Showing posts with label ထောင်ဒဏ်. Show all posts
Showing posts with label ထောင်ဒဏ်. Show all posts

Wednesday, February 26, 2025

ရိုဟင်ဂျာတစ်ရာကျော်ကို ထောင်ဒဏ် ၂ နှစ်ချပြီး ကော့သောင်းထောင်ပို့

DAWEI WATCH
February 26, 2025

ဘုတ်ပြင်းမြို့နယ်အတွင်း ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ရိုဟင်ဂျာတစ်ရာကို ကော့သောင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ဘုတ်ပြင်းမြို့ခံအချို့က ပြော သည်။

Wednesday, November 29, 2023

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ

RFA
RFA Burmese
2023.11.29 

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်။ Ye Htut (Facebook) 

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကို အင်းစိန် အကျဉ်းထောင် အထူးတရားရုံးကနေ နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့မှာ ထောင်ဆယ်နှစ် ချလိုက်တယ် လို့ အင်းစိန် အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

Saturday, November 19, 2022

စက်လှေမြုပ်လို့ ဘိုကလေးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၆၉ ဦးအနက် ၃၅ ဦးကို စစ်ကောင်စီ တရားရုံးက ထောင် ဒဏ် ၅ နှစ်စီချမှတ်

AYEYARWADDY TIMES
ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ နိုဝင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြိုနယ်အတွင်းမှာဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ၆၉ ဦးအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဘင်္ဂါလီ ၃၅ ဦးကိုနို၀င်ဘာ ၁၅ ရက်နေ့မှာ ဘိုကလေးမြိုနယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီကျခံစေဖို အမိန့်ချမှတ်လိုက်တယ်လို တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
                                                                     

Saturday, September 24, 2022

မင်းလှမြို့နယ်တွင် ရိုဟင်ဂျာ(၄)ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ

The Arakan Express News
စက်တင်ဘာ ၂၄ ၊ AEN
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့က ခရီးသွား ရိုဟင်ဂျာ အမျိုးသား (၄)ဦး ဖမ်းဆီးခံရပြီး၊ လဝက ဥပဒေအရ ပြစ်မှုထင်ရှားသည် ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခံရကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေထိုင်ကြသည့် ဘော်ရှော်၊ ကဟူရာမက်၊ ပါညာနှင့် နာစင်းတို့ (၄)ဦးသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ ရခိုင်ပြည်နယ်မှ ပွဲစားများ၏ အစီအစဉ်ဖြင့် အဆင့်ဆင့် ရေလမ်း၊ ကုန်လမ်းနှင့် ထွက်ခွာလာရာ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးတိုက်နယ်၊ ပရဆိုင်ကျေးရွာ၏ အနောက်ဘက်တောစပ်တွင် တည်းခိုနေစဉ် လူကုန်ကူးပွဲစားအဖွဲ့က ၎င်းတို့အား စွန့်ပစ်သွားခဲ့ကြောင်း၊ တောအတွင်း နေထိုင်နေစဉ် မင်းလှရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲအရင်းအမြစ်များထံက သိရှိရသည်။
 

Tuesday, December 28, 2021

တောင်ကုတ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၃၃ ဦးကို လဝကဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်စီချမှတ်

DMG
ဒီဇင်ဘာ ၂၈



ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ကဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၃၃ ဦးကို လဝက အက်ဥပဒေအရတရားစွဲဆိုပြီး ယနေ့(ဒီဇင်ဘာ ၂၈ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင် ဒဏ်တစ်နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

Thursday, December 16, 2021

ရခိုင်မှာ ရိုဟင်ဂျာ ၁၀၀ ကျော် ထောင်ဒဏ် ငါးနှစ်စီ ချမှတ် ခံရ

လွတ်လပ်တဲ့အာရှအသံ 
2021-12-16
စစ်တွေမြို့အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ နိုဝင်ဘာ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်ဓါတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာစဉ် ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၉၀ ကျော်ထဲက ၁၀၉ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ် တရားရုံးကနေ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ဒီနေ့ပြောပါတယ်။

Wednesday, July 22, 2020

ကပ်ဘေးကာလ နယ်စပ်တရားမဝင် ဖြတ်လာသူ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦး ထောင်ချခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-07-22
 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တရားရုံးကို မြင်တွေ့ရစဉ် Photo: RFA

ကပ်ဘေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦးကို ပြီး ခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ် တရားရုံးက ထောင် ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ သိရကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

Friday, July 10, 2020

တရားမဝင်ရောက်လာတဲ့ မွတ်စလင်တွေကို ထောင်ဒဏ်ချ မှတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများဖြူဖြူခိုင်
2020-07-10
 ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၁ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်တယ်လို့ မောင်တောမြို့နယ် ဥပဒေအထာက်အကူပြု ဥက္ကဋ္ဌ ဦးခင်ဝင်းက ပြောပါတယ်။

Friday, March 6, 2020

ရိုဟင်ဂျာ ၁၆ ယောက် မင်းလှမှာ ထောင်ဒဏ် နှစ်နှစ်စီချ မှတ်ခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020.03.06
မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ရိုဟင်ဂျာတွေကို ၂၀၂၀ မတ်လ ၆ ရက်နေ့ တရားရုံးက စီရင်ချက်ချအပြီးတွေ့ရစဉ်
Photo: Zaw Two/RFA

မကွေးတိုင်း မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၆ ယောက်ကို ခရီးသွားအထောက်အထား မပြနိုင်လို့ ဆိုပြီး ဒီနေ့ မတ် ၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

Saturday, December 7, 2019

ဧရာဝတီတိုင်းမှာ တွေ့ခဲ့တဲ့ မွတ်ဆလင် ၁၄ ဦးကို ထောင် ၂ နှစ်စီချ

B B C
ဘီဘီစီ မြန်မာပိုင်း
07 ဒီဇင်္ဘာ 2019 
ရခိုင်ကနေ ရေလမ်းကတဆင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့ကတဆင့် မလေးရှားကို သွားဖို့ ရည်ရွယ်ကြတာလို့ဆို

ဧရာဝတီတိုင်း ရွှေသောင်ယံမြို့ဘောမိကျေးရွာ အုပ်စုမှာ နိုဝင်ဘာလတုန်းက တွေ့ခဲ့တဲ့ မွတ်ဆလင်၂၂ ဦးထဲက ၁၄ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ပုသိမ်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၆ရက်မှာ အလုပ်နဲ့ a ထာင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

Thursday, April 11, 2019

မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ချင်းလက်ဝရွာသား ၃ ဦးကို ထောင်ဒဏ်(၃)နှစ်စီချ မှတ်

နိရဉ္စရာ
နောင်ခိုင်အောင်
နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၁၉

ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာမှ မတရားအသင်းဆက်သွယ်မုှုပုဒ်မ ၁၇(၁)(၂)ဖြင့် ဖမ်း ဆီးစစ်ဆေးခံနေရသည့် ဒေသခံ သုံးဦးအား ယနေ့ ဧပြီးလ ၁၀ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ထောင် ၃ နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

Tuesday, March 19, 2019

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် တို့အား တရားရုံးက ထောင်ဒဏ် ၂၂ နှစ်စီချမှတ်

Frontier 
MYANMAR
ရဲမွန်၊ Tuesday, 
March 19, 2019

 ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ရုံးချိန်းတစ်ခုတွင် ဒေါက်တာအေးမောင်အား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ 
 
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ရခိုင် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင်တရားရုံးက သီးခြားအမှု ၂ ခုစီအတွက် ထောင်ဒဏ် နှစ် ၂၂ စီကို ယနေ့ (မတ် ၁၉ ရက်) ချမှတ်လိုက်သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ထောင်ဒဏ် ၂၂ နှစ်စီချမှတ်

DVB
By ဒီဗွီဘီ
19 March 2019
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေ ဟင်အောင်တို့တို ဒီကနေ့ မတ်လ ၁၉ ရက်မနက်မှာ စစ်တွေခရိုင်တရားက ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ် လိုက်ပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂နဲ့ ထောင်ဒဏ် ၂၀နှစ်စီနဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် စီတပေါင်းတည်းကျခံဖို့ အမိန့်ချမှတ်လိုက်တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */