Showing posts with label မြန်မာနိုင်ငံ. Show all posts
Showing posts with label မြန်မာနိုင်ငံ. Show all posts

Thursday, September 18, 2025

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက် (၉-၉-၂၀၂၄ ရက်)

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက် (၉-၉-၂၀၂၄ ရက်)

(၉-၉-၂၀၂၄ ရက်၊ ဂျီနီဗာ)



လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ် သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲကို ၉-၉-၂၀၂၄ ရက်တွင် ကျင်းပခဲ့သည်။

IIMM ကို စတင်တည်ထောင်စဉ် ၂၀၁၉ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံအနေဖြင့် ယင်းကို အသိအမှတ်ပြု လက်ခံခဲ့ခြင်း မရှိပါ။ အဆိုပါ IIMM ၏ လုပ်ပိုင်ခွင့်ကို ဖန်တီးခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၃၉/၂ သည်လည်း တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုတစ်ခု မဟုတ်ပါ။ IIMM အား ဆက်လက်တည်မြဲစေသည့် ဆုံးဖြတ်ချက်အဆို အသီးသီးသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည် နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော Aqa Mul Mujahideen ခေါ် ARSA အဖွဲ့က လုံခြုံရေးစခန်းများ၊ ရခိုင်၊ ဘင်္ဂါလီများနှင့် အခြားလူမျိုးများအပါအဝင် အပြစ်မဲ့အရပ်သားများအပေါ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်ကြိုတင်ကြံစည် တိုက်ခိုက်မှုများကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြသည်။ နိုင်ငံအချို့က လူ့အခွင့်အရေးကောင်စီကို အသုံးချ၍ IIMM အား ပေးအပ်ထားသည့် ချို့ယွင်းချက်ရှိသော လုပ်ပိုင်ခွင့်သည် အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံရေးရည်ရွယ်ချက်ရှိစွာ လျစ်လျူရှုရုံသာမက ၎င်းတို့ လိုလားချက်အတိုင်း မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်ရန် IIMM ယန္တရားကို ဖန်တီးပေးသည်။

ထို့ကြောင့် IIMM သည် သက်တမ်းအကန့်အသတ် မရှိခြင်း၊ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ခွင့်ဆိုသည့် အကြောင်းပြ၍ စိစစ်ကြပ်မတ်သည့် ယန္တရား မထားခြင်း၊ ပြင်ပမှ ရန်ပုံငွေ၊ ဝန်ထမ်းများနှင့် အခြားအရင်းအမြစ်များကို လက်ခံခြင်း၊ အလှူရှင်များက ထောက်ပံ့သော လူသိမခံသည့်စီမံကိန်းများကို လက်ခံဆောင်ရွက်ခြင်း အပါအဝင် မသဲကွဲသည့် အစီအမံများစွာ ရှိသည်မှာ အံ့ဩဖွယ် မဟုတ်ပါ။ ထိုသို့ မရေရာသည့် လုပ်ရပ်များသည် အမှန်တရားနှင့် တရားမျှတမှုကို အထောက်အကူပြုရမည့်အစား အလှူရှင်နိုင်ငံများ၏ လိုလားချက်များကိုသာ ထိရောက်စွာ ဖော်ဆောင်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ ယင်းကဲ့သို့ ကောင်းမွန်သော ရည်ရွယ်ချက်မရှိသည့် ယန္တရား၏ ဆောင်ရွက်ချက်များသည် အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ ရှိမည်ဟု အာမခံနိုင်ခြင်း မရှိပါ။

IIMM ဆိုသည့်ယန္တရားသည် ကုလသမဂ္ဂတွင် ရန်ပုံငွေအကျပ်အတည်းဖြစ်ပေါ်နေသည့်ကြားမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် သုံးစွဲလျက်ရှိသည်။ ယင်းက သတင်းအချက်အလက်နှင့် သက်သေ ၂၈ သန်းနီးပါး စုဆောင်းရရှိထားပြီးဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်း၏ ဆန်းစစ်ချက် အစီရင်ခံစာသည် မီဒီယာသတင်းများအပေါ် အခြေခံပြုစုထားသည့် အစီရင်ခံစာ တစ်စောင်နှင့် နိုင်ငံတကာက သဘောတူညီသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးသော အကြောင်းအရာအပေါ် ရေးသားထားသည့် အခြားအစီရင်ခံစာ တစ်စောင်ကို အခြေခံ၍ ကောက်ချက်ချထားခြင်းသာ ဖြစ်သည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရသည်။ စင်စစ်အားဖြင့် ယင်းကဲ့သို့ ယန္တရားများသည် ၎င်းတို့ ပစ်မှတ်ထားသည့် နိုင်ငံများကို သိက္ခာကျစေရန် ခိုင်မာမှုမရှိသော အရင်းအမြစ်များမှ ရရှိသည့် အခြေ အမြစ် မရှိသော စွပ်စွဲချက်များအား တရားဝင်ဖြစ်စေရေးအတွက် ကုလသမဂ္ဂ အစည်းအဝေးများကို အလွဲသုံးစားပြုလျက် အလားတူနည်းလမ်းအား ဆောင်ရွက်ခဲ့ဖူးကြောင်း သိရှိရသည်။ အကျိုးဆက်အားဖြင့် လူ့အခွင့်အရေးကောင်စီသည် ၎င်း၏ အခြေခံမူများဖြစ်သော သမာသမတ်ကျရေး၊ ဘက်လိုက်မှုကင်းရေး၊ ဓမ္မဓိဋ္ဌာန်ကျရေး၊ ရွေးချယ်ပစ်မှတ်မထားရေး၊ အပြုသဘောဆောင်သည့် နိုင်ငံတကာ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့မှ သွေဖည်လျက် ချမှတ်ခဲ့သော နိုင်ငံတစ်နိုင်ငံ အပေါ် ဉီးတည်သည့် ယန္တရားများအပေါ် အုပ်စုကွဲမှုများ၊ သဘောထားကွဲလွဲမှုများနှင့် ကန့်ကွက်မှု များနှင့် ပိုမိုကြုံတွေ့လာရသည်။ လူ့အခွင့်အရေးကောင်စီအနေဖြင့် သက်ဆိုင်ရာနိုင်ငံက လက်ခံခြင်း မရှိသည့် IIMM ဆိုသည့် ယန္တရားအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူနှင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးတို့၏ လုပ်ပိုင်ခွင့်များကဲ့သို့ နိုင်ငံ တစ်နိုင်ငံအပေါ် ဉီးတည်သည့် လုပ်ပိုင်ခွင့်များကို ရပ်တန့်ရန် အချိန်တန်ပြီဖြစ်သည်။ ထို့အပြင် ယင်းမလိုလားအပ်သော ယန္တရားများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ဖြုန်းတီးလျက် ရှိပြီး၊ ယင်းဖြုန်းတီးမှုတွင် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက မြန်မာနိုင်ငံဆိုင်ရာ ဖုံးကွယ် ထားသော စီမံချက်များအတွက် သုံးစွဲခဲ့သော အမည်မဖော်ပြသည့် အခြားအသုံးစရိတ်များ ပါဝင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ ယင်းဖုံးကွယ်ထားသော စီမံချက်များအပါအဝင် ယန္တရားများ၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို ၎င်းတို့အား ထောက်ပံ့သည့် အလှူရှင်နိုင်ငံများနှင့် ဆောင်ရွက် ခြင်းဖြစ်ပြီး၊ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်ရာနိုင်ငံတို့နှင့် ဆောင်ရွက်ခြင်း မရှိပေ။

မြန်မာနိုင်ငံ၏ အခြေအနေကို လွဲမှားစွာ ပုံဖော်ခြင်းသည် အကြမ်းဖက်ဝါဒကို အားပေးရာရောက်သည့်အပြင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကို ပိုမိုဖြစ်ပေါ်စေပြီး၊ အစိုးရ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန် ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေသည်။ မြန်မာနိုင်ငံ အနေဖြင့် IIMM ဆိုသည့်လုပ်ပိုင်ခွင့်နှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် (၆) ကြိမ်မြောက် နှစ်စဉ်အစီရင်ခံစာအပါအဝင် ယင်း၏ အစီရင်ခံစာအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး

ဂျီနီဗာမြို့။

Sunday, March 16, 2025

WFP အကူအညီရပ်ဆိုင်းမှုကြောင့် ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပိုခက်ခဲလာနိုင်

RFA
RFA Burmese
2025.03.15 

စစ်ကိုင်းတိုင်း ဒေသအချို့တွင် စစ်ဘေးဒုက္ခသည်များအတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် WFP မှ စာနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့စဥ်။ WFP 

ရန်ပုံငွေလိုအပ်ချက် ကြီးမားတာကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းကျော်ကို ထောက်ပံ့မှုတွေ ရပ်တန့်တော့မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဥ် (WFP) က မတ် ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ် (WFP) က ထောက်ပံ့မှုတွေ ရပ်တန့်လိုက်မယ်ဆိုရင် လက်ရှိ စားနပ်ရိက္ခာ လိုအပ်ချက် ကြီးမားနေတဲ့ မြန်မာဒုက္ခသည်တွေ ပိုပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

Monday, October 2, 2023

စစ်ကောင်စီကို လက်နက်ရောင်းခဲ့ကြောင်း အင်ဒိုနီးရှား စွပ်စွဲခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ အောက်တိုဘာ၊ ၂၀၂၃ 

တပ်မတော်နေ့အခမ်းအနား
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ရောင်းချ ခဲ့ကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ အင်ဒိုနီးရှားကုမ္ပဏီတွေ ဖြစ်ကြတဲ့ PT Pindad၊ PT PAL နဲ့ PT Dirgantara Indonesia တို့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ရောင်းချမှုတွေ ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားလိုက်ကြောင်း မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တွေက ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

Friday, August 18, 2023

နိုင်ငံမဲ့ရိုဟင်ဂျာလူမျိုးများ မြန်မာနိုင်ငံ၌ အသက်ရှင်ရပ် တည်ရေး ဆက်လက်ရုန်းကန်နေရဆဲ

ကုလသမဂ္ဂ (မြန်မာ)
Reuben Lim
UNHCR
Public Information Officer
wende@unhcr.org
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၀၉ ရက်။

ခေါင်းစဉ်-မြန်မာနိုင်ငံရှိရခိုင်ပြည်နယ်စစ်တွေမြို့အနီး နေရပ်စွန့်ခွာပြောင်းရွှေ့နေ ထိုင်သူများနေထိုင် ရာ ဘာဆာရာစခန်း တွင် ဇာဘီဒါနှင့် သူမ၏သမီး။ ဓာတ်ပုံ - © UNHCR/Reuben Lim Wende

ပဋိပက္ခဖြစ်စဉ်ကြောင့် ၅နှစ်ကျော်ကြာခန့်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ၇သိန်းခန့်သည် ဘင်္ဂလား ဒေ့ရှ် သို့ထွက် ပြေး ခဲ့ရပြီး ကျန်ရှိသူများမှာမရေရာသောဘဝ ကြုံနေရဆဲဖြစ်သည်၊၊


မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်အနောက်ဘက်ခြမ်းတွင် နေထိုင်နေသူ အသက် (၂၇) နှစ်အရွယ် ရိုဟင် ဂျာ အမျိုးသမီး “ဇာဘီဒါ” သည် ဘဝဖြတ်သန်းမှုတစ်လျှောက်လုံးတွင် သူမ၏အခွင့်အ ရေးနှင့် လွတ် လပ်မှုတို့အပေါ် ပိုမိုတိုးများ၍သာလာသည့် ကန့်သတ်မှုများနှင့် ချိန်ညှိကြိုးစား နေထိုင်နေရလေသည်။

Tuesday, January 24, 2023

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ တိုင်ကြား

RFA
RFA Burmese
2023.01.24
ရသေ့တောင်မြို့နယ် အနောက်ပြင် မွတ်စလင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ လူ့အခွင့်အရေးဖွဲ့ဖြစ်တဲ့ Fortify Rights နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးတို့က တိုင်ကြားခဲ့တယ်လို့ Fortify Rights က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် အရေးယူပေးဖို့ ပြစ်မှုဆိုင်ရာတိုင်ကြားချက်အနေနဲ့ တင်သွင်းခဲ့တာပါ။

Sunday, January 22, 2023

‘မြန်မာနိုင်ငံ’၏သမိုင်းအပေါ် ကိုလိုနီစနစ်လွှမ်းမိုးမှုကို ပယ် ဖျက်ခြင်း – ရိုဟင်ဂျာလူမျိုးများအား ၎င်းတို့၏ ကိုယ်ပိုင် သမိုင်းအတွင်း သို့ပြန်လည်ပို့ဆောင်ခြင်း


စာတမ်းအကျဉ်း

ဤဆောင်းပါးတွင် အဓိကသုတေသနတွေ့ရှိချက်နှစ်ခုကိုဖော်ပြထား ပါသည်။ ပထမအချက်မှာ ကိုလိုနီပြုခြင်း မှမြစ်ဖြားခံလာခဲ့သောအရှေ့တောင်အာရှဒေသလေ့လာရေးနယ်ပယ်သည်ခေတ်ပြိုင်နိုင်ငံများနှင့် သုတေသီမျာ း၏ ရိုဟင်ဂျာ၊ ရခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာလေ့လာမှုများချဉ်းကပ်ပုံကိုလွှမ်းမိုးထား ခြင်းဖြစ်သည်။ ဒုတိယအ ချက် မှာ ရိုဟင်ဂျာများကို ဗြိတိသျှကိုလိုနီခေတ်က ရခိုင်သမိုင်းမှ သမိုင်း ကြောင်းအရ ဖျောက်ဖျက်ခံခဲ့ရပြီးယင်း ဖျောက် ဖျက် ခံခဲ့ရမှုသည် စစ်အေးကာလအတွင်းနှင့် စစ် အေးတိုက်ပွဲအပြီးတွင် အမေရိကန်ပညာရပ်အဝန်းအ ဝိုင်းမှ ဦး ဆောင်သောအရှေ့ တောင်အာရှဒေ သ လေ့လာရေး နယ်ပယ်၏အားဖြည့်ပေးမှုဖြင့် ဆက်လက်တည်ရှိ နေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့တောင် ဘက်ရှိ နိုင်ငံများသည် ကိုလိုနီ နည်းကျတည်ဆောက်ခဲ့သည့်အသိပညာအ ဆောက်အအုံကိုကိုစနစ် တကျဖြို ဖျက်ရမည်ဖြစ်ပြီးယင်းနိုင်ငံများ၏အစိုးရများသည်လဲ ကိုလိုနီခေတ်အုပ်ချုပ် ရေးအဆင်ပြေစေရန်ဖန်တီးတည်ဆောက်ခဲ့သည့်မူဝါဒများကိုဖယ်ရှားနိုင်မှသာဤကဲ့သို့သောပြဿနာများမှလွတ် မြောက်နိုင်မည်ဖြစ်သည်။

Monday, January 9, 2023

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ မှု စိုးရိမ်ဖွယ်ရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
၀၈ ဇန္နဝါရီ၊ ၂၀၂၃
A wooden boat is used to carry RohingyaÊrefugees rest at a beach in Ladong village Indonesia, December 25, 2022.
 
မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်းတချို့က ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ရိုဟင်ဂျာမူဆလင်တွေ အစုလိုက်အပြုံလိုက် မကြာခဏဆိုသလို ခပ်စိပ်စိပ် အဖမ်းအဆီးခံရတဲ့ အနေအထားက အင်မတန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ဟာ သူတို့ ဘဝရေရှည် နေထိုင်ရပ်တည်ရေးနဲ့ အနာဂတ်အတွက် အာမခံချက်မရှိတာရယ် အသက်အန္တရာယ် လုံခြုံရေး အတွက်ပါ အထူးစိုးရိမ်ရတာမို့ အခုလို နည်းလမ်းပေါင်းစုံသုံးပြီး နေရပ်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုး စားနေကြတာဖြစ်ပါတယ်။ ဒီလိုစွန့်ခွာထွက်ပြေးနေကြချိန် လမ်းခရီးမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတာ တရားစွဲဆို ထောင်ချခံရတာ နောက်ဆုံး အသတ်ခံရတဲ့အထိ ကြုံရတဲ့အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရ တယ် လို့ လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။ အကြောင်းစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Friday, September 3, 2021

၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု

B B C

ဘီဘီစီမြန်မာပိုင်း             ( For Reference Only )
ဆောင်းပါးရှင်
ဦးမျိုးသစ်
၁၇ စက်တင်ဘာ ၂၀၁၇
ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်း၊ ဓာတ်ပုံ ရင်းမြစ်, AFP
 
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ တတိယ အကြိမ် စစ်အာဏာ သိမ်းမှုကြီး လို့ သတ်မှတ် ခေါ်ဆို လို့ ရတဲ့ တပ်မတော် အာဏာ သိမ်းမှု ကြီး ဖြစ်ပွားခဲ့တာ အခုဆိုရင် အနှစ် ၃ဝ ရှိခဲ့ပြီဖြစ်ပါတယ်။

Friday, March 19, 2021

မြန်မာနိုင်ငံမှာ အကြမ်းဖက် ဖြိုခွဲနေတာရပ်ဖို့ အင်ဒိုနီးရှား သမ္မတတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
19 မတ်၊ 2021

မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းတာကို ချက်ခြင်းရပ်ဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းလိုက်ပါတယ်။

Monday, January 4, 2021

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက် သည့် ကုလသမဂ္ဂ၏ မဲခွဲဆုံးဖြတ်မှုတွင် ရုရှားနှင့်တရုတ်က မြန်မာနိုင်ငံဘက်က ရပ်တည်

ELEVEN

4 January 2021
Ref: The Daily Star 

ဒီဇင်ဘာ ၃၁ ရက်တွင် ၇၅ ကြိမ်မြောက် ကုလအထွေထွေညီလာခံ၏ ၄၈ ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် တက်ရောက်နေစဉ် 

ကုလသမဂ္ဂ၏ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ရိုဟင် ဂျာ အရေးကိစ္စများနှင့် စပ်လျဉ်းသည့် အဆိုပြုချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ၌ တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့ကြပြီး အိန္ဒိယနိုင်ငံကမူ မဲမပေးဘဲ ကြားနေခဲ့သည်။

Thursday, December 10, 2020

မြန်မာနိုင်ငံအား ဘာသာရေးလွတ်လပ်မှုချိုးဖောက်မှု စာ ရင်းထဲ အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ထည့်သွင်း

BNI Media Broup
ချင်းဝေါလ်
Thursday, December 10, 2020ဒီဇင်ဘာလ (၇) ရက်နေ့တွင် ၂၀၂၀ ခုနှစ်၏ ဘာသာရေးလွတ်လပ်မှု ချိုးဖောက်မှုရှိသော နိုင်ငံများစာရင်း၌ နိုင်ဂျီးရီးယားနိုင်ငံအား ထပ်မံထည့်သွင်းကြောင်း အမေရိကန်ပြည်ထောင်စုအစိုးရမှ ကြေညာပြီး၊ ယင်းစာရင်း တွင် မြန်မာနိုင်ငံအားလည်း ဆက်လက်ထည့်သွင်းထားမှုအား တွေ့ရသည်။

Tuesday, December 8, 2020

ဘာရှန်ချာကျွန်းပေါ်ပြောင်းတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို အရင်ဆုံးပြန်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆို

VOM 

ဒါကာ၊ ဒီဇင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)

ကော့ဘဇားဒေသရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်အတွင်းရှိ ဘာရှန်ချာကျွန်းသို့ ပြောင်းရွှေ့ထား တာ ဟာ ယာယီအစီအစဉ်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့လုပ်ငန်းစဉ် စတင်ရင် ဒီကျွန်းပေါ်ကလူတွေဟာ ပထမသုတ်အဖြစ် အရင်ပြန်ရဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

Wednesday, August 12, 2020

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်စုံစမ်းရေး အဖွဲ့ တောင်းဆိုချက်တွေပေးဖို့ Facebook ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 သြဂုတ်၊ 2020
Facebook ကုမ္ပဏီက မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ အထောက်အထား တွေကို ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM)ကို မပေးသေးဘူး လို့  IIMM အဖွဲ့ ရဲ့ အကြီးအကဲက ပြောပါတယ်။ ရိုဟင်ဂျာ မွတ်ဆလင်တွေပေါ် အပါအဝင် မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ IIMM နဲ့ ပူးပေါင်း ဆောင်ရွက်မယ် လို့ Facebook က ပြောထားပေမဲ့ အထောက်အထားတွေကို ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ IIMM အဖွဲ့ကို ဦးဆောင်သူ Nicholas Koumjian က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Thursday, June 11, 2020

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုစာရင်းထဲ မြန်မာပါ နေဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန))
11 ဇွန်၊ 2020 
၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ တုန်းက ရန်ကုန်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်စဉ် (AFP)
 

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တာမှာ မြန်မာနဲ့ တရုတ် အပါအဝင်နိုင်ငံတချို့ကို ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်သွင်းထားပါတယ်။

Friday, May 15, 2020

မြန်မာနိုင်ငံမှာ ချက်ချင်း အပစ်အခတ်ရပ်စဲရေး လုံခြုံရေး ကောင်စီဝင် အီးယူနိုင်ငံတွေတောင်းဆို


VOA
 ဗွီအိုအေ (မြန်မာဌာန)
ဇော်ဝင်းလှိုင်
15 မေ၊ 2020
 
 လုံခြုံရေးကောင်စီဆွေးနွေးပွဲအပြီး ဥရောပ ၅ နိုင်ငံ ဆွေးနွေး
 
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

Thursday, February 27, 2020

ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို မော်လ် ဒိုက် က ICJ တွင် ကြားဖြတ်တရားစွဲဦးမည်


TheVoiceWeekly Journal
26-Feb-2020
သဟိတ်ဂ်၊ ဖေဖော်ဝါရီ ၂၆

ICJ သို့ ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို တရားစွဲဆိုခြင်း ကြားဖြတ်ကြေညာချက်တစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီးအဗ္ဗဒူလာရှာဟစ်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ကြေညာလိုက်သည်။

Thursday, February 20, 2020

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ် ပြန် ချက် ၄ / ၂၀၂၀

MPC
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၄ / ၂၀၂၀.
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ ကြာသပတေးနေ့။
.
“သတင်းအတု/ အယောင်များ၊ သတင်းမှားများ နှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များအား ကြေညာခြင်း”
.
၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက် နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၇/ ၂၀၁၉) အရ သတင်းခိုးကူးမှု များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
.

Thursday, January 2, 2020

Episode 108: မြန်မာနိုင်ငံအပြင်ဘက် ထွက်ပြေးနိုင်ဖို့ စွန့်စားနေတဲ့ရိုဟင်ဂျာများ

Frontier
MYANMAR
Thursday, January 02, 2020
ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲမျိုးစုံက ရိုဟင်ဂျာတွေကို တခြားအရပ်ဒေသတွေမှာ ပိုမို ကောင်း မွန်တဲ့ဘဝကို ရှာဖွေနိုင်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ ဒါပေမဲ့ လဝကဥပဒေများ၊ အလိမ်အညာ ပွဲစားများ နဲ့ ထောင်ကျနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီ ယာ ဖြစ် တဲ့ Frontier Myanmar English Magazine နဲ့ ဒို့အသံတို့ဟာ မြန်မာနိုင်ငံရဲ့အပြင်ဘက်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိ ဖို့အတွက် စွန့်စားထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီ ဆောင်း ပါးအပြည့်အစုံကို နားဆင် နိုင်ပါပြီ။

Monday, December 30, 2019

ICJ တွင် မြန်မာနိုင်ငံ တရားရင်ဆိုင်ရမှုနှင့် လူထုထောက် ခံပွဲများ

ELEVEN 
30 DECEMBER 2019
ဆန်းမိုးထွန်း
ဒီဇင်ဘာ ၁၁ ရက်တွင် သည်ဟိတ်မြို့ ICJ တရားရုံး တရားသူကြီးများရှေ့မှောက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ် (Photo: AFP)

 ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက်ပိုင်းဘင်္ဂါလီ များအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံသည် အပြည် ပြည် ဆိုင်ရာတရား ရုံး(ICJ) ၌ နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပြီး နှစ် နိုင်ငံလျှောက်လဲ ချက်ကြားနာမှုကို နယ်သာ လန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာခဲ့ သည်။ ထိုသို့အမှုကြားနာနေစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ သည့်အနေဖြင့် လူပေါင်းသိန်းနှင့်ချီ၍ မြန်မာနိုင်ငံအနှံအပြားတွင် ထောက်ခံ ဆန္ဒ ပြပွဲ များပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ပထမဆုံး အကြိမ်တ ရားစွဲဆိုခံရသည့်အပေါ်သွားရောက် ရင်ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူများကတခဲနက်ထောက် ခံပွဲများ ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ် အတွင်း ထင်ရှားသည့် ဖြစ် ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ် က ဖော်ပြလိုက်ရပါသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */