ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာဒုက္ခသည်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုများလာနေတဲ့အတွက် ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးဖို့ ကြိုးစားနေပြီး အခြေအနေ ပိုဆိုးလာမယ်လို့ မျှော်လင့်ကြောင်း ကော့်ဇ်ဘဇားမှာရှိတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းညှိနှိုင်းရေးမှူးStephanie Hoffman က X လူမှုကွန်ယက်မှာပြောပါတယ်။