" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, March 2, 2024

❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့ ❞

 မင်း သေ့
February 29 at 4:36 AM  ·
❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့  ❞

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းကို အကြီးအကျယ် လှုပ်ရမ်းပစ်နိုင်ခဲ့ပါတယ်။ အဲသည့် အလှုပ်အရမ်းတွေထဲမှာ၊ “အိုက်ဒေါ - အပြောင်းအလဲ” ဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ လူထုတွေထဲမှာ လူငယ်ထုရဲ့ ထက်သန်ပြင်းပြမှုဟာ အင်မ တန် အံ့ဩစရာ ကောင်းခဲ့ပါတယ်။ ဒီထက်သန်ပြင်းပြမှုကို ရိုက်ချိုးဖို့အတွက်၊ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ဦးကျိုးအောင် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဦးမကျိုးဘဲ ခေါင်းထောင်ဖို့အတွက် မြန်မာလူငယ်တွေဟာ နည်း နာ နိဿယကို ပြောင်းလဲခဲ့ကြတယ်။ အဲဒါကတော့ အကြမ်းမဖက်လူထုတော်လှန်ရေးနည်းမှသည် လက်နက်ဆွဲကိုင်တော်လှန်တဲ့ လက်နက်ကိုင်လမ်းစဉ်အဖြစ် လှည့်ပြောင်းခဲ့ကြပါတယ်။ 

Wednesday, February 28, 2024

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

ဧရာဝတီ
24 February 2024

၂၀၁၈ ခုနှစ်င်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး တဘက်က ရိုဟင်ဂျာများ/AFP
 
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး စာရင်းကောက်ယူမှုသည် စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးချရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အမျိုး သား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။

Tuesday, February 27, 2024

နိုင်ငံတော် အတိုင်ပင်ခံ၏ ဟိဂ် ခရီးစဉ်

ယောနသံ
by Hla Soewai -
Feb 27 2024

ယင်း နှင့် ပတ်သက်၍ မြန်မာ ပြည်သူ အများစု မှ ၎င်းတို့၏ ခေါင်းဆောင် အပေါ် အနောက်တိုင်း၏ ဝေဖန် ပြစ်တင်ခဲ့မှုများသည် မှားယွင်းစွာ သုံးသပ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြပြီး ဖြစ်သည်ဟု Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ဒဲရက် တွန်ကင် မှ မည်မျှအထိမှားယွင်း ခဲ့သည်ကို ယခုလို ထောက်ပြ ရေးသားသွားခဲ့သည်။

Sunday, February 25, 2024

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

ဧရာဝတီ
24 February 2024

၂၀၁၈ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး တဘက်က ရိုဟင်ဂျာများ/AFP

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး စာရင်းကောက်ယူမှုသည် စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးချရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။
                                                      

Wednesday, February 21, 2024

မြန်မာ့တော်လှန်ရေးထဲမှ တရုတ်၏ အကျိုးအမြတ်နှင့် အနောက်အုပ်စု၏ အရှုံး

ASIA TIMES
[စောသန္တာအေး ဘာသာပြန်ပါသည်။]

 Asia Times တွင်ဖော်ပြထားသော David Scott Mathieson ၏ China success, Western failure in revolutionary Myanmar ကို စောသန္တာအေး ဘာသာပြန်ဆိုပါသည်။ မူရင်းဓာတ်ပုံ - ရှမ်းမြောက်ရှိ ရှေ့တန်းတစ်နေရာသို့ သွားရောက်မည့် မန္တလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာကြီး၌ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အမေရိကန် ပြည်တွင်းနိုင်ငံရေး အမှိုက်ပုံးမီးလောင်မှု အစရှိသည့် ဖြစ်ရပ်ကြီးများကြား၌ မြန်မာ့အရေးသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရခဲ့ပေ။ကမ္ဘာ ပေါ်၌ အရေးစိုက်မခံရဆုံး ပဋိပက္ခဖြစ်သည့် ဆူဒန်ပဋိပက္ခနှင့် တန်းတူလိုက်နေသော မြန်မာ့အရေးသည်လည်း အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်သည် ရှေ့မတိုးနောက်မဆုတ် အခြေအနေ၌ ပိတ်မိနေပြီဟူသော အယူအဆမှားဖြင့် ဘေးထိုးခံနေခဲ့ရသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများရဲ့ မီးဘေး သံသရာ

Myanmar Now
ကျော်မင်းထွန်း
February 21, 2024

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဒုက္ခသည်စခန်းတွေ မကြာခဏ မီးလောင်နေတာကို ဟန့်တားကြရမှာ ဖြစ်သလို ဒုက္ခ သည်ကို ပိတ်ပင်ထားတာတွေကိုလည်း ဖြေလျှော့ပေးဖို့ အရေးတကြီး လိုအပ်လာနေပါတယ်။

၂၀၀၆ ခုနှစ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ရသော ရိုဟင်ဂျာဒုက္ခသည်နှစ်ဦး (ဓာတ်ပုံ - Myanmar Now)

စခန်းထဲ မီးလောင်နေပြီ ဆိုတဲ့ ဗလီအသံချဲ့စက်က သတိပေးသံကြောင့် ကျွန်တော်တို့မိသားစု အလန့်တကြား နိုးလာကြတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ ညသန်းခေါင်မှာပါ။ ကျွန်တော်တို့ ကြောက်လန့်ပြီး အပြင်ကို အမြန်ထွက် ပြေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ လောင်နေတဲ့ မီးတောက်ကြီးကြောင့် မနက်မိုးလင်းနေသလားလို့တောင် ထင်မှတ်ရလောက်အောင်ပါပဲ။

Monday, February 12, 2024

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်

ဧရာဝတီ
11 February 2024

၂၀၂၄ ဇန်နဝါရီ ၂၇ရက်က မန္တလေး ပြည်သူ့စစ် ၇/ ၂၀၂၄ သင်တန်းဆင်းပွဲ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယမန်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အရွယ်ရောက် ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြရမည်ဆ်ိုသော ပြည်သူ့စစ်မှုထမ်းဥပဒေကိုလူအများ လက်မခံဘဲ ဝေဖန်မှုများရှိနေသည်။

Saturday, February 10, 2024

စစ်ကောင်စီတပ်တွေ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်းစစ်မျက်နှာ

မိုးမခ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ 


ပေါက်တော၊ ပလက်ဝ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ မြို့တွေ နဲ့ အဆိုပါ မြို့တွေရှိတဲ့ နေရာဒေသတွေမှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေ၊ စကခ လို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်တွေ၊ ဗျူဟာအရ အချက်အချာကျပြီး မြေပြင်အနေအထားအရ အပေါ်စီးရတဲ့ ဗျူဟာကုန်းလို စစ်စခန်းတွေကို လွန်ခဲ့တဲ့ ၂ လကျော်အတွင်း Arakan Army, AA က တခုပြီးတခု၊ တမြို့ပြီး တမြို့ သိမ်းယူခဲ့တာ သတင်းတွေထဲ တွေ့မြင်နေရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ရွေးကောက်ပွဲ - ရိုဟင်ဂျာဒုက္ခသည်တွေကို အမုန်းပွားစေတဲ့ ကောလာဟလတွေ

BBC
၁၀ ဖေဖော်ဝါရီ ၂၀၂၄

ရိုဟင်ဂျာတွေကို ကျောင်းသားတွေ တိုက်ခိုက်ခဲ့တာက အွန်လိုင်းက သတင်းအမှားတွေကြောင့်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်တုန်းက ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ဝတ်ပြုဆုတောင်းနေတဲ့ ခန်းမတစ်ခုရဲ့ မြေအောက်ထပ်ထဲကို လူအုပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

Tuesday, January 23, 2024

ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ

Nikkei Asia
2024 Jan'23


ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ

မြောက်ကိုရီးယား ၏ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်သည့် ဖြစ်ရပ်အပေါ် လူပြောများနေချိန် ပြီးခဲ့သော နိုဝင်ဘာလအတွင်းတွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့သည် လေးနှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှု၌ တရုတ်က မိမိအနေဖြင့် အရှေ့မြောက်အာရှဒေသကို တည်ငြိမ်အောင် ထိန်းညှိသူ ‘Stabiliser’ အဖြစ် ရှိနေမည်ဟု ကတိပြုသလို ဒေသတွင်းအုပ်စုဖွဲ့ ပူးပေါင်းမှုကိုလည်း ဆန့်ကျင်ပြော ကြားခဲ့သည်။

Friday, January 19, 2024

စစ်ကောင်စီရဲ့ နိုင်ငံရေးကျဆုံးခန်း

မဇ္စျိမ
January 19, 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းကာလ သုံးနှစ်ထဲ ချဉ်းနင်း ဝင် ရောက်ခဲ့ပါပြီ ။ အာဏာသိမ်းကာလတလျှောက်ကို ပြန်ကြည့်လိုက်ရင် နေရာဒေသအနှံ့အပြားမှာ ၊ ကဏ္ဍအ သီးသီး မှာ အနိဋ္ဌာရုံတွေ၊ ဆုတ်ယုတ်မှုတွေနဲ့သာ ပြည့်နှက်နေတာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ် ကောင်စီ ဟာ ဒီသုံးနှစ်ထဲမှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခံရမှု နဲ့ စစ်ရေး အရရှုံး နိမ့်မှု တွေဟာ နိုင်ငံရေးကျဆုံးခန်းကို ဦးတည်နေပါတယ်။

မင်းအောင်လှိုင်ဥပုသ်စောင့်ရန် စိတ်ကူးယဉ်ပြန်တဲ့အာဆီယံ

DVB
January 18, 2024

ရှမ်းမြောက်တခွင် စစ်ဆင်ရေးတွေ ဝုန်းဒိုင်းကြဲနေတဲ့ နိုဝင်ဘာလအတွင်း အာဆီယံရဲ့အသံကို တချက်ကြားခဲ့ ရ တယ်။ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ကမကထပြုမှုနဲ့ NUG အစိုးရ၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကြားခံလူတွေ ပါဝင် တဲ့ ဆွေးနွေးပွဲတရပ် ဂျကာတာမှာ ကျင်းပခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်။

Tuesday, January 16, 2024

ရပ်တည်ရေးအခက်အခဲကြောင့် ရိုဟင်ဂျာတွေ ပြည်ပထွက် ခွာမှုပိုများလာ

RFA
RFA Burmese
2024.01.16 

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ကိုင်းသောင်ကျေးရွာနှင့် လေးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည် ၇၂ ဦးအား တွေ့ရစဉ်။ kyaw Swar / Telegram

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ဒုက္ခသည် စခန်းတွေမှာ စားဝတ်နေရေး ခက်ခဲမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို လူကုန်ကူးပွဲစားတွေက နေတဆင့် တရားမဝင် လမ်းကြောင်းနဲ့ သွားရောက်တာပိုများလာတယ်လို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါ တယ်။

Thursday, January 11, 2024

စစ်သုံ့ပန်းများထဲမှရာထူးအမြင့်ဆုံး ဗိုလ်မှူးချုပ်မင်းမင်းထွန်း ကို TNLA ထုတ်ပြန်

Myanmar Now
သူရမောင်
January 11, 2024 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော နမ့်ဆန်မြို့ကို TNLA သိမ်းယူခဲ့သောတိုက်ပွဲအတွင်း စစ် ကောင် စီဗိုလ်မှူးချုပ်ကို လက်ရဖမ်းမိခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် ဝန်ခံထွက်ဆိုနေသောရုပ်သံဖိုင်ထုတ် ပြန်လာခြင်းဖြစ်သည်။

အင်ဒိုနီးရှား Galang ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဆုမွန်
၁၁ ဇန်နဝါရီ၊ ၂၀၂၄ 

Wednesday, January 10, 2024

၂၀၂၄ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ရှေ့မျှော် လင့်ချက်

VOA
ဆုမွန်
၁၀ ဇန်နဝါရီ၊ ၂၀၂၄ 

၂၀၂၃ခုနှစ် တနှစ်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံစားနပ်ရိက္ခာ တွေဖြတ် တောက်ခံရတာ-စခန်းတွင်းမှာပဲ လုံခြုံရေးအထူးစိုးရိမ်စရာ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ရင်ဆိုင်ရတာ နေရပ် ပြန်ရေး အစီအစဉ်တွေကလည်း ဖြစ်မြောက်မလာတာ စခန်းတွေကနေစွန့်ခွာပြီး ပင်လယ်ပြင်ကိုဖြတ်ကျော် ဘဝ သစ်ထူထောင်ဖို့ကြိုးပမ်းမှုတွေကလည်း မအောင်မြင်တာလို ကုန်ဆုံးသွားခဲ့တဲ့ ၂၀၂၃က အခက်အခဲစိန်ခေါ်မှုတွေ ကနေ ဒီနှစ်၂၀၂၄ ခုနှစ်အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မျှော်လင့်ချက်အလားအလာတွေဘယ် လိုရှိ နိုင်ပါသလဲဆိုတာ ရိုဟင်ဂျာတွေရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Tuesday, January 9, 2024

အာချေးရောက် ဘင်္ဂါလီအမှုကို ရွာလာပတ်တဲ့ အင်ဒိုနီးရှား

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ
ပြန်ကြား‌ရေးဝန်ကြီးဌာန
ဇာနည်ဘွား
01/09/2024 

 ( အမျိုးသားဝါဒီတွေ ရေးသားသောဆောင်းပါးဖြစ်သည် )

၂၀၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက ရာနဲ့ချီတဲ့ ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူတွေ အင်ဒိုနီး ရှားကို တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ တကယ်တော့ ဒေသ တွင်းမှာ ထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ၁၉၇၀ ပြည့်နှစ်ကျော် ကာလတွေတုန်းကလည်း ဗီယက်နမ်လှေစီး ဒုက္ခသည်တို့၊ ကမ္ဘောဒီးယား လှေစီးဒုက္ခသည်တို့ ပြဿနာကိစ္စတွေ ရှိခဲ့ဖူးတာပါပဲ။ ရွှေ့ပြောင်းသွားလာသူတွေရဲ့ Boat People ဆိုတဲ့ လူကုန်ကူးလှေတွေဆိုလည်း အင်ဒိုနီးရှားမှမဟုတ်ပါဘူး။ မလေးရှား၊ ထိုင်း၊ မြန်မာစတဲ့ ကမ်းရိုးတန်းရေပိုင်နက်အထိ ရောက်ရှိလာခဲ့လို့ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြရ ပါတယ်။

Tuesday, January 2, 2024

၂၀၂၄ ခုနှစ်ရဲ့ အစ NUG ရဲ့ တရုတ်နဲ့ပတ်သက်တဲ့ မူဝါဒ တစိတ်တပိုင်း၊ ရိုဟင်ဂျာဒုက္ခသည်အရေး ဒေသတွင်း ပြဿ နာဖြစ်လာ

MoeMaKa
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၄ 


အနောက်တိုင်း ပြက္ခဒိန် ၂၀၂၄ ခုနှစ် အစမှာ မျှော်လင့်ချက်များနဲ့ နှစ်သစ်ကို ကြိုဆိုကြပေမယ့်လည်း ၂၀၂၃ ခုနှစ် နှစ်ဟောင်းက အဆက်အစပ်တွေ၊ ဖြစ်ရပ်တွေက မနေ့က အဖြစ်အပျက်တွေမို့လို့ ရုတ်တရက် ဘယ်လိုမှ ဖြတ် တောက်လို့ရမှာမဟုတ်ဘဲ အတိတ်ရဲ့ ကောင်းကျိုးရော ဆိုးပြစ်တွေပါ ဆက်လက်ဆက်ခံရင်း အနာဂတ်ကို ဖြတ် သန်းရမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ဘေးဒုက္ခရောက်ခြင်းတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေနေအိမ် တွေ ရပ်ရွာပျက်စီးမှုတွေက ၂၀၂၄ ခုနှစ်ထိတိုင် ဆက်လက်ပါရှိလာနေတာ ဖြစ်ပါတယ်။ အခုရက်ပိုင်း သတင်း တွေ ထဲ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ TNLA က တမြို့ပြီး တ မြို့ သိမ်းယူလာတဲ့ သတင်း၊ သိမ်းယူခံရတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတဲ့သ တင်း၊ တံတားတွေ ဖျက်ဆီးလိုက်တဲ့ သတင်း၊ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ NUG က ၄င်းရဲ့ မူဝါဒ တစိတ်တပိုင်း ကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းတွေက ပရိသတ်ကို စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ အဖြစ်ရှိနေ ကြတာ ဖြစ်ပါတယ်။

Wednesday, December 27, 2023

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်၃ဖွဲ့ဆွေးနွေးပွဲဘာကြောင့် သဘောတူညီချက် မရသလဲ

ဧရာဝတီ
by စောရယ်
27 December 2023

မူဆယ်မြိုနယ် ၁၀၅ မိုင် စီးပွားရေးဇုန်တွင့် တွေ့ရသည့် ညီနောင်မဟာမိတ် သုံးဖွဲ့

ရှမ်းမြောက်တိုက်ပွဲများအတွင်း မြို့များ အရေးပါသောစခန်းများ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီသည်တရုတ်အကူအ ညီ ဖြင့် ညီနောင်မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့နှင့် ယူနန်ပြည်နယ်၌ ဒုတိယအကြိမ် တွေ့ဆုံဆွေး နွေးကြသော်လည်း သဘောတူညီမှု တစုံတရာမရဘဲ အိမ်ပြန်ခဲ့ရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နီးစပ် သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

Thursday, December 21, 2023

ဓားသွားကြွေလို့ လှံလည်းခွေနေပြီဖြစ်တဲ့ အာဏာသိမ်း စစ်တပ်

DVB
December 20, 2023

တပ်ရင်းအလိုက် လက်နက်ချတယ်။ အလံဖြူထောင်လို့ အညံ့ခံတယ်။ မှားမှန်းသိလို့ အလင်းဝင်လာကြတယ်။ ဒါဟာ ယနေ့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဖြစ်အပျက်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်တယ်။

ဘာ့ကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် ပြည်သူ့နှလုံး မသိမ်းကြုံးနိုင်ဘဲ ပြည်သူ့အမုန်း ခံယူနေကြလို့သာ ဖြစ်တယ်။ ပြည်သူတွေကို သေရဲတဲ့ကောင်ထွက်ခဲ့လို့ စိန်ခေါ်တာလိုလို ခြိမ်းခြောက်တာလိုလိုနဲ့ လက်နက်ကိုင်ပြီး အ ကြောက်တရား ဖြစ်လာကြမလားလို့ ရက်စက်တဲ့ အပြုအမူတွေနဲ့ ရမ်းကားခဲ့ကြခြင်း‌ကြောင့် ဖြစ်တယ်။ လူငယ် တွေဟာ အချည်းအနှီး အသေမခံလိုဘဲ ဖက်ဆစ်ဝါဒီ စစ်မိစ္ဆာတွေကို တော်လှန်တိုက်ခိုက်ရင်း အသေခံမယ်ဆိုတဲ့ နိုင်ငံအတွက် ပြည်သူလူထုအတွက် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်တွေချပြီး ယနေ့အထိ စွန့်လွှတ်ခြင်းများ စွာနဲ့ တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်။