Showing posts with label နယ်မြေရှင်းလင်းရေး. Show all posts
Showing posts with label နယ်မြေရှင်းလင်းရေး. Show all posts

Thursday, September 28, 2023

AA၏ ဘူးသီးတောင်မြို့နယ် နယ်မြေရှင်းလင်းရေးအတွင်း အာဆာသံသယရှိသူ ၈ ဦးခန့် ဖမ်းဆီးခံထားရ

Narinjara
ရေးသူ: Web Master (NN 16)
| ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃ 

ရက္ခိုင့်တပ်တော်(AA)က ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကိုနယ်မြေရှင်းလင်းရေး လုပ်စဉ် အာဆာ(ARSA) အဖွဲ့ဝင်များဟု သံသယရှိသူ၈ဦးခန့်ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့မှာ စက်တင်ဘာလ ၁၉ ရက်ခန့်မှစတင်ပြီး အေအေမှ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်း လင်းရေး လုပ်စဉ် ဘူးသီးတောင်မြို့နယ်ရှိ ဦးလှဖေ၊ အတွင်းငှက်သေ၊ ဆေးအိုးကျနှင့် ဝရကျွန်းဒိုးတန်း စသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု သိရသည်။

Monday, June 15, 2020

ဘူးသီးတောင်အခြေစိုက် ခမရ (၃၄၅) ခြေမြန်မတပ်ရင်း၊ ပြန်တမ်းဝင်အမှတ် ကြည်း/ ၅၄၇၃၈ ဗိုလ်ကြီးညီညီဇော်

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ ခမရ (၃၄၅) ခြေမြန်တပ်ရင်း၊ ပြန်တမ်းဝင်အမှတ် ကြည်း/၅၄၇၃၈ ဗိုလ်ကြီးညီညီဇော်မှ ၂၀၁၇ ခုနှစ်၊ မူဆလင်အရေးအခင်းအတွင်း နယ်မြေရှင်းလင်းရေး တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပုံနှင့်ပတ်သက်၍ အင်တာဗျူး အပိုင်း (၁) 

 

Link : Here

Wednesday, November 27, 2019

နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်စစ်ပွဲ ပိုမိုပြင်းထန်လာဖွယ် ရှိ

VOA 
ဗွီအိုအေ (မြန်မာဌာန)
27 နိုဝင်ဘာ၊ 2019
သက်နိုင်
မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအနီးမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့်၊ တပ်မတော် ဘက်က တော့ ငြင်းပါတယ်။

Friday, October 25, 2019

တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ
 

နေပြည်တော်
အောက်တိုဘာ ၂၄ 

ဘူးသီးတောင်မြို့နယ်၌ တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအားAA အဖွဲ့က  အဝေး ထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်−မောင်တော ကားလမ်း၌ တရားရုံး ထုတ် အချုပ်ယာဉ်နှင့် လုံခြုံ ရေးယာဉ်တန်းတို့အား AA အဖွဲ့က အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */