" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အာဂ်င္တီးနား. Show all posts
Showing posts with label အာဂ်င္တီးနား. Show all posts

Thursday, December 2, 2021

ရိုဟင်ဂျာလူမျိုးတုန်းသတ်မှုဖြင့် မြန်မာစစ်ခေါင်းဆောင်များ ကို အမှုစစ်ဆေးရန် အာဂျင်တီးနား တရားရုံးက သမိုင်းဝင် ဆုံးဖြတ်

မဇ္ဈိမ
28 November 2021

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်ရှိအာဏာသိမ်းစစ်အုပ်စု အကြီးတန်းခေါင်းဆောင်ပိုင်းအပါအဝင် မြန်မာစစ်တပ်အပေါ် တရားရုံးအမှု ဖွင့်လှစ် ကြားနာစစ်ဆေးသွားရန် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို အာဂျင်တီးနား တရားရုံးက ချမှတ်ခဲ့ ကြောင်း ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

Monday, November 29, 2021

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုး တုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အာဂျင်တီးနားတရား ရုံးက လက်ခံ အမှုစစ်ဆေးမည်၊

Khit Thit Media
ရန်ကုန်၊ နိုဝင်ဘာ ၂၈  

Zawgyi

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အာဂျင်တီး နားတရားရုံးက လက်ခံ အမှုစစ်ဆေးမည်၊ ICC တရားရုံးနှင့်အာဂျင်တီးနား တရားရုံး ညှိနှိုင်းဆွေးနွေးမှု များ ရှိနေ

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အာ ဂျင်တီးနားတရားရုံးတွင် တရားစွဲဆိုထားမှုကို လက်ခံလိုက်ပြီး အမှုကို စစ်ဆေးမည်ဖြစ်ကြောင်း အာဂျင်တီး နား တရားရုံးက တရားဝင် ပြောဆိုလိုက်ကြောင်း သိရှိရသည်။

Wednesday, August 18, 2021

အာဂျင်တီးနား ဗဟိုတရားရုံးမှာ ရိုဟင်ဂျာတွေရဲ့ဖြစ်ရပ်ဆိုး ကြားနာ

RFA
လွတ်လပ်တဲ့အရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-08-17

 ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ တောင်အမေရိက နိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေ ဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆာင် အချို့ကို တာဝန်ရှိသူတွေအဖြစ် သတ်မှတ်ပြီး၊ အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးမြို့ တရားရုံးမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Monday, August 16, 2021

ရိုဟင်ဂျာတွေရဲ့ဖြစ်ရပ်ဆိုးတွေကို အာဂျင်တီးနားတရားရုံး ပထမဆုံးအကြိမ် ကြားနာမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-16

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရ စဉ်။File Photo: Reuters


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ဖိနှိပ်ခံရချိန်က စစ်သားတွေရဲ့ လိင်ပိုင်းဆိုင် ရာ အဓမ္မပြုကျင့်ခံရမှုကနေ အသက်မသေဘဲ ကျန်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံကို အာဂျင်တီးနား နိုင် ငံက တရားရုံးမှာ ဒီနေ့ သြဂုတ်လ ၁၇ ရက်မှာ ပထမဆုံးအကြိမ် ထွက်ဆိုမယ်လို့ သတင်းရရှိပါတယ်။

Monday, June 8, 2020

မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့ကိစ္စ အာဂျင်တီး နားတရားရုံး လက်ခံမလား (Skype ဆက်သွယ်မေးမြန်း ခန်း)

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
08 ဇွန်၊ 2020

  မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ထိပ်တန်းခေါင်းဆောင် တဒါဇင်ကျော်ကို ရာဇ၀တ်ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေအရ စွဲထားတဲ့အမှုကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လက်ခံ ဖို့နီးစပ်နေပြီလို့ ဗြိတိန်အခြေ စိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေ ကိုပြောပါတယ်။

Wednesday, June 3, 2020

မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့ကိစ္စ အာဂျင်တီး နား တရားရုံး လက်ခံမလား

VOA
ဗွီအိုအေ (မြန်မာဌာန)
03 ဇွန်၊ 2020
အင်ကြင်းနိုင်
ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင် နှင့် အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana

မြန်မာစစ်ဘက်နဲ့ အရပ်ဘက် ထိပ်တန်းခေါင်းဆောင် တဒါဇင်ကျော်ကို ရာဇ၀တ် ကျူးလွန်မှုတွေနဲ့နိုင်ငံတ ကာဥပဒေအရ စွဲထားတဲ့အမှုကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လက်ခံ ဖို့နီးစပ်နေပြီလို့ ဗြိတိန် အခြေစိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေ ကိုပြောပါတယ်။

Friday, December 6, 2019

မြန်မာ ပျက်ကွက်လဲ အာဂျင်တီးနားတရားရုံးက ဆက်လက် ကြားနာသွားမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
အာဂျင်တီးနားလူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana နဲ့ Skype ကနေ ဆက်သွယ်မေးမြန်းမှု

မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေက ခုခံချေပဖို့ မရှိဘူးဆိုရင်လည်း အာဂျင်တီးနားတရားရုံးက သူတို့တိုင်ကြားချက်ကို လက်ခံမယ်ဆိုရင် အမှုကိုဆက်လက်စီရင်သွားနိုင်ကြောင်း လူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana က ဗွီအိုအေကို ပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇ၀တ်ကျူးလွန်မှုဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို သာ မက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်းတွေ ဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ဦးထင်ကျော်တို့ ကိုပါ universal jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေ ရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့မူနဲ့ အာဂျင်တီးနား တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်တိုင် ကြား ထားတာဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့နဲ့ အာဂျင်တီးနား လူ့အခွင့်အရေးအဖွဲ့ တချို့ပူးပေါင်းပြီး အမှုဖွင့်ထားတာပါ။


Friday, November 15, 2019

ICJ အမှုကလွဲပြီး ICC နဲ့ အာဂျင်တီးနားအမှုကို မြန်မာဖြေ ရှင်းမည်မဟုတ်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သီဟထွန်း၊ သက်စုအောင်
2019-11-15
       နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင် ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပေမယ့် အစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦး ဇော်ဌေးက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

ဧရာဝတီ 
15 November 2019

ဒေါ်အောင်ဆန်းစုကြည်သာမက ယခင်သမ္မတ ဟောင်းဦးသိန်းစိန်ကိုလည်း အမှုတွင် အမည်ဖော်ပြထားသည်

နိုင်ငံတော်အတိုင်ပင်ခံဘဝ မရောက်မီ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဗိုလ်ချုပ်ကြီးများကို ဆန့်ကျင် သောကြောင့် နေအိမ်အကျယ်ချုပ် ၁၅ နှစ်နေခဲ့ရပြီး နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့များက သူရဲကောင်း အဖြစ် ချီးမြှောက်ခဲ့ကြသည်။

ယခုအခါတွင်မူ သူသည် ဗိုလ်ချုပ်ကြီးများနှင့် စေ့စပ်ရင်ကြားစေ့ရေး မျှော်ကိုးပြီး တပ်မတော်က ကျူး လွန်ခဲ့ ပုံရသော စစ်ရာဇဝတ်မှုများကို မသိကျိုးကျွန် မျက်နှာလွှဲခဲ့သည်ဟု ဆိုကာ ယခင်က ထောက်ခံခဲ့သော လူ့ အခွင့်အရေးအဖွဲ့များက တရားစွဲလာကြသည်။

Thursday, November 14, 2019

ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားမှာ တရားစွဲဆိုမှု အချုပ်အခြာထိပါးတယ်လို့ NLD ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
နေမျိုးထွန်း
2019-11-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ ၂ဝ၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲ တက်ရောက်စဉ် Photo: Thiha Tun/RFA 


ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ၂၀၁၇ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ ခုနှစ်သိန်း မောင်းထုတ်မှုနဲ့ ပတ်သက်ပြီး တရားစွဲ ဆို ချက်ကို NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က နိုင်ငံတစ်ခုရဲ့ အချုပ်အခြာကို ထိပါးနေတာဖြစ်လို့ လိုက်နာမှာမ ဟုတ်ဘူးလို့ RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အကြီးအကဲတွေကို အာဂျင်တီးနား တရားရုံးမှာ စွဲဆိုမည်

14 နိုဝင်ဘာ၊ 2019  
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ် ဖြတ် မှုနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာတွေနဲ့ လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီး နား တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။

ဒါဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ပထမဆုံး အကြိမ်အဖြစ် တရားရေးအရ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */