" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပူးတွဲတောင်းဆိုချက်. Show all posts
Showing posts with label ပူးတွဲတောင်းဆိုချက်. Show all posts

Saturday, June 13, 2020

မြန်မာနိုင်ငံ - ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကို ပြန်လည်ဖွင့် ပေးရန် တောင်းဆိုခြင်း

HUMAN
RIGHTS
WATCH




 
၁၃ရက် ဖေဖော်ဝါရီလ၊ ၂၀၂၀။

ကမ္ဘာပေါ်ရှိကာလအကြာရှည်ဆုံးမိုဘိုင်းအင်တာနက်ဖြတ်တောက်မှုများ
ထဲမှ တစ်ခုကို ရခိုင်ပြည်နယ်ရှိ မြို့နယ် (၄)ခုတွင် ပြုလုပ်ထားသည်။

ဤပူးတွဲ ထုတ်ပြန်ကြေညာချက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း (၂၉) ခုအနေဖြင့်ချင်းပြည် နယ်ရှိ မြို့နယ်တစ်ခုနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၈)ခုတွင် မိုဘိုင်း အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက် ထားမှုကို ချက်ချင်း ပြန်လည် ဖွင့်ပေးရန် မြန်မာအစိုးရကိုတောင်းဆိုလိုက်သည်။ အစောပိုင်းကာလများက မြို့နယ် (၅) ခုတွင် အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ထားမှုကို ပြန်လည် ဖွင့်ပေးခဲ့ ပြီးနောက်ဖော်ဝါရီလ (၃) ရက် နေ့တွင် အဆိုပါမြို့နယ် (၅) ခု ၌ မိုဘိုင်းအင်တာနက် လိုင်းများ ကို မြန်မာအစိုးရ ကပြန် လည် ဖြတ်တောက်ခဲ့မှု အပေါ် မိမိတို့အနေဖြင့် များစွာစိုးရိမ်ပူပန် မိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */