ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် တပ်စခန်း တခု / ကျော်ခ / ဧရာဝတီ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အစပ် မေယုတောင်ခြေ အနီး ယာယီစွဲထားသည့် တပ်စခန်းနှင့် နယ်ခြားစောင့်ရဲ တပ်စခန်းတို့ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ရက္ခိုင်စစ်တပ် (AA) က လာရောက် တိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံးမှု ရှိကြောင်း သတင်း ရရှိသည်။