Showing posts with label ညီနောင်မဟာမိတ်သုံးဖွဲ့. Show all posts
Showing posts with label ညီနောင်မဟာမိတ်သုံးဖွဲ့. Show all posts

Monday, March 4, 2024

စစ်ကောင်စီနဲ့ ဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိကြောင်း AA အဖွဲ့တုံ့ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ မတ်၊ ၂၀၂၄

စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရက္ခိုင့်တပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်၃ဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ်အကူအညီနဲ့ ဆွေးနွေးမှုတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိဘူးလို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ AA ဒုတိယစစ်ဦးစီးချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ဆွေးနွေးပွဲမှာ ရှမ်းပြည်မြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း ကိစ္စတွေကို အဓိက ဆွေးနွေးတာလို့လည်း ပြောပါတယ်။ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား ဆွေးနွေးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြပေးပါမယ်။                                                                         

Tuesday, December 12, 2023

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘော တူညီချက် ဘာမှမရ

ဧရာဝတီ
12 December 2023

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ်သုံး ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူ ညီချက်မှ မရရှိခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */