VOA
ဗွီအိုအေ (မြန်မာဌာန)
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2020 အင်ကြင်းနိုင်
ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း covid-19 စစ်ဆေးမှုပြုလုပ်နေ
COVID-19 ကပ်ရောဂါကူးစက်မှုကို စိုးရိမ်နေချိန် ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အိုး အိမ် စွန့်ခွာထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ အလွန် ဆိုးရွားနေကြောင်း အမေရိကန် အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်းတခုက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၂၇ ရက်စွဲနဲ့ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုတင်သွင်းတဲ့ Arakan Rohingya Union ရဲ့ အစီရင်ခံစာမှာ စစ်ပွဲတွေကြောင့် ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေပြန် ပေါ်လာပြီး အခုဆိုရင် ဘင်္ဂလားပင်လယ်အော်မှာ လှေနှစ်စီးနဲ့ ဒုက္ခသည် ၅၀၀ ကျော်လောက် မျောနေတဲ့အကြောင်း အဖွဲ့ဥက္ကဌ ဒေါက်တာဝါကာအူဒင်က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။