Showing posts with label အရေးပေါ် အကူအညီ. Show all posts
Showing posts with label အရေးပေါ် အကူအညီ. Show all posts

Sunday, September 15, 2019

မိုးဒဏ်သင့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် WFP အရေး ပေါ်ကူညီ

VOA 
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
15 စက်တင်ဘာ၊ 2019 
 ရေကြီးနေတဲ့ ကူတူပလောင် ဒုက္ခသည်စခန်းထဲ ဖြတ်ကူးလာနေသည့် ရိုဟင်ဂျာကလေးမလေးတဦး။ (ဇူလိုင် ၄၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ဒီသီတင်းပတ်အတွင်း မိုးသည်းထန်ပြီး ပိုင်ဆိုင်မှုတွေအားလုံး ရေ ထဲ မျောပါ ဆုံးရှုံးခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကူညီ ထောက်ပံ့ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဒီနှစ်အတွင်း အကြီးမားဆုံး ကယ်ဆယ်ရေးအစီအစဉ်ကို စတင်လိုက်ပါတယ်။ ဂျီနီဗာကနေ Lisa Schlein သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

Monday, April 1, 2019

ရခိုင်စစ်ဘေးရှောင်ဦးရေ ၂၃၀၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်နေ

VOA
ဗွီအိုအေ (မြန်မာဌာန) 
မဆုမွန်၊
30 မတ်၊ 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားနားက ရေတွင်းမှာ ဒေသခံတွေ ရေလာခပ်စဉ် (သြဂုတ်၊ ၀၄၊ ၂၀၁၅)
 
ရခိုင် လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်တွင်း စစ် ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော် အထိ ရှိလာနေပြီး ဒီ စစ်ပြေး ဒုက္ခသည်တွေအတွက် သောက်သုံးရေ ရှား ပါးပြတ် လပ်နေပြီး ရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ယာယီစခန်းတွေထဲ လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေ တနေ့ထက် တနေ့ပိုတိုးလာနေပြီး စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး စောင့် ရှောက်မှုတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်း ထားပါတယ်။

Tuesday, November 22, 2016

( 22.11.2016 ) မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီး ယာယီတဲဖြင့်နေထိုင်လျက်ရှိသည့် ထွက်ပြေးတိမ်းရှောင်လာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်၊ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ရန်စီစဉ်


မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီး ယာယီတဲဖြင့်နေထိုင်လျက်ရှိသည့် ထွက်ပြေးတိမ်းရှောင် လာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်၊ မူလနေရပ်သို့ ပြန် လည်ပို့ဆောင်ရန်စီစဉ်

မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီးတွင် အခြားကျေးရွာများမှ ထွက်ပြေးလာသူများသည် ယာယီ တဲများဖြင့် နေထိုင်လျက်ရှိကြောင်း မြေပြင်သတင်းများအရနယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝ င်များ ကနိုဝင်ဘာ၂၀ ရက်နံနက်၁၁နာရီခွဲတွင်သွားရောက်စိစစ်ရာဒါးကြီးစား ကျေးရွာနှင့် မျောတောင် ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်လာသူ ၁,၂၁၃ ဦး အား ယာယီတဲများဖြင့် နေထိုင် လျက်ရှိကြောင်းတေ့ွရှိရသည်။ အဆိုပါ ကျေးရွာသူကျေးရွာသားများကို ရခိုင်ပြည်နယ်အစိုးရက ဆန်အိတ် (၁၀၀) ၊ ငါးခြောက် ပိဿာ (၁၀၀) နှင့် ခေါက်ဆွဲခြောက် ဖာ (၁၀၀) စသည့် လူသားချင်းစာနာထော က်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မူလနေရပ်သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရှိရ သည်။
--------------------------
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */