The Arakan Express News
အောက်တိုဘာ ၂၄၊ AEN
မြန်မာ - ထိုင်းနယ်စပ်တွင် မြန်မာဘက်အခြမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၁၃ ဦးနဲ့ ထိုင်းလူမျိုး ယာဉ်မောင်း ၂ ဦးတို့ကို ဖမ်းဆီးထားတယ်လို့ ထိုင်းပြည်တွင်းသတင်းဌာနတွေက အောက် တိုဘာ ၂၃ရက်နေ့ မနေ့က ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၂ရက်နေ့ ည ၁၀:၃၀ အချိန် တာခ်ခရိုင်
ဘန်ပေါ့ပရာဆိုင်းငမ်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေက
မော်တော်ယာဉ် ၂စီးကို ရပ်တန့်ရှာဖွေရာကနေ ရိုဟင်ဂျာ ၁၃ ဦးကို
တွေ့ရှိခဲ့တာလို့ သိရပါတယ်။
အမျိုးသား ၇ ဦး
အမျိုးသမီး ၆ ဦးပါတဲ့ ၁၃ ဦးအဖွဲ့ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဖြစ်ပြီး
မြန်မာ - ထိုင်းနယ်စပ်ကနေ ဝင်ရောက်လာပြီး ထိုင်းလူမှောင်ခိုအဖွဲ့တွေရဲ့
ပို့ဆောင်မှုနဲ့ မလေးရှားကို သွားရောက်ကြမယ့်သူတွေလို့ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက
ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ
တကျော့ပြန် များပြားလာပြီး ရခိုင်ပြည်နယ်ကနေ ကုန်းလမ်း၊ ရေလမ်းတို့နဲ့
မြန်မာပြည်တွင်းကို ဖြတ်ကာ မြန်မာ ထိုင်းနယ်စပ် ထိုင်းနိုင်ငံနဲ့
မလေးရှားနိုင်ငံတို့ကို သွားရောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Link : Here
No comments:
Post a Comment