" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်. Show all posts
Showing posts with label ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်. Show all posts

Wednesday, July 15, 2020

ရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုဖို့ မြန်မာဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2020-07-14

လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့အတွက် ရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုဖို့လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၃ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတိုးတက်မှုနဲ့ ပတ် သက်ပြီး မစ္စတာ သောမတ် အင်ဒရူးက နှုတ်နဲ့ အစီရင်ခံစာတင်သွင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက်၊ မနေ့က ပြု လုပ် တဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စကားဝိုင်းမှာ အခုလို ပြောဆိုခဲ့ တာဖြစ်ပါ တယ်။

မြန်မာကို ကမ္ဘာကပိုနားလည်လာအောင် တံခါးဖွင့်ထားဖို့လို (မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သစ်)

VOA
ဗွီအိုအေ (မြန်မာဌာန)
15 ဇူလိုင်၊ 2020
အင်ကြင်းနိုင်
ဇူလိုင်လ ၁၃ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ် Thomas Andrews ဗွီဒီယိုက တဆင့် အစီရင်ခံပြောကြား
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ သူတို့လက်ရှိ ရပ်တည်နေရတဲ့ အနေအထားကို ကမ္ဘာက ပိုမိုနားလည်လာစေဖို့ဆိုရင် တံခါးတွေဖွင့်ထားဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ် Thomas Andrews က ပြောကြားလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */