VOAဗွီအိုအေ (မြန်မာဌာန)
၁၃ မတ်၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်နေစဉ် (မတ် ၅၊ ၂၀၂၃)
ရိုဟင်ဂျာထောင်ဂဏန်း အိမ်ယာမဲ့ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာစခန်းတွင်းမီးလောင်မှုဟာ တမင်စီစဉ်ဆောင်ရွက်တဲ့အဖျက်လုပ်ရပ်ဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။ အခုနှစ် မတ်လ ၅ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်လို့ လူနေအိမ်ခြေ ၂,၈၀၀ လောက်နဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၉၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။