" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စက်သုံးဆီ. Show all posts
Showing posts with label စက်သုံးဆီ. Show all posts

Monday, November 27, 2023

စစ်ကောင်စီကရခိုင်တစ်ပြည်လုံးအနှံ့လမ်းများကိုပိတ်ဆို့ထား ၍ လယ်သမားများအနေဖြင့် စပါးရိတ်သိမ်းရန် စက်သုံး ဆီ အထူးခက်ခဲနေ

Narinjara
ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃

စစ်ကောင်စီက ရခိုင်တစ်ပြည်လုံးအနှံ့ရှိ  ကုန်းလမ်း၊ ရေလမ်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ် ထား၍ လယ်သမားများတွင် စပါးများရိတ်သိမ်းရန် စက်သုံးဆီ အထူးအခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ရခိုင်ရှိ မြို့နယ်အချို့တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တ ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ယင်းနေ့မှ စတင်ကာ စစ်ကောင်စီက တစ်ပြည်လုံးအနှံ့ရှိ ကုန်းလမ်းနှင့် ရေလမ်းများကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */