ဗွီအိုအေ (မြန်မာပိုင်း)
19 ဇန်နဝါရီ၊ 2021
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ အွန်လိုင်းကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - ဇန်နဝါရီ ၁၉၊ ၂၀၂၁)
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး အခက်အခဲကြုံနေရ တာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ ဒီကနေ့ အွန် လိုင်း ကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေဖြစ်လာဖို့ တရုတ်နိုင်ငံဘက်ကနေ ကြားဝင်ဆောင်ရွက်ပေး တာဖြစ် ပြီး ဒီလိုအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဟောက် ဒိုဆွမ်းက အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။