" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သားသမီး. Show all posts
Showing posts with label သားသမီး. Show all posts

Friday, December 6, 2019

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးကို မြန်မာဘက်က လက်လွှဲယူဖို့ စီစဉ်နေ

B B C
ဘီဘီစီ မြန်မာပိုင်း 
06 ဒီဇင်္ဘာ 2019
ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သား၊ သမီး ၂ ဦးကို ထိုင်းကနေ မြန်မာ ဘက်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေလို့ ဆို

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည် သျှင် နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ဟာ ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ဒီဇင်ဘာ ၆ ရက် (ဒီနေ့) မှာ ထိုင်း အစိုးရရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို ဘီဘီစီက မေးကြည့်ရာမှာ " အခုပဲ အဲဒီသတင်း ကြားလို့ စိတ်မကောင်းဖြစ်နေတာ၊ ကိုယ့်သမီး တစ်ယောက် အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့၊ အဲဒီထဲ မြေးလေးနှစ်ယောက်လည်း ပါတယ်" လို့ ဘီဘီစီကို အတည်ပြုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */