" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နောက်ဆုံးလျှောက်လဲ. Show all posts
Showing posts with label နောက်ဆုံးလျှောက်လဲ. Show all posts

Friday, December 13, 2019

ပြည်တွင်းတရားစီရင်ရေးစနစ်ကို မိမိတို့ဘာသာ ပြုပြင် ပြောင်းလဲခွင့်ပေးရန် ICJ ကို ဒေါ်စု လျှောက်ထား

Myanmar Now
Published on Dec 13, 2019

ပြင်ပမှဝင်ရောက် တရားစီရင်ပါက လက်နက်ကိုင်တပ်များက မိမိဘာသာပြန်လည်တည့်မတ်ကာ ကောင်း မွန်အောင် ကူညီပေးနေသည့် ခြေလက်တစ်ဘက်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ခြင်းမျိုး ရလဒ် ထွက်လာလိမ့် မည် ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောသည်။


မြန်မာနိုင်ငံ၏ အခြေခံဥပဒေအရ ကျင့်သုံးနေသည့် ပြည်တွင်း စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးစနစ်ကို မျက် ကွယ်ပြုကာ နိုင်ငံတကာတရားရေးစနစ်ဖြင့် စီရင်ရန်ကြိုးပမ်းခြင်းသည် မိမိဘာသာ ပြုပြင်ပြောင်းလဲရန်၊ တိုး တက်ရန်၊ ပိုမိုစွမ်းဆောင်နိုင်ရန် ကြိုးစားနေသည့် အရေးကြီးသည့် ခြေလက်အစိတ်အပိုင်းတစ်ခုကို ဖယ်ရှား ပစ်သကဲ့သို့ ဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Thursday, December 12, 2019

ICJ နောက်ဆုံးနေ့ ဂမ်ဘီယာ လျှောက်လဲချက်

VOA
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့အမှုအတွက် နှစ်ဘက် တကြော့ပြန် လျှောက်ထားချက်တွေကို ဒီကနေ့ တင်ပြကြပါတယ်။ Gambia နိုင်ငံဘက်က တင်ပြလျှောက်ထားသွားကြတဲ့ ဥပဒေပညာရှင်တွေက မနေ့က မြန်မာနိုင်ငံဘက်က လျှောက်လဲချက်တွေကို ပြန်လည်ချေပခဲ့ကြသလို၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်တဲ့ အခြေအနေပိုဆိုးမလာအောင် ကာကွယ်တားဆီးမှုတွေ တရားရုံးက ဆုံးဖြတ်ချမှတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေကို အဓိကထား လျှောက်ထားသွားကြတာ ဖြစ်ပါတယ်။ ဒီလျှောက်ထားချက်တွေကို တရားရုံးထဲမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ မဆုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ICJ ပထမအကျော့ ကြားနာမှု မြန်မာအဆုံးသတ် လျှောက်လဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
13 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး


ICJ နိုင်ငံတကာတရားရုံးရဲ့ အခု နောက်ဆုံးနေ့ အပြန်အလှန်ကြားနာပွဲ မြန်မာရဲ့ နောက်ဆုံးပိတ် လျှောက်လဲချက်ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ၆ မိနစ်ကျော်ကြာ ပြောဆိုပြီး တဘက်က စွပ်စွဲချက်တွေအပေါ်မှာ ထူးထူးခြားခြား ထပ်ငြင်းဆိုခဲ့တာမရှိပါဘူး။ စုံစမ်းမှုတွေနဲ့ တရားစီရင်ရေးကိစ္စမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုထားလို့ မရနိုင်ဘူးဆိုတာကိုပဲ ငြင်းဆိုသွားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */