၂၀၂၁ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်တစုက တိုင်းပြည်ရဲ့အာဏာကို သိမ်းယူလိုက်ချိန်ကတည်းက ပြည်သူတရပ်လုံး လမ်းပေါ်ထွက် ဆန္ဒပြ၊ နောက်တော့ တောခို လက်နက်ကိုင်၊ အရင်ကတည်းက ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကူအညီယူပြီး ၃ နှစ် တော်လှန်ရေးခရီးစဥ်မှာ ဘုံရန်သူအနေနဲ့ နေရာစုံကနေ တိုက်ခိုက်လာခဲ့ကြတာ အခုဆိုရင် တိုင်းပြည်ရဲ့ နေရာတွေအများစုကို လက်နက်ကိုင် ERO နဲ့ PDF တွေက သိမ်းပိုက်လာနိုင်တဲ့အထိ ဖြစ်လာခဲ့ပါပြီ။