" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပဋိပက္ခ. Show all posts
Showing posts with label ပဋိပက္ခ. Show all posts

Thursday, September 14, 2023

သတိထားရမည့် ရခိုင်နှင့် မွတ်ဆလင်တို့၏ ပဋိပက္ခ

Western News- WN
ဂေါင် - ရေးသားသည်။
25 ဒီဇင်ဘာ 2021


ဆောင်ပါးအနှစ်ချုပ်
ဤဆောင်းပါးတွင် လူမျိုးစုနှစ်ခုကြား ပဋိပက္ခအသွင်ဆောင်လာသည့် ဖြစ်စဉ်များ၊ ပြည်သူတို့၏ သံသ ယ၊ ယခုရပ်ပိုင်း ထူးခြားလာမှု၊ ULA က သတိပေးချက်၊ IDP စခန်းနေသူတို့ သဘောထား၊ယခင် က ပဋိပက္ခဖြစ်ရပ် သုံးသပ်ချက်၊ မွတ်ဆလင် AA စစ်ကောင်စီတို့၏ လက်ရှိဆက်ဆံရေး အခြေ အ နေစ သည်တို့ကို ဖော်ပြရေးသား ထားသည်။

Wednesday, May 19, 2021

ရိုဟင်ဂျာပဋိပက္ခ ရေရှည်ခိုင်မာတဲ့အဖြေရှာဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

VOA
ဗွီအိုအေမြန်မာပိုင်း
မသိင်္ဂီထိုက်
19 မေ၊ 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်များ။

ရိုဟင်ဂျာ ပဋိပက္ခအတွက် ရေရှည် ခိုင်မြဲမယ့် ဖြေရှင်းချက် ရရှိရေး ဘင်္ဂလားဒေ့ရှ်က ဦးဆောင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှူရှင် ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။

Wednesday, October 7, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်း ပဋိပက္ခ၌ လူရာချီ ဒါဏ် ရာရရှိ၊ အုပ်စုဖွဲ့လျှက် လူသေဆုံးသည်အထိ ရက်ရှည်တိုက် ခိုက်မှုများနောက်ကွယ်တွင် ARSA ရှိနေဟု ဆို။ စခန်းတွင်း တရားဥပဒေစိုးမိုးရေးအတွက် တပ်ဖွဲ့ဝင်များကို ဘင်္ဂလား ဒေ့ရှ်အစိုးရစေလွှတ်

H20U
Date-08/10/2020
လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်၍ ကော့ခ်ဘဇားခရိုင် အူခီယာမြို့နယ်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်အတွင်း ၌ ဒုက္ခသည်ရိုဟင်ဂျာ အုပ်စုနှစ်စုအကြားတွင် ပဋိပက္ခများဆက် တိုက်ဖြစ် ပွားခဲ့ရှိသည်။ ဗုဒ္ဓဟူးနေ့ တစ်နေ့လုံး ပြတ်တောင်းပြတ်တောင်းဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှု များ၌ အ နည်း ဆုံး လူ ၅၀ ခန့် ဒါဏ်ရာရရှိသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

Sunday, October 6, 2019

မောင်တော ပဋိပက္ခ ဘာလဲ၊ ဘယ်လဲ

ပြန်ကြားရေးဝန်ကြီးဌာန
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ဆောင်းပါး
နိုဝင်ဘာ ၉ ရက် နံနက်လင်းအားကြီးအချိန်က လူ ၉ဝ ခန့်ရှိ သည့် လူအုပ်ကြီးက မောင်တောမြို့နယ် ကျီးကန်းပြင်ရှိ ရဲ တပ်ရင်းဌာနချုပ်နှင့် ငါးခူရနယ်မြေရဲကင်းများကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျ ဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လက်နက်မျိုးစုံအလက် ၅ဝ ကျော်နှင့် အရေအတွက်ထောင် ဂဏန်းမျှရှိသော ကျည် ဆန်များကိုလည်း လုယူသွားခဲ့သည်။ အဆိုပါဖြစ် စဉ်ကြောင့် နယ်မြေရှင်းလင်းရေးဆက် လက်ပြုလုပ်စဉ် တပ်မတော်သား ငါးဦးလည်း ကျဆုံးခဲ့ ရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော ထုတ်ပြန်ချက်ထဲတွင် ပြည် ပမှ ငွေ ကြေး ထောက်ပံ့မှု၊ ပြည်ပအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများ ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူး လွန်ခြင်း ဖြစ် ကြောင်း၊ အဓိကအားဖြင့် ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေးအဖွဲ့ (RSO) နှင့် ဆက်နွှယ်သော အကာလ်မူလ် မူဂျာဟီဒင်န် (Aqu Mul Mujahidin)က မောင်တောဒေသတွင် အခြေစိုက်ကာ အဖွဲ့ခေါင်း ဆောင် ဟာဗစ် တူဟာရ် (Havistoohar)က ဦးဆောင်စီစဉ်သည်ဟု ထုတ်ပြန်ထားသည်။


ဖြစ်စဉ်နောက်ကွယ်မှ ပါဝင်ပတ်သက်သူများ

ဟာဗစ်တူဟာရ်ဆိုသူ၏ အမည်မှန်မှာ Hafiz Tohar ဖြစ်ပြီး အသက် ၄၅ နှစ်ခန့်ရှိကာ မောင်တောမြို့နယ်ကျောက်ပြင် ဆိပ်ကျေးရွာဇာတိဖြစ်သည်။ ဟာဗစ်တူဟာရ်သည် ဘင်္ဂါလီနွယ်ဖွား ပါကစ္စတန်နိုင်ငံသား အဘ်ဒု ကွာဒိုဘာမီ (Abdu Qadoos Burmi) (ခါလစ်ဟုလည်းခေါ်သည်)ဦးဆောင်သော Harkat Ul-Jihad Islami-Arakaan (HUJI-A) ဆိုသည့်အဖွဲ့နှင့် ချိတ်ဆက်မိပြီး ပါကစ္စတန်နိုင်ငံ တွင် ခြောက်လမျှ စစ်ပညာ သင်ကြားခဲ့သည်ဟုဆိုသည်။ ထို့ နောက် မောင်တောသို့ပြန်လာပြီး တပ်ဖွဲ့ဝင် ၄ဝဝ မျှ စုဆောင်း မိခဲ့သည်။ ဟာဗစ်တူဟာရ်မှာ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အကြိမ်ကြိမ်ဖြတ်ကျော်ပြီး အရှေ့အလယ် အပိုင်း အဖွဲ့အစည်းများမှ ငွေကြေး အကူအညီများ ရယူခဲ့သလို ခါလစ်ကိုယ်တိုင် ရခိုင်ပြည် နယ်မြောက်ပိုင်း သို့ရောက် လာပြီး ဒေသခံများအား စစ်ပညာများ သင်ကြားပေးခဲ့သည်။ ခါလစ်မှာ ၁၉၈ဝ ပြည့် လွန်နှစ်များက ပါကစ္စတန်သို့ ထွက်ပြေးသွားခဲ့သည့်ဘင်္ဂါ လီ နွယ်ဖွားဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် HUJI-A ကို စတင်တည် ထောင်ခဲ့သည်။

HUJI-A မှာ ပါကစ္စတန် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် Lashkar-e-Tayyaba (LeT)အဖွဲ့နှင့် ဆက်စပ် မှုရှိနေပြီး ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင်ကျင်းပသည့် ရိုဟင်ဂျာမူဆလင် များနှင့် သွေးစည်း ညီညွတ်ရေး ညီလာခံအခမ်းအနားတစ်ခု တွင် ခါလစ်ကို LeT အဖွဲ့ခေါင်းဆောင် ဟာဗစ်ဆာရိဒ် (Hafiz Sayeed) နှင့် အတူ စင်မြင့်ထက်တွင် မိန့်ခွန်းပြောနေသည်ကို တွေ့ရဖူးသည်။ LeT ၏ အဓိပ္ပာယ်မှာ Army of God ဟု အဓိပ္ပာယ်ရပြီး ပါကစ္စတန်တွင်အခြေစိုက်သည့် အကြီးမားဆုံး နှင့် အတက်ကြွဆုံး အကြမ်း ဖက်အ ဖွဲ့အ စည်းတစ်ခု ဖြစ်သည်။ ပါကစ္စတန်ပိုင် ကက်ရှမီးယားတွင် အခြေစိုက်စခန်းများရှိပြီး အိန္ဒိယပိုင် ကက်ရှ် မီးယားရှိ အရပ်ဘက်ပစ်မှတ်များကို တိုက် ခိုက်လေ့ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့အပြင် ၂ဝဝ၁ အိန္ဒိယပါလီမန် တိုက်ခိုက်မှုနှင့် ၂ဝဝ၈ မွမ်ဘိုင်းတိုက်ခိုက်မှုများ ၏ နောက်ကွယ် တွင်ရှိသည့် အဖွဲ့ တစ်ခုဖြစ်သည်ဟု သံသယ ရှိနေသောအဖွဲ့လည်းဖြစ်သည်။

ခါလစ်မှာ ရခိုင်ဒေသမှဘင်္ဂါလီများကို စုဆောင်းကာ ပါကစ္စတန် တွင် သင်တန်းပေးပြီးနောက် ဘင်္ဂလားဒေ့ရှ် သို့ပြန်လွှတ်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် သင်တန်းများထပ်မံပေးကာ တိုက်ခိုက်ရေး အစီအစဉ်များ ရေး ဆွဲခဲ့သည်ဟု ယူဆရသည်။ ထိုသို့ သင်တန်းများပေးရာတွင် LeT တပ်ဖွဲ့ဝင်များမှာ အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ပြီး အိန္ဒိယထောက်လှမ်းရေး အစီရင်ခံ စာများအရ ရခိုင်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်း များတွင် LeT တပ်ဖွဲ့ဝင်များ ဝင်ရောက်နေထိုင်လျက်ရှိသည်ဟု သိရှိရ သည်။ ထိုသို့ ဝင်ရောက်နေထိုင် နိုင်ရန် အဓိကအကူအညီပေး နေသည့်အဖွဲ့အစည်းနှစ်ရပ်မှာ LeT အဖွဲ့မှ လူမှုကူညီရေး အသင်းအ ဖွဲ့အဖြစ် ယောင်ပြဖွဲ့စည်းထားသည့် Jamaat-ud-Dawa(JUD) နှင့် Fala-I- Insaniyat Foundation (FIF) တို့ ဖြစ်ကြသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့စလုံးမှာ အမေ ရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အမည် စာရင်း ထည့်သွင်းထားခြင်းခံရသည့် အဖွဲ့များလည်း ဖြစ်ကြ သည်။

အဆိုပါအဖွဲ့များအပြင် Harakah-al-Yaqin(HAY) ဆိုသည့်အဖွဲ့သစ်တစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။ အဆိုပါ အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းတွင် အခြေစိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို တရားမဝင် နယ်စပ်ဖြတ်ကျော် ကာ ပဋိပက္ခများဖန်တီးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရခိုင် ပြည်နယ်ဘက်ခြမ်းတွင် ဟာဗစ်တူဟာရ် ဦး ဆောင်သော အကာလ်မူလ် မူဂျာဟီဒင်န် (Aqu Mul Mujahidin) အဖွဲ့ က လှုပ်ရှားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် HAY က တာဝန် ယူကာ ဟန်ချက်ညီညီ လှုပ်ရှားခဲ့ကြသည်။

သို့သော်….
ထိုသို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပူးပေါင်း ပါဝင်ပတ်သက်ပြီး ကြံစည်အား ထုတ် ခဲ့ကြသော်လည်း တုတ်၊ ဓားများသာ ကိုင်ဆောင်ပြီး လုံခြုံရေးစခန်းသုံးခုကို လူအင် အားဖြင့် ဝင်ရောက် စီးနင်းမှုအပေါ် နိုင်ငံတကာမီဒီယာများက မေးခွန်းထုတ်လျက်ရှိသည်။ အနောက် တိုင်းမီဒီယာ များနှင့် ရိုဟင်ဂျာအရေးထောက်ခံသူများ အဆိုအရ ဆင်းရဲနိမ့်ကျနေ သော ဒေသခံမူဆလင်များက အခြေအနေ အပေါ် သည်းညည်း မခံနိုင်တော့၍ ရရာလက်နက်စွဲကိုင်ကာ ပုန်ကန်သည့်သဘော ပြောဆိုနေကြသည့် သဘောကိုလည်းတွေ့ရသည်။

အဖြစ်မှန်မှာ ဘင်္ဂလားဒေ့ရှ်တွင် Sheikh Hasina ဦးဆောင်သည့် အစိုးရတက်လာပြီးသည့်နောက် အစွန်း ရောက် အကြမ်းဖက်အဖွဲ့အစည်းများကို ပြတ်ပြတ်သားသား နှိမ်နင်းနိုင်ခဲ့သည်။ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အုပ် စု များသည် ငွေအား၊ လူအား၊ လက်နက်အားဖြင့် ဘင်္ဂလားဒေ့ရှ် အရှေ့ဘက်ဒေသတွင် အခြေစိုက်စခန်းများရပ် တည်နိုင်ရန် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သော်လည်း ဖြိုခွဲခံခဲ့ရသည်။ ထို့ ကြောင့် အစွန်းရောက် အကြမ်းဖက်အုပ်စုများ၏ အကြံအစည် များမှာ အောင်မြင်မှုမရခဲ့ခြင်းဖြစ်သည်။

မောင်တောဖြစ်စဉ်တွင် ဒေသတွင်းရှိ မူဆလင်အသိုင်း အဝိုင်းအတွင်း ဝင်ရောက်စည်းရုံးကာ ဒေသတွင်း ရရာလက်နက် များဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းသာဖြစ် သည်။ ဒေသတွင်းရှိ လုံခြုံရေးတပ် ဖွဲ့များ၏ ပေါ့လျော့မှု၊ သတင်း အချက်အလက်မရရှိမှုအပေါ် အသုံးချ တိုက်ခိုက်သွားခြင်းသာ ဖြစ်သည်။ ထို့ ကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားအချို့ သေကျေဒဏ်ရာရမှုရှိခဲ့သော်လည်း အခြေ အနေကို ရက်ပိုင်း အတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ ဆိုခဲ့ပါအတိုင်း အစွန်း ရောက် အကြမ်းဖက်အုပ်စုက မူလစီစဉ် ထားသည့်အတိုင်း လူသူ၊ လက်နက်အင်အား တောင့် တင်း စွာ ဖြင့် ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက မောင်တောဒေသမှာ စစ်တလင်းဖြစ်မည်မှာ မလွဲပေ။

နိဂုံးချုပ် သုံးသပ်ချက်

၂ဝဝ၈ ခုနှစ်ကစတင်၍ ပေါ်ပေါက်လာခဲ့သည့် လှေစီးဒုက္ခ သည်များကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အ နောက်ဘက်ခြမ်း ဒေသမှ မူဆလင်များသည် ဒေသတွင်း အစွန်းရောက် အကြမ်း ဖက်အုပ်စုများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Abu Sayyaf နှင့် အင်ဒိုနီးရှားအခြေစိုက် Jemaah Islamiyah အုပ်စုတို့ ပါဝင်ပတ် သက်မှုရှိနိုင်သည်ကို ဒေသတွင်း လုံခြုံရေး ကျွမ်းကျင်သူများက ထောက်ပြကြသည်။ ၂ဝ၁၅ ခုနှစ်တွင် ပါက စ္စတန် တာလီဘန်တို့နှင့် ဆိုမာလီ အယ်ရှာဘတ်အဖွဲ့တို့က အရှေ့တောင်အာရှမှ မူဆလင်ညီအစ်ကို များ အနေဖြင့် ရိုဟင်ဂျဒုက္ခသည် တို့အရေးကို ဝင်ရောက်ကူညီရန် လှုံ့ဆော်ပေးခဲ့ ကြဖူးသည်။ နိုင်ငံတကာ ဂျီ ဟတ်တိုက်ခိုက်ရေးသမားများအနေ ဖြင့်လည်း ရခိုင်ဒေသမြောက်ပိုင်းမှ မူဆလင်တို့အရေး တွင် ဝင် ရောက် ပါဝင်နိုင်ရန် အခွင့်အရေးရှာလျက်ရှိသည်ကို ထောက်လှမ်းရေးသတင်းများအရ သိရှိရသည်။

ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ဘူးသီးတောင် မောင် တော ဒေသအရေးကို သတိထားကိုင်တွယ်နိုင်ရန် လို အပ် သည်။ နိုင်ငံတကာ အကြမ်းဖက်အုပ်စုများက ရခိုင်ပြည်နယ် (မြောက်ပိုင်း)၏ ဆင်းရဲနိမ့်ကျမှု ရေခံ မြေခံကို အသုံးချနိုင်ရန် စောင့်ဆိုင်းလျက်ရှိနေစဉ် အချို့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ လူ့အခွင့် အရေး လှုပ်ရှားသူများကလည်း ရခိုင် မြောက်ပိုင်းနေ ဘင်္ဂါလီများကို လူမျိုးတစ်မျိုး (ရိုဟင်ဂျာ) အဖြစ်လက်ခံ ရန် ဖိအားပေးလျက်ရှိကြသည်။ မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အပါအဝင် ရခိုင်ပြည် နယ် တစ်ခုလုံး ဖွံ့ဖြိုးနိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန်လို သကဲ့သို့ ရခိုင်ပြည်နယ်(မြောက်ပိုင်း)သို့ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာနေသည့် တရား မဝင် ခိုးဝင်မှုများကို တားဆီး ရန်၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်း စဉ်များကိုလည်း ပြတ်ပြတ် သားသား ရဲရဲတင်းတင်းလုပ်ဆောင် ရန် လိုအပ်သည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ မြန်မာ နိုင်ငံသားများအားလုံး စည်းလုံး ညီညွတ်စွာဖြင့် အကြမ်းဖက်အန္တရာယ်ကို ပြတ် ပြတ်သားသား ဆန့်ကျင်ကြရန် လိုအပ်လျက်ရှိသည်။ ။

မောင်သစ္စာ
Link : Here 

Monday, March 4, 2019

မလိုမုန်းထား ခွဲခြားဆက်ဆံမှုနှင့် တစ်ဖက်စောင်း နင်းလုပ်ရပ်များ

မြန်မာ့အလင်း
မြန်မာ့အလင်း အယ်ဒီတာ့ အာဘော်




ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်ကာလက စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒုတိယကမ္ဘာစစ်အပြီးကာလတွင် ဖြစ်သည့် အလျောက် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည်လည်း တစ် ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ပေါ်လာစေရန်၊ လူများ၏ နေထိုင်မှု အဆင့်အတန်း ပိုမိုကောင်းမွန်စေ၍ ဆင်းရဲခြင်း၊ ရောဂါ များဖြစ်ပွားခြင်း၊ စာမတတ်ခြင်းတို့ က္ဘာပေါ်မှ ပပျောက်စေရန်၊ လူ့ပတ်ဝန်းကျင်ပျက်စီးမှု ရပ်တန့်စေရန်နှင့် လူအချင်းချင်း၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အပြန်အလှန်အရေးထား လေးစားရေးအတွက် အတူ တကွပူးပေါင်း ဆောင်ရွက်ကြစေရန်၊ နိုင်ငံများအား ထိုရည်မှန်းချက်များ ပေါက်ရောက် စေရေးအတွက် ကူညီပံ့ပိုးသော ဗဟိုဌာနဖြစ်စေရန်ဟူ၍ ဖြစ်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */