" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label MCN TV. Show all posts
Showing posts with label MCN TV. Show all posts

Thursday, July 16, 2020

အားလုံးပါဝင်ခွင့် မရှိတဲ့ ရွေးကောက်ပွဲဆို နိုင်ငံတကာရဲ့ မေးခွန်းထုတ်မှု ပိုဆိုးလာမယ်


MCN TV NEWS CHANNEL
2020-07-16


❖ အာဏာရ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုဝင်ဘာ (၈) ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရှိအောင် ဦးဆောင်ကျင်းပပေးဖို့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) က တောင်းဆိုလိုက်ပါတယ်။

Saturday, January 25, 2020

ICJ ရဲ့ ဆုံးဖြတ်ချက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးရာ မရောက်ဟုဆို ( ဦးရဲထွဋ် )

MCN TV NEWS CHANNEL
2020.01.24


❖ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးရာ မရောက်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

❖ ဒီလိုပြောဆိုနေမှုတွေဟာ စိုးရိမ်မှုအပြင် နိုင်ငံရေးအရ လက်ရှိအာဏာရနေတဲ့အစိုးရကို တိုက်ခိုက် ချင် တဲ့သဘောနဲ့ ပြောတာဆိုနေတာမျိုးလည်း ဖြစ်နိုင်တယ်လို့လည်း သူကဆိုတာပါ။

❖ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်မှု ဖြစ်ရင်တော့ အစိုးရနဲ့ တပ်မတော် နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ အကြပ်အတည်း ရှိလာနိုင်တယ်လို့လည်း သတိပေး ပြောကြားထားပါတယ်။

❖ အပြည့်အစုံကို MCN သတင်းဌာနရဲ့ “အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နှင့် မြန်မာနိုင်ငံ” အထူးအစီအ စဉ်မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။

လင့်၊https://www.youtube.com/watch?v=etkZtijB8xw

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက်ကို အစိုးရနဲ့ တပ်မတော် လေးစားလိုက် နာမှု မရှိရင် ပြည်သူတွေ ထိခိုက် နိုင်ဟုဆို

MCN TV CHANNEL
24 January, 2020


❖ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရနဲ့ တပ်မတော် လေးစားလိုက်နာမှု မရှိရင် နိုင်ငံတကာရဲ့ ဖိအားတွေ ပိုရှိလာနိုင်ပြီး အဲ့ဒီဖိအားတွေကြောင့် ပြည်သူတွေပေါ် ထိခိုက်မှု ရှိလာနိုင် တယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က ဦး ဆောင် သူ တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်က ပြောကြားလိုက်ပါတယ်။

❖ ပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ် သက်ပြီးဆက်သွယ်မေးမြန်းရာမှာ သူက အဲ့ဒီလို ပြောကြားလိုက်တာပါ။

Thursday, January 16, 2020

ICJ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လှစ်လျှူရှုခဲ့ရင် ကုလ လုံခြုံ ရေးကောက်စီကို ရောက်မယ်


MCN TV NEWS
16 January, 2020

❖ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လှစ်လျှူရှု ခဲ့ ရင် ကုလသမဂ္ဂ လုံခြုံရေးကောက်စီကို ရောက်ဖို့သေချာသွားမယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်က ပြေကြားလိုက်ပါတယ်။

❖ လုံခြုံရေးကောင်စီကို ရောက်ရင် ဘီတိုအာဏာရှိတဲ့ အကျိုးစီးပွားကို အခြေခံတဲ့ တရုတ်နဲ့ရုရှအနေနဲ့ OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်မလားဆိုတာ စောင့်ကြည့် ရ မယ် လို့လည်း သူက ပြောပါတယ်။

Tuesday, December 17, 2019

ICJ က ဘယ်လို ဆုံးဖြတ်မယ်လို့ "ရိုဟင်ဂျာ" တွေမျှော် လင့် ထားလဲ ( ကိုနေဆန်းလွင်)

MCN TV NEWS CHANNEL
Dec 17, 2019
● အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ်လို့ "ရိုဟင်ဂျာ" တွေ မျှော်လင့်ထားလဲဆိုတာ ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့် ပေါင်းအဖွဲ့က ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

● MCN သတင်းဌာနရဲ့ The Streamiz Show အစီအစဉ်ကနေ ကိုနေဆန်းလွင်ကို တိုက်ရိုက်ဆက် သွယ် မေးမြန်း တင်ဆက်ပေးထားပါတယ်။

 လင့်၊https://www.youtube.com/watch?v=usiLeAUHxDg

Thursday, December 12, 2019

ICJ တရားခွင် ကနေ ရိုဟင်ဂျာတွေ ဘာမျှော်လင့်ထားကြလဲ

MCN TV CHANNEL
2019-12-12

● အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ တရားခွင် နှစ်ဖက်အပြန်အလှန် ကြားနာမှု တွေမှာ ဘာလိုထူးခြားမှုတွေ ရှိနေနိုင်မလဲဆိုတာ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာ လွတ်မြောက်ရေးအဖွဲ့ ဦး ဆောင် သူတဦးဖြစ်တဲ့ ကိုနေဆန်းလွင်ကို ဆက်သွယ် မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။



လင့်၊https://www.mcntv.biz/streamizshow/12/12/2019/141259/?fbclid=IwAR1lEYRpwBQnZRl4MI_1_UI5_khTeSVPecKt0s0oLUdwfgvK9dh4y4oafvk

Wednesday, November 13, 2019

လူမျိုးတုံးသတ်ဖြတ်မှု မြန်မာနိုင်ငံမှာ တကယ်ဖြစ်ခဲ့ရင် တောင် ICJ အရေးယူလို့ မရဟုဆို

MCN TV NEWS
Nov 13, 2019

 
● မြန်မာနိုင်ငံမှာ “လူမျိုးတုံး သတ်ဖြတ်မှု” (Genocide) အမှန်တကယ် ဖြစ်ခဲ့ရင်တောင် ICJ လို နိုင်ငံတကာ တရားရုံးတွေက အရေးယူလို့ မရဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က ပြောကြားလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */