.png)
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်
ဂျီနီဗာ၊ မေ ၂၇၊ ၂၀၂၄။ ။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ကျွန်ုပ်တို့စုံစမ်းစစ်ဆေးနေသော ကြီးလေးသည့် ရာဇ၀တ်မှုမြောက်များစွာနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုမျှဝေပေးရန် မြန်မာစစ်တပ်ထံ အကြိမ်ကြိမ်တောင်းခံခဲ့သည်။ ယင်းတို့အနက် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့်လက် နက်ကိုင်တပ်ဖွဲ့များက ကျူးလွန်ခဲ့သည်ဟု ယူဆရသော ရာဇဝတ်မှုများပါဝင်သည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ယနေ့အထိ ဤတောင်းခံမှုများကို တစုံတရာတုံ့ပြန်ခြင်းမရှိပါ။ ယနေ့တွင် ယန္တရားသည် တောင်းခံမှုအသစ်တစ်ခုပေးပို့ခဲ့ပြီး ဤကြေညာချက်ကိုထုတ်ပြန်ခြင်းဖြင့် မြန်မာစစ်တပ်ထံမှတုံ့ပြန်မှုရရှိရန် မျှော်လင့်သည်။