Showing posts with label မဝေဝေနု. Show all posts
Showing posts with label မဝေဝေနု. Show all posts

Wednesday, March 27, 2024

ရခိုင်မှာလူမျိုးရေးပဋိပက္ခထပ်မကြုံစေဖို့ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ သတိပေး

VOA
အင်ကြင်းနိုင်

၂၇ မတ်၊ ၂၀၂၄ 

George Washinton တက္ကသိုလ်က မြန်မာ့ရေးဆွေးနွေးပွဲမှ မဝေဝေနု (မတ်လ ၂၆၊ ၂၀၂၄/ဗွီအိုအေ မြန်မာဌာန)
 
ရခိုင်နဲ့ရိုဟင်ဂျာတွေကြား ပဋိပက္ခတွေထပ်မကြုံလာစေဖို့ နှစ်ဘက်ခေါင်းဆောင်တွေ သဘောထားမှန်မှန်ကန်ကန်ထားဖို့လိုမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက George Washington တက္ကသိုလ်မှာလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ သတိပေးပြောဆိုပါတယ်။ စစ်အာဏာပိုင်တွေဘက်က ရိုဟင်ဂျာတွေကိုဖိအားပေးအကြပ် ကိုင်ပြီး AA ကို ဆန့်ကျင်ခိုင်းတယ်ဆိုတဲ့ သတင်းတွေပေါ်လာတဲ့နောက် ရခိုင်နဲ့ ရိုဟင်ဂျာကြား ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ စိုးရိမ်နေကြချိန်ဖြစ်ပါတယ်။ George Washinton တက္ကသိုလ်က မြန်မာ့ရေးဆွေးနွေးပွဲကို ကိုယ်တိုင်တတ်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင် သတင်းပေးပို့ထားပါတယ်။

Saturday, July 30, 2022

မဝေဝေနုနဲ့ အင်တာဗျူး အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံ ပေါ်မှာ ရှိနေတဲ့ နိုင်ငံခြားရေးမူဝါဒ

Burme Human Rights Network
ဇူလိုင် ၂၉၊ ၂၀၂၂။ 

မဝေဝေနုနဲ့ အင်တာဗျူး
  • အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံပေါ်မှာရှိနေတဲ့ နိုင်ငံခြားရေးမူဝါဒ
  • ICC ICJ Argentina မှာရှိနေတဲ့ အမှူကိစ္စတွေကို ဘယ်သူတွေက စတင်အကောင်ထည်ဖော်ခဲ့ပြီး ရိုဟင်ဂျာ တွေရဲ့အခန်းကဏ္ဏ
  • ICC နဲ့ ICJ လုပ်ထုံးလုပ်နည်းများနဲ့ အမှူတည်ဆောက်ပုံ
  • လူ့အခွင့်အရေးစံတန်ဖိုးနဲ့ တန်းတူအခွင့်အရေး
  • R2P နဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ လူတချို့ရေးနေသလို မဟုတ်မမှန် ကောလဟလအကြော

 
  Link : Here

Friday, February 18, 2022

ဖိနှိပ်ခံရသူအားလုံး တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်း ဆို

RFA
လွတ်လပ်တဲ့အာရှအသံ
နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.02.17 

ဖိနှိပ်ခံရသူအားလုံး တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်းဆို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က နယ်သာလန်နိုင်ငံ သဟိတ်မြို့ ICJ တရားရုံးအတွင်း မြန်မာအရေး ကြားနာနေစဉ် ရုံးရှေ့တွင် ဆန္ဒပြနေကြသူတချို့အား တွေ့ရစဉ်။
Photo: Reuters  

ရိုဟင်ဂျာတွေ နှိပ်စက်သတ်ဖြတ်ခံရမှုအတွက် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်က စလို့ မြန်မာအာဏာပိုင်တွေကို တရားစွဲထားတဲ့ ကိစ္စ ဒုတိယအကြိမ် ကြားနာပွဲကို လာမယ့် တနင်္လာနေ့ ဖေ ဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Thursday, November 18, 2021

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ မဝေဝေနု DvF နိုင်ငံတကာ ဆု ချီးမြှင့်ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2021

ဝေဝေနု

လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဦး ဆောင်လှုပ်ရှားနေကြတဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ Diane von Furstenburg (DvF) ဆု ဒီနှစ် ချီးမြှင့်ခံရသူတွေထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ် အမျိုးသ မီး မဝေဝေနုလည်း ပါဝင်ပါတယ်။

Wednesday, September 29, 2021

အမျိုးသမီးနဲ့ရိုဟင်ဂျာအရေးလှုပ်ရှားသူ မဝေဝေနု အေသင်မြို့တော်ဒီမိုကရေစီဆုရရှိ

B B C 

ဘီဘီစီ မြန်မာပိုင်း
29-09-2021

အမျိုးသမီးများအရေးနဲ့ ရိုဟင်ဂျာတွေအရေးအပြင် ဒီမိုကရေစီနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ထုတ်ဖော် ပြောဆိုတဲ့ လူငယ် တက်ကြွလှုပ်ရှားသူ မဝေဝေနုဟာ အေသင်ဒီမိုကရေစီဆု ချီးမြှင့်ခံလိုက်ရပါတယ်။

Wednesday, June 16, 2021

စစ်အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာအရေး မပေါ့လျော့စေဖို့ ကုလဆိုင်ရာ သံအမတ်တချို့ ဆွေးနွေးချက် (တက်ရောက် ခဲ့သူ မဝေဝေနု နှင့် မေးမြန်းခန်း)

VOA
မသိင်္ဂီထိုက်
16 ဇွန်၊ 2021
မြန်မာ့ လက်ရှိ အခြေအနေနဲ့ ရိုဟင်ဂျာ လူနည်းစု အပေါ် ရိုက်ခတ်မှု ဆွေးနွေးပွဲ

မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကြောင့် ရိုဟင်ဂျာ အရေးကိစ္စ အပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု လျော့ကျ မသွားစေရေး သံအမတ်ကြီးတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံရုံး၊ ကနေဒါ၊ ဆော်ဒီအာရေးဗျ၊ တူရကီ သံရုံးတွေနဲ့ Global Center for Responsibility to Protect တို့က စီစဉ်ပြီး မြန်မာ့ လက်ရှိ အခြေအနေနဲ့ ရိုဟင်ဂျာ လူနည်းစု အပေါ် ရိုက်ခတ်မှု ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မဝေေ၀နုကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

Sunday, March 21, 2021

မြန်မာ့အရေးအတွက် CSO အဖွဲ့တွေ လုံခြုံရေးကောင်စီကို တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
စုမြတ်မွန်
21 မတ်၊ 2021 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသေးတဲ့ အတွက် အခြေအနေတွေဟာ စိုးရိမ် ထိတ်လန့်စရာ အခြေအနေတွေ ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံထဲက လူ ထုအခြေပြုအဖွဲ့ ၅၀၀ နီးပါးက ပြောကြားလိုက်ပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်အတွက် နိုင်ငံတကာ ရာဇ ဝတ်တရားရုံး ICC ကိုတင်ပြဖို့တောင်းဆိုချက်အပါအဝင်၊ တောင်းဆိုချက်တွေကိုလည်း ကြေငြာချက်ထဲ မှာ လုံခြုံ ရေးကောင်စီကို တောင်းဆိုထားပါတယ်။ ဖြစ်လာဖို့ မလွယ်တာမှန်ပေမယ့် ဖြစ်လာနိုင်တဲ့ အခြေအေ နတွေ ရှိတယ်လို့ တောင်းဆိုသူတွေထဲမှာပါတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနု က ပြောပါတယ်။ မစုမြတ်မွန် က မဝေဝေနုကို ဆက်သွယ်မေးထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */