Showing posts with label ရန်ကုန်တိုင်း. Show all posts
Showing posts with label ရန်ကုန်တိုင်း. Show all posts

Thursday, January 12, 2023

ရန်ကုန်တွင်ဖမ်းမိသည့် ရိုဟင်ဂျာ ၇၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချ

DVB
12 January, 2023

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်းမြို့နယ်နဲ့ ရွှေပြည်သာတို့မှာ ဇန်နဝါရီ ၂ ရက်ကနေ ၆ ရက်အ တွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ ၁၄၈ ဦးထဲက ၇၇ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီ က ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သန်လျင်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရိုဟင်ဂျာ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၂ ဦးတို့ ကို လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တာ ဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

Tuesday, January 10, 2023

ရန်ကုန်တိုင်းတွင် နှစ်သစ်ကူး ရက်သတ္တပတ်အတွင်း ရိုဟင်ဂျာ ၁၃၆ ဦး ဖမ်းခံရ

BNI
Tuesday, January 10, 2023

ရန်ကုန်တိုင်းဒေသကြီးတွင် ဇန္နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တပတ်တာ ကာလအတွင်း ရိုဟင်ဂျာဦးရေ ၁၃၆ ဦးအထိ ဖမ်းဆီးခံရသည်ဟု ရိုဟင်ဂျာများအရေး လုပ်ဆောင်နေသူများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် အမျိုးသား ၇၀ ဦးနှင့် အမျိုးသမီး ၆၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် အမျိုးသားတစ်ဦး ပါဝင်သည်ဟု ပြောသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နှင်းပန်း ၁ လမ်း၊ အိမ်အမှတ် ၄၅ တွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောသည်။

Tuesday, November 29, 2022

လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2022.11.29

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ နိုဝင်ဘာလ ၂၈ ရက် မနေ့မနက်ပိုင်းက ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်နှစ်ပင် ဇုန် (၁) နားမှာ မနေ့မနက်ပိုင်းက ကုန်ကားတစ်စီးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ် ဆေး ချိန် ရိုဟင်ဂျာအမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၁၄ ဦးကိုတွေ့ပြီး ဖမ်းဆီးခဲ့တာလို့ လှည်းကူးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

“ဟုတ်တယ်၊ ဟုတ်တယ် အတည်ဖြစ်တယ်။ ဖြစ်စဉ် မှန်တယ်။ ဖြေပေးလို့တော့ ရမှာမဟုတ်ဘူးလေ”

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */