Showing posts with label မလေးရှားအာဏာပိုင်. Show all posts
Showing posts with label မလေးရှားအာဏာပိုင်. Show all posts

Tuesday, January 7, 2025

ရိုဟင်ဂျာလှေနှစ်စင်း မလေးရှားအာဏာပိုင်တွေ ကမ်းကပ်မခံပဲ ပင်လယ်ထဲပြန်လွှတ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၇ ဇန်နဝါရီ၊ ၂၀၂၅ 

မှတ်တမ်း ဓာတ်ပုံ - လန်ကာဝီကျွန်းအနီးမှာ ၂၀၁၈ ခုနှစ်က ရိုဟင်ဂျာဒုက္ခသည် လှေတစီးကို မလေးရှားရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီက ကြားဖြတ်ဟန့်တားပြီး လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့စဥ်။ ဧပြီလ ၃ ရက်၊ ၂၀၁၈။ ဓာတ်ပုံ - REUTERS/Stringer

မွတ်ဆလင် ရိုဟင်ဂျာဒုက္ခသည်လို့ ယူဆရတဲ့ လူ ၃၀၀ နီးပါး တင်ဆောင်လာတဲ့ လှေနှစ်စင်းကို မလေးရှား အာဏာ ပိုင်တွေက စနေနေ့က လမ်းကြောင်းလွှဲပေးခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း အပန်းဖြေကျွန်း Langkawi ကမ်းခြေတစ်ခုမှာ သောကြာနေ့ အစောပိုင်းက ရိုဟင်ဂျာ ၁၉၆ ဦး လှေတင်သင်္ဘော နှစ်စင်း ဆိုက်ရောက်လာပြီးနောက် နောက်ထပ် လှေနှစ်စင်း ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့အတွက် ကမ်းကပ်မခံပဲ ပြန်လွှတ်လိုက်တာပါ။ ဒီလိုပြန်လွှတ်လိုက်တဲ့အတွက် သွားစရာ နေစရာ စားစရာမရှိဖြစ်နေရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခက်အခဲဖြစ်စေတယ်လို့ Association Rohingya Thailand အဖွဲ့အစည်းက ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာကသတင်း ပေးပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */