Showing posts with label Louise Donovan. Show all posts
Showing posts with label Louise Donovan. Show all posts

Wednesday, June 3, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမ ဆုံးသေဆုံးသူ တွေ့ရှိရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.02 

အူခီးယာ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ အသက် ၇၁ နှစ်ရှိ ရိုဟင်ဂျာဒုက္ခသည် အမျိုး သားတဦး ပြီးခဲ့တဲ့စနေနေ့က သေဆုံးသွားခဲ့တာမှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UNHCR ကုလသ မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောရေးဆိုခွင့်ရှိသူ  Louise Donovan လူဝီးစ် ဒိုနိုဗန် က RFA ကို မနေ့က အတည်ပြုပြောကြားပါတယ်။

Tuesday, June 2, 2020

COVID-19 ကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခ သည်တစ်ဦးသေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
02 ဇွန်၊ 2020  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတိပေးချက်တွေ ကြေငြာနေတဲ့ မြင်ကွင်း။ (မေ၊ ၁၅၊ ၂၀၂၀)


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံး သွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူဟာ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူ အသက် ၇၁ နှစ်အရွယ်အမျိုးသား ဖြစ်ကြောင်းနဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ COVID-19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Abu Toha M.R. Bhuiyan က သတင်းထောက်တွေကို ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */