RFA
RFA Burmese
2023.07.21
စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်အပြီး ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။RFA
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာ နာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ရခိုင်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ ပုံမှန်စီမံကိန်းတွေ ပြန်လည်စတင်နေပေမယ့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီခွင့်ကို နှစ်လကျော်လာတဲ့အထိ ပိတ်ပင်ခံထားရတာပါ။