်ရရေး အရေးကြီးတယ်လို့လည်း ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂ မဟာမင်း ကြီးက အလေးထား ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

Friday, April 26, 2019

ရိုဟင်ဂျာတွေအတွက် အကူအညီတွေလို အပ်နေ တယ်လို့ ကုလအကြီးအကဲတွေပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-26
ကုလသမဂ္ဂအရာရှိ သုံးယောက်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ။

Photo: AFP

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်း အတွက်အကူအညီတွေ အရေးပေါ် လိုအပ်နေ တယ်လို့ ကုလသမဂ္ဂအကြီးအကဲ သုံးယောက်က မနေ့ကပြောလိုက်ပါတယ်။

IOM အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသူများကူညီရေးအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး အန်တိုနီယို ဗစ်တိုရီနို ၊ UNCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဌာနမှူး မာ့ခ် လိုးကော့ခ်နဲ့ ၊ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီတို့ သုံးယောက်ရဲ့ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */