Showing posts with label ဒဏ်ရာရ. Show all posts
Showing posts with label ဒဏ်ရာရ. Show all posts

Saturday, May 18, 2024

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်နဲ့ AA ကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံး၊ နှစ်ရာနီးပါး ဒဏ်ရာရ

RFA
RFA Burmese
2024.05.18

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် မနက် ၄ နာရီတွင် တွေ့ရစဉ်။Citizen Journalist 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ လေကြောင်းနဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံးပြီး နှစ်ရာခန့် ဒဏ်ရာရခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က ပြောပါတယ်။

Saturday, November 5, 2022

ဘူးသီးတောင်တွင် စစ်တပ်ကပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျ၍ မွတ်ဆလင်ကျေးရွာသားတစ်ဦးသေ၊ ၅နှစ် အ ရွယ် ကလေး၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

နိရဉ္စရာ
နိုဝင်ဘာ ၅/၂၀၂၂ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စစ်ကောင်စီတပ် စကခ (၁၅)က ပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာထဲ ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင်ကျေးရွားသား တစ်ဦးသေဆုံးပြီး (၅) နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ 

ယနေ့ နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် စကခ(၁၅) က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် သရက် ကင်းမနူး မွတ်ဆလင်ကျေးရွာထဲကျ၍ ဦးအဘူနော်ဆဲရ် သေဆုံးသွားခဲ့ပြီး (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် (၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက် နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၁ ဦးသေဆုံး ၊ အသက် ၅ နှစ် အရွယ်ကလေးငယ်နှင့်အမျိုးသမီးဒဏ်ရာရ

မဇ္စျိမ
05 November 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ကင်းမနုကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ် စကစ(၁၅)မှ ပစ်ခတ်ခဲ့သည့် လက် နက်ကြီးကျည်သည် သရက်ကင်း မနုကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဦးအဘူနော်ဆဲဆိုသူ သေဆုံး ခဲ့ပြီး အသက် ၃၅ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ငါးနှစ်အရွယ် ကလေး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Friday, March 13, 2020

ဖမ်းထားသည့် တပ်မတော်သားများအနက် ဒဏ်ရာရထား သူနှစ်ဦးကို ပြန်လွှတ်ပေးလိုဟု AA ထုတ်ပြန်

မြန်မာတိုင်းမ်နေ့စဉ်
ခင်မြတ်မြတ်ဝေ
13 MAR 2020

 ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မုန့်သန်းပြင်ရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် တပ်မ တော်သား ၃၀ ကျော်ရှိသည့်အနက် တပ်မတော်သားနှစ်ဦးကို ကျန်းမာရေး အခြေအနေ စိုးရိမ်ရ သဖြင့် ပြန်လွှတ်ပေးလိုကြောင်း AA က မတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */